ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၄၀ စာ. ၂၂၃-စာ. ၂၂၅ ပိုဒ်. ၃
  • တင်ပြချက်တိကျမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တင်ပြချက်တိကျမှု
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • သုတေသန ပြုလုပ်နည်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • လေ့လာမှုသည် အကျိုးဖြစ်ထွန်းစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝ ရယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၄၀ စာ. ၂၂၃-စာ. ၂၂၅ ပိုဒ်. ၃

သင်ခန်းစာ ၄၀

တင်ပြချက်တိကျမှု

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

အဖြစ်မှန်နှင့်လုံးလုံးကိုက်ညီသည့် အချက်အလက်ကို တင်ပြပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်ပြောဆိုရာတွင် တိကျမှန်ကန်မှုသည် မိမိ၊ မိမိအမှုတော်ဆောင်နေသည့်အဖွဲ့အစည်းနှင့် မိမိကိုးကွယ်သည့်ဘုရားသခင်အပေါ် အမြင်ကောင်းရရှိစေသည်။

ခရစ်ယာန်တစ်ဦးသည် မမှန်ကန်သည့်တင်ပြချက်ကို အဘယ်ကြောင့် ပြောဆိုမိနိုင်သနည်း။ အချက်အလက်များကို အချိန်ယူစစ်ဆေးခြင်းမပြုဘဲ ကြားခဲ့ရာကို ထပ်ပြောခြင်းဖြစ်နိုင်သည်။ သို့မဟုတ် အကြောင်းအရာကို လွဲမှားဖတ်မိခြင်းကို သတိမမူမိဘဲ ချဲ့ကား၍ပြောဆိုမိပေမည်။ သေးငယ်သောကိစ္စရပ်များ၌ပင် တိကျမှန်ကန်မှုကို အသေအချာဂရုစိုက်သောအခါ နားထောင်သူများသည် ကျွန်ုပ်တို့သတင်းတရား၏ ပို၍အရေးကြီးသော အပိုင်းကဏ္ဍများ၏မှန်ကန်မှုကို သူတို့ယုံကြည်ကိုးစားနိုင်ကြောင်း မြင်တွေ့ကြပေမည်။

လယ်ကွင်းဓမ္မအမှုတွင်။ မိမိတို့ များစွာသင်ယူလေ့လာဖို့ လိုနေဆဲဖြစ်ကြောင်း သိရှိထားခြင်းက လူများစွာတို့သည် လယ်ကွင်းဓမ္မအမှု၌ စတင်ဟောပြောရန် စိတ်ထင့်နေတတ်ကြသည်။ သို့တိုင်၊ သူတို့သည် အမှန်တရားအသိပညာအခြေခံရှိရုံမျှဖြင့် ထိထိရောက်ရောက်သက်သေခံနိုင်ကြကြောင်း မြန်မြန်ဆန်ဆန်တွေ့ရကြသည်။ မည်သို့အားဖြင့်နည်း။ သော့ချက်မှာ ပြင်ဆင်မှုဖြစ်သည်။

လယ်ကွင်းလုပ်ငန်းသို့မသွားမီ သင်ဆွေးနွေးလိုသည့်အကြောင်းအရာနှင့် ကျွမ်းဝင်လာစေပါ။ နားထောင်သူများ မေးလာနိုင်သည့်မေးခွန်းများကို ကြိုးစား၍ကြိုတင်မြင်ယောင်ပါ။ ကျေနပ်ဖွယ်ကောင်း၍ ကျမ်းစာပေါ်အခြေပြုထားသော အဖြေများကို သုတေသနပြုပါ။ ယင်းက စိတ်သက်သောင့်သက်သာဖြင့် တိကျမှန်ကန်သောအဖြေများပေးရန် ပြင်ဆင်ပေးမည်။ ကျမ်းစာသင်အံမှုတစ်ခု ကျင်းပမည်လော။ လေ့လာမည့်အကြောင်းအရာကို သေသေချာချာ ပြန်လည်သုံးသပ်ပါ။ ပုံနှိပ်ထားသောမေးခွန်းများ၏ အဖြေများအတွက် ကျမ်းစာဆိုင်ရာအခြေခံကို သင်နားလည်ကြောင်း သေချာစေပါ။

အိမ်ရှင် သို့မဟုတ် လုပ်ဖော်ဆောင်ဖက်တစ်ဦးက သင်အဖြေပေးဖို့မပြင်ဆင်ထားခဲ့သည့် မေးခွန်းတစ်ခုမေးလာလျှင်ကော အသို့နည်း။ အချက်များမသေချာပါက မှန်းဆပြီးမပြောမိရန် တွန်းလှန်ပါ။ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏။” (သု. ၁၅:၂၈) အကယ်၍ ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ် သို့မဟုတ် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” စာအုပ်ကို သင့်ဘာသာစကားဖြင့်ရနိုင်ပါက ထိုတွင် သင်လိုအပ်နေသောအကူအညီကို တွေ့ရှိနိုင်ပေမည်။ ယင်းတို့တစ်ခုမျှမရှိလျှင် သုတေသနအချို့ပြုလုပ်၍ ပြန်လာမည်ဖြစ်ကြောင်း ကမ်းလှမ်းပါ။ အကယ်၍ မေးခွန်းထုတ်သူသည် စိတ်ရိုးမှန်ဖြစ်ပါက အဖြေမှန်အတွက်စောင့်ရခြင်းကို အပန်းကြီးမည်မဟုတ်ပေ။ အမှန်အားဖြင့် သူသည် သင်၏နှိမ့်ချမှုကို အံ့သြသွားပေမည်။

လယ်ကွင်းဓမ္မအမှုတွင် အတွေ့အကြုံရှိကြေညာသူများနှင့်အတူ အမှုဆောင်ခြင်းက ဘုရားသခင့်စကားတော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့်စွမ်းရည် တိုးတက်စေဖို့ အကူအညီဖြစ်နိုင်ပါသည်။ သူတို့အသုံးပြုကြသည့် ကျမ်းချက်များနှင့် ၎င်းတို့အပေါ် မည်သို့ကျိုးကြောင်းဆင်ခြင်ကြသည်ကို လေ့လာအကဲခတ်ပါ။ သူတို့ကမ်းလှမ်းလာသည့် အကြံပေးချက်များ သို့မဟုတ် အမှားပြင်ဆင်ပေးချက်ဟူသမျှကို နှိမ့်ချစွာလက်ခံပါ။ ဇွဲထက်သန်သော တပည့်တော်အာပေါလုသည် အခြားသူများပေးသည့်အကူအညီမှ အကျိုးရရှိခဲ့သည်။ လုကာက အာပေါလုကို “အဟောအပြောကောင်းသူ၊” “ကျမ်းစာတော်ကို အထူးပင်တတ်ကျွမ်းသူ၊” “စိတ်ထက်သန်” ပြီး “သခင်ယေရှုနှင့်သက်ဆိုင်သော တိကျမှန်ကန်သည့် အကြောင်းအချက်များကို . . . ဟောပြောသွန်သင်သူ” တစ်ဦးအဖြစ် ဖော်ပြပေးထားသည်။ သို့တိုင်၊ သူ၏နားလည်မှုတွင် လိုအပ်နေသည့်နေရာရှိနေသည်။ ယင်းကို အာကုလနှင့်ပြစ်ကိလတို့ သတိထားမိကြသောအခါ သူတို့သည် “သူ့ကိုယူ၍ ဘုရားသခင်၏ဘာသာတရားကို သာ၍သေချာစွာသင်ကြားကြ၏။”—တ. ၁၈:၂၄-၂၅၊ သတင်းကောင်း၊ ၂၆-၂၈။

“သစ္စာစကားတော်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း။” အစည်းအဝေးများတွင် ကျွန်ုပ်တို့၏ပါဝင်တင်ဆက်မှုများသည် အသင်းတော်၏အခန်းကဏ္ဍဖြစ်သော ‘သမ္မာတရား၏အမှီတံကဲနှင့်တည်ရာ’ အဖြစ်ကို အလွန်ဂရုပြုသင့်ပေသည်။ (၁ တိ. ၃:၁၅) အမှန်တရားကို စွဲကိုင်ထားရန် ဟောပြောချက်များတွင်အသုံးပြုရန်စီစဉ်သည့် ကျမ်းချက်များ၏သဘောကို ကျွန်ုပ်တို့နားလည်ထားခြင်းမှာ အရေးကြီးသည်။ ၎င်းတို့၏အထက်အောက်စကားနှင့် ရည်ရွယ်ချက်ကို ထည့်တွက်စဉ်းစားပါ။

အသင်းတော်အစည်းအဝေးတစ်ခု၌ သင်ပြောလိုက်သည့်အရာကို ထပ်၍ပြန်ပြောပေမည်။ မှန်ပေသည်၊ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။” (ယာ. ၃:၂) သို့သော် တိကျမှန်ကန်စွာပြောဆိုတတ်သည့် အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် အကျိုးရရှိပေမည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းသွင်းကြသည့် ညီအစ်ကိုများစွာတို့သည် အချိန်တန်သော် အကြီးအကဲများဖြစ်လာကြမည်။ ထိုကဲ့သို့သောတာဝန် အပ်နှင်းထားခံရသောသူတို့ထံမှ “များစွာတောင်း” လိမ့်မည်။ (လု. ၁၂:၄၈) အကြီးအကဲတစ်ဦးသည် အသင်းသူအသင်းသားများအတွက် ပြဿနာအကြီးအကျယ်တက်စေနိုင်သည့် မှားယွင်းသောအကြံဉာဏ်ကို ပေါ့ပေါ့ဆဆပေးပါက ထိုအကြီးအကဲသည် ဘုရားသခင့်မနှစ်မြို့မှုကို ခံရနိုင်သည်။ (မ. ၁၂:၃၆၊ ၃၇) သို့ဖြစ်၍ အကြီးအကဲတစ်ဦးအဖြစ် အရည်အချင်းပြည့်မီသောညီအစ်ကိုတစ်ဦးသည် “မိမိ၏သွန်သင်ခြင်းနည်းပညာနှင့်ပတ်သက်၍ သစ္စာစကားတော်ကို ခိုင်မြဲစွာစွဲကိုင်” ထားသူအဖြစ် လူများသိရှိထားရမည်။—တိ. ၁:၉၊ ကဘ။

သင်၏ကောက်ချက်များသည် ကျမ်းစာဆိုင်ရာအမှန်တရားတစ်ရပ်လုံးတွင် ထင်ရှားပေါ်လွင်သည့် “စင်ကြယ်သောတရားစကားပုံစံ” နှင့်ညီညွတ်ကြောင်း သတိပြုပါ။ (၂ တိ. ၁:၁၃၊ သမ္မာ) ယင်းက သင့်ကိုမကြောက်လှန့်သွားစေသင့်ပါ။ သင်သည် ကျမ်းစာတစ်အုပ်လုံးပြီးအောင် ဖတ်ရှုရပေဦးမည်။ ယင်းကို ဆက်၍လုပ်ဆောင်ပါ။ သို့သော် ထိုအချိန်အတောအတွင်း၊ သွန်သင်မှုတွင် သင်အသုံးပြုဖို့စဉ်းစားထားသည့်အကြောင်းအရာကို ဆန်းစစ်ရန် အောက်ပါအကြံပြုချက်များသည် သင့်အတွက် အကူအညီရနိုင်ကြောင်း သတိပြုမှတ်သားပါ။

ပထမ၊ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဤအကြောင်းအရာသည် ကျမ်းစာမှမိမိသိရှိထားပြီးရာနှင့် ကိုက်ညီမှုရှိသလော။ ယင်းက နားထောင်သူများအား ယေဟောဝါထံဆွဲဆောင်ပါမည်လော သို့မဟုတ် ယင်းသည် လောကဉာဏ်ပညာကို အားပေးအားမြှောက်ပြုကာ ယင်း၏ဦးဆောင်လမ်းညွှန်မှုကို လူတို့ခံယူကြရန် အားပေးတိုက်တွန်းသလော။’ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ကိုယ်တော်၏နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏။” (ယော. ၁၇:၁၇; တရား. ၁၃:၁-၅; ၁ ကော. ၁:၁၉-၂၁) ထို့နောက် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားမှ စီမံပေးထားသော လေ့လာရေးကိရိယာများကို ကောင်းစွာအသုံးပြုပါ။ ယင်းတို့က ကျမ်းချက်များကို မှန်ကန်စွာနားလည်စေရုံသာမက ယင်းတို့ကို မျှမျှတတနှင့်အကျိုးသင့်အကြောင်းသင့်ရှိရှိ လက်တွေ့ကျင့်သုံးရန်လည်း ကူညီပေးမည်။ ဟောပြောချက်ကို “စင်ကြယ်သောတရားစကားအချုပ်အခြာ” အပေါ်အခြေပြု၍ ကျမ်းချက်များကို ရှင်းလင်းပေးပြီး ဆက်စပ်တင်ပြရာတွင် ယေဟောဝါ၏ဆက်သွယ်ရေးလမ်းကြောင်းအပေါ် မှီခိုအားထားပါက သင့်တင်ပြချက်များသည် တိကျမှန်ကန်ပါလိမ့်မည်။

အချက်အလက်၏တိကျမှန်ကန်မှုကို စစ်ဆေးခြင်း။ သင်သည် အချို့သောအချက်များကို ပုံဥပမာပေးပြီး သက်ဆိုင်ပုံကိုတင်ပြသည့်အခါ၌ လတ်တလောဖြစ်ရပ်များ၊ ကိုးကားချက်များနှင့် တွေ့ကြုံမှုများသုံးရာတွင် အထောက်အကူဖြစ်စေနိုင်သည်။ ယင်းတို့သည် တိကျမှန်ကန်ကြောင်း သင်မည်သို့သေချာစေနိုင်သနည်း။ နည်းတစ်နည်းမှာ ထိုကဲ့သို့သောသတင်းပိုဒ်များကို ယုံကြည်စိတ်ချရသော သတင်းရပ်ကွက်များမှ ရယူခြင်းအားဖြင့်ဖြစ်သည်။ ထိုသတင်းအချက်အလက်သည် နောက်ဆုံးသတင်းဖြစ်မဖြစ်စစ်ဆေးရန် သတိရပါ။ စာရင်းအင်းများသည် လက်ရှိနှင့်မကိုက်ညီတော့ပါ; သိပ္ပံဆိုင်ရာရှာဖွေမှုများ တိုးတက်သည်ထက်တိုးတက်လာသည်; လူတို့သည် သမိုင်းနှင့်ရှေးကအသုံးပြုသောဘာသာစကားများကို ပို၍နားလည်လာကြသောကြောင့် ယခင်အသိပညာအပေါ် အခြေပြုထားသည့်ကောက်ချက်များကို ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်ပေသည်။ အကယ်၍ သင်သည် သတင်းအချက်အလက်ကို သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ အီးမေးလ် သို့မဟုတ် အင်တာနက်မှတစ်ဆင့်အသုံးပြုရန် စဉ်းစားတွေးတောနေပါက အထူးသတိပြုပါ။ သုတ္တံ ၁၄:၁၅ ကဤသို့အကြံပြုထားသည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” သင့်ကိုယ်သင်ဤသို့မေးစမ်းကြည့်ပါ– ‘ထိုသတင်းရပ်ကွက်သည် တိကျမှန်ကန်မှုနှင့်ပတ်သက်လျှင် နာမည်ကောင်းရှိပါသလော။ သတင်းအချက်အလက်ကို အခြားနည်းလမ်းတစ်ခုခုဖြင့် အတည်ပြုပြောဆိုနိုင်ပါသလော။’ အကယ်၍ သတင်းတစ်ပိုဒ်၏မှန်ကန်မှုကို သင်သံသယဝင်လျှင် ၎င်းကို အသုံးမပြုပါနှင့်။

သတင်းရပ်ကွက်များ၏ အားထားနိုင်မှုကို စစ်ဆေးခြင်းအပြင် သတင်းအချက်အလက်ကို မည်သို့အသုံးပြုဖို့ စီစဉ်ထားသည်ကိုပါ အသေအချာ သုံးသပ်ပါ။ သင်အသုံးပြုသည့် ကိုးကားချက်များနှင့် စာရင်းဇယားများသည် ထုတ်နုတ်ယူရာသတင်းပိုဒ်၏ အထက်အောက်စကားနှင့်ကိုက်ညီကြောင်း သေချာစေပါ။ မိမိပြောလိုသည့်အချက်ကို အခိုင်အမာဖော်ပြရန် ကြိုးပမ်းရာတွင် “လူတချို့” သည် “လူအများစု” မဖြစ်သွားရန်၊ “လူအများ” သည် “လူတိုင်း” မဖြစ်သွားရန်နှင့် “အချို့ကိစ္စများတွင်” ဟူသည် “ကိစ္စတိုင်းတွင်” မဖြစ်သွားရန် ဂရုစိုက်ပါ။ ကိစ္စရပ်များကို အလွန်အကျွံပြောဆိုခြင်း သို့မဟုတ် ကိန်းဂဏန်း၊ အတိုင်းအတာ သို့မဟုတ် ကြီးလေးမှုတို့ပါဝင်ပတ်သက်သည့်သတင်းများကို ချဲ့ကားပြောဆိုခြင်းတို့သည် ယုံကြည်စိတ်ချနိုင်မှုနှင့်ပတ်သက်၍မေးခွန်းများ ပေါ်ပေါက်လာစေသည်။

သင်ပြောဆိုရာတွင် တစ်သမတ်တည်း တိကျမှန်ကန်ပါက သင်သည် အမှန်တရားကို လေးစားသူတစ်ဦးအဖြစ် သိရှိလာကြပေမည်။ ယင်းက အုပ်စုတစ်စုအနေနှင့် ယေဟောဝါသက်သေများအပေါ် ရောင်ပြန်ဟပ်မှုကောင်းကိုဖြစ်စေသည်။ ပို၍အရေးကြီးသည်မှာ “အမှန်တရား၏ဘုရားသခင် ယေဟောဝါ” ကိုဂုဏ်တင်စေသည်။—ဆာ. ၃၁:၅၊ ကဘ။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • မသေချာသောအခါ အဖြေပေးရန်ဖိအားကို တွန်းလှန်ပါ။

  • သင်၏မှတ်ချက်များကို ကျမ်းစာပါ “စင်ကြယ်သောတရားစကားပုံစံ” အပေါ် အခြေပြုပါ။

  • သင့်အကြောင်းအရာနှင့်ပတ်သက်၍ သုတေသနပြုပါ။

  • စာရင်းဇယား၊ အကိုးအကားများနှင့် အတွေ့အကြုံများ၏တိကျမှန်ကန်မှုကို စစ်ဆေးပြီး ယင်းတို့ကိုမချဲ့ကားဘဲ အသုံးပြုပါ။ သင်ရှင်းရှင်းလင်းလင်းမမှတ်မိသည့် အသေးစိတ်အချက်အလက်များအား မှန်းဆပြောခြင်းကို ရှောင်ကြဉ်ပါ။

လ့ကျင့်ခန်း– အောက်ပါတို့ကို သင့်ကိုယ်ပိုင်စကားဖြင့် ရှင်းပြသည့်အခါ ပြောဆိုရာ၏တိကျမှန်ကန်မှုကို နားထောင်စစ်ဆေးပေးရန် ရင့်ကျက်သောသက်သေခံတစ်ဦးအားပြောပါ– (၁) ယဟောဝါသည် အဘယ်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် ယင်းကို သင်မည်သို့သိသနည်း။ (၂) ယရှုသည် မိမိ၏အသက်ကို ယဇ်ပူဇော်သကာအဖြစ် အဘယ်ကြောင့် တင်လှူပူဇော်ခဲ့ပြီး ယင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။ (၃) ရင်အဖြစ် နန်းတက်သည့်အချိန်မှစ၍ ယေရှုအဘယ်အရာလုပ်ဆောင်နေသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ