ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၂ စာ. ၅
  • ပရဒိသု ဆုံးရှုံးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရဒိသု ဆုံးရှုံးခြင်း
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧဒင်ဥယျာဉ် အသက်တာ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • တို့ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • အာဒံနဲ့ဧဝ ဘုရားစကား နားမထောင်ကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ပထမလူသားမောင်နှံထံမှ ကျွန်ုပ်တို့သင်ယူနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၂ စာ. ၅
ဧဝက တားမြစ်ထားအသီးကို ကိုင်ကြည့်နေ

အပိုင်း ၂

ပရဒိသု ဆုံးရှုံးခြင်း

ပုန်ကန်သောကောင်းကင်တမန်တစ်ပါးသည် ပထမဆုံးလူသားနှစ်ဦးဖြစ်သူ အာဒံနှင့်ဧဝအား ဘုရားသခင့်အုပ်စိုးမှုကို ငြင်းပယ်ရန် သွေးဆောင်သည်။ ရလဒ်မှာ လူသားထုအပေါ် အပြစ်နှင့်သေခြင်းဘေး ကျရောက်လာသည်

လူသားတို့ကိုမဖန်ဆင်းမီ ကြာမြင့်စွာကပင် ဘုရားသခင်သည် လူ့မျက်စိဖြင့်မမြင်နိုင်သော နာမ်ဝိညာဉ်သတ္တဝါများဖြစ်သည့် ကောင်းကင်တမန်များစွာကို ဖန်ဆင်းခဲ့သည်။ စာတန်ဟူ၍ အမည်တွင်လာမည့် ပုန်ကန်သော ကောင်းကင်တမန်တစ်ပါးသည် ဧဒင်ဥယျာဉ်တွင် ဘုရားသခင် တားမြစ်ထားသောအပင်မှအသီးကိုစားရန် ဧဝအား စဉ်းလဲစွာ သွေးဆောင်ဖြားယောင်းသည်။

ဘုရားသခင်သည် ဧဝနှင့်သူ့ခင်ပွန်းကို ကောင်းသောအရာတစ်စုံတစ်ခုမပေးဘဲ ထိန်ချန်ထားသည်ဟု မြွေတစ်ကောင်မှတစ်ဆင့် စာတန်သွယ်ဝိုက်ပြောဆိုခဲ့သည်။ ဧဝနှင့်သူ၏ခင်ပွန်းသည် တားမြစ်ထားသောအသီးကို စားပါက သေမည်မဟုတ်ဟု သူပြောခဲ့သည်။ ယင်းက ဘုရားသခင်သည် လူသားတို့ကို လိမ်ညာနေသည်ဟု စာတန်စွပ်စွဲလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဘုရားသခင်ကိုမနာခံခြင်းသည် ထူးကဲသောအသိပညာနှင့် လွတ်လပ်မှုကိုရစေသော အလွန်နှစ်သက်ဖွယ်ကောင်းသည့် လမ်းစဉ်တစ်ခုဖြစ်သည်ဟု စာတန်ပြောခဲ့သည်။ အမှန်မှာ ယင်းသည် အကြီးအကျယ်လိမ်ညာမှုဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပထမဆုံးလိမ်ညာစကားလည်းဖြစ်၏။ ထိုလိမ်ညာစကား၏ အဓိကဦးတည်ချက်မှာ ဘုရားသခင်၏ပိုင်သအုပ်စိုးခွင့်ကို ထိပါးရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားတို့ကို အုပ်ချုပ်ပိုင်ခွင့်ရှိမရှိ၊ ကိုယ်တော်သည် မိမိ၏အုပ်ချုပ်ပိုင်ခွင့်ကို ဖြောင့်မတ်မှန်ကန်စွာနှင့် လက်အောက်ခံများအတွက်အကျိုးရှိစွာ အသုံးပြုမပြုဟူသောအချက်ကို သံသယဝင်စေရန်ဖြစ်သည်။

အမျိုးအနွယ်သည် “သင်၏ ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။”—ကမ္ဘာဦး ၃:၁၅

ဧဝသည် စာတန်၏လိမ်ညာစကားကို ယုံကြည်သွားသည်။ ထိုအသီးကို စားချင်စိတ်ပေါ်လာပြီး နောက်ဆုံးတွင် တကယ်ယူစားလိုက်သည်။ ထို့နောက် သူ၏ခင်ပွန်းကို ပေးလိုက်ရာ သူလည်း စားလေသည်။ ထို့ကြောင့် သူတို့သည် အပြစ်သားများဖြစ်လာသည်။ အမြင်အားဖြင့် ဘာမျှမဟုတ်ဟုထင်ရသော်လည်း ထိုလုပ်ရပ်သည် ပုန်ကန်မှုဖြစ်၏။ အာဒံနှင့်ဧဝသည် ဘုရားသခင့်ပညတ်ကို မနာခံရန် တမင်တကာရွေးချယ်ခြင်းဖြင့် စုံလင်သောအသက်အပါအဝင် အရာခပ်သိမ်းကိုပေးသနားသော ဖန်ဆင်းရှင်၏အုပ်ချုပ်မှုကို ငြင်းပယ်ခဲ့ကြသည်။

ဘုရားသခင်သည် ထိုပုန်ကန်သူများကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မြွေကကိုယ်စားပြုသောစာတန်ကို ဖျက်ဆီးပစ်မည့် ကတိထားရာအမျိုးအနွယ် သို့မဟုတ် ကယ်နုတ်ရှင် ပေါ်လာမည်ဟု ကိုယ်တော်ကြိုဟောခဲ့သည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝအပေါ် ချမှတ်ခဲ့သည့်သေဒဏ်ကို အချိန်အတန်ကြာ ရွှေ့ဆိုင်းခြင်းဖြင့် မမွေးဖွားသေးသော သူတို့၏သားစဉ်မြေးဆက်များကို ကရုဏာပြခဲ့သည်။ ဘုရားသခင်စေလွှတ်မည့်သူသည် ဧဒင်တွင်ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ်အကျိုးဆက်များကို ပယ်ဖျက်မည်ဖြစ်ရာ ထိုသားစဉ်မြေးဆက်များအတွက် မျှော်လင့်ချက်ရှိလာသည်။ ဘုရားသခင်စေလွှတ်မည့်သူမှာ မည်သူဖြစ်ကြောင်း၊ ထိုကယ်တင်ရှင်နှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ရည်ရွယ်ချက်များ မည်သို့ပြည့်စုံလာမည်ဖြစ်ကြောင်းတို့ကို ကျမ်းစာရေးသားစဉ်ကာလတစ်လျှောက်တွင် တဖြည်းဖြည်းဖော်ပြခဲ့သည်။

ဘုရားသခင်သည် အာဒံနှင့်ဧဝကို ပရဒိသုအပြင်ဘက်သို့ မောင်းထုတ်လိုက်သည်။ သူတို့သည် ဧဒင်ဥယျာဉ်အပြင်ဘက်တွင် ပင်ပန်းကြီးစွာ ထွန်ယက်စိုက်ပျိုးရင်း အသက်မွေးကြရသည်။ ထို့နောက် ဧဝတွင် ကိုယ်ဝန်ရှိလာပြီး အာဒံနှင့်ဧဝ၏သားဦး ကာဣနကို မွေးဖွားခဲ့သည်။ ထိုမောင်နှံသည် အာဗေလ၊ နောဧ၏ဘိုးဘေးဖြစ်သော ရှေသအပါအဝင် အခြားသားသမီးများကိုလည်း မွေးဖွားခဲ့သည်။

—ကမ္ဘာဦးအခန်းကြီး ၃ မှ ၅; ဗျာ. ၁၂:၉ ကိုအခြေခံသည်။

  • ပထမဆုံးသော လိမ်ညာစကားမှာ အဘယ်နည်း၊ ယင်းကို မည်သူပြောခဲ့သနည်း။

  • အာဒံနှင့်ဧဝသည် ပရဒိသုကို မည်သို့လက်လွတ်ဆုံးရှုံးသွားခဲ့သနည်း။

  • ပုန်ကန်သူများကို ပြစ်ဒဏ်ချမှတ်နေစဉ် ဘုရားသခင်သည် မျှော်လင့်ချက်ရှိစေသော အဘယ်အရာကို ပြင်ဆင်ပေးခဲ့သနည်း။

မစုံလင်မှုနှင့်သေခြင်း

ဘုရားသခင်သည် အာဒံနှင့်ဧဝကို ပရဒိသုတွင် ထာဝစဉ် အသက်ရှင်မည့်အလားအလာဖြင့် စုံလင်စွာ ဖန်ဆင်းခဲ့သည်။ သို့သော် သူတို့သည် ဘုရားသခင်ကိုပုန်ကန်ကာ အပြစ်ကျူးလွန်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် စုံလင်မှုကို လက်လွတ် ဆုံးရှုံးခဲ့ရပြီး အသက်၏ရင်းမြစ်ဖြစ်သော ယေဟောဝါနှင့် ဆက်ဆံရေးပြတ်တောက်သွားသည်။ ထိုအချိန်မှစ၍ အာဒံ၊ ဧဝနှင့် သူတို့၏မစုံလင်သောသားစဉ်မြေးဆက်အားလုံးသည် အပြစ်နှင့်သေခြင်းကို မရှောင်လွှဲနိုင်ကြတော့ပေ။—ရောမ ၅:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ