ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၆ စာ. ၉
  • ယောဘ သမာဓိစောင့်ထိန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဘ သမာဓိစောင့်ထိန်း
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၆ စာ. ၉
အနာစိမ်းတွေ ပေါက်နေတဲ့ ယောဘ

အပိုင်း ၆

ယောဘ သမာဓိစောင့်ထိန်း

စာတန်သည် ဘုရားသခင်အပေါ် ယောဘ၏သမာဓိရှိမှုကို စိန်ခေါ်သည်၊ သို့သော် ယောဘသည် ယေဟောဝါကို ဆက်၍သစ္စာရှိသည်

လူသားတို့သည် အဆုံးစွန်အထိ စမ်းသပ်ခံရလျှင်၊ ဘုရားသခင်ကိုနာခံသည့်အတွက် ရုပ်ပစ္စည်းအကျိုးအမြတ်များ မရတော့ပုံပေါက်လျှင် ကိုယ်တော့်အပေါ် ဆက်လက်သစ္စာရှိနိုင်ပါမည်လော။ ထိုမေးခွန်းနှင့်ယင်း၏အဖြေသည် ယောဘအမည်ရှိသော လူတစ်ဦးနှင့်ပတ်သက်နေသည်။

အစ္စရေးလူမျိုးသည် အီဂျစ်ပြည်၌ရှိနေဆဲဖြစ်ပြီး အာဗြဟံ၏ဆွေမျိုးတစ်ဦးဖြစ်သူ ယောဘမှာမူ ယခု အာရေဗျကျွန်းဆွယ်ဟုခေါ်သောဒေသတွင် နေထိုင်လျက်ရှိသည်။ ထိုအချိန်တွင် ကောင်းကင်၌ ကောင်းကင်တမန်များသည် ဘုရားသခင့်ရှေ့တော်သို့ စုဝေးရောက်ရှိလာစဉ် ပုန်ကန်သူစာတန်လည်း သူတို့နှင့်အတူ ရောက်လာ၏။ ယေဟောဝါသည် တည်ကြည်သောကျေးကျွန် ယောဘကို ယုံကြည်စိတ်ချကြောင်း ကောင်းကင်တမန်ပရိသတ်ကြီးရှေ့တွင် ထုတ်ဖော်ပြောလေသည်။ အခြားမည်သည့်လူသားမျှ ယောဘနည်းတူ သမာဓိမရှိဟုပင် ယေဟောဝါပြောခဲ့သည်။ သို့သော် ဘုရားသခင်သည် ယောဘကို ကောင်းချီးပေးကာ ကာကွယ်စောင့်မသောကြောင့်သာ ကိုယ်တော့်ကို ယောဘဝတ်ပြုကိုးကွယ်နေခြင်းဖြစ်သည်ဟု စာတန်အခိုင်အမာစွပ်စွဲခဲ့သည်။ ထို့ပြင် ယောဘ၏ပိုင်ဆိုင်ရာအားလုံးကို ရုပ်သိမ်းလိုက်ပါက သူသည် ဘုရားသခင်ကို ကျိန်ဆဲပါလိမ့်မည်ဟု စာတန်ပြောခဲ့သည်။

ကောင်းကင်တမန်တွေ ဘုရားရှေ့စုဝေးလာချိန် စာတန်လည်းပါ

သို့နှင့် ဘုရားသခင်သည် ဦးစွာ ယောဘ၏ဥစ္စာပစ္စည်းများနှင့် သားသမီးများဆုံးရှုံးအောင်၊ ထို့နောက် သူ၏ကျန်းမာရေးကို ထိခိုက်အောင်လုပ်ဖို့ စာတန်ကို အခွင့်ပေးခဲ့သည်။ ယောဘသည် ထိုကိစ္စရပ်တစ်ခုလုံးတွင် စာတန်ပါဝင်ပတ်သက်နေသည်ကို မသိသဖြင့် ဤစမ်းသပ်မှုများနှင့် တွေ့ကြုံစေရန် ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုကြောင်း နားမလည်နိုင်ခဲ့ချေ။ သို့သော် ယောဘသည် ဘုရားသခင်ကို လုံးဝမစွန့်ခွာခဲ့ပါ။

မိတ်ဆွေအတုအယောင်သုံးဦး ယောဘထံ ရောက်လာသည်။ သူတို့အပြန်အလှန်ပြောဆိုသည့်စကားများကို ယောဘကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ယောဘသည် တိတ်တဆိတ်အပြစ်ကျူးလွန်ထားသောကြောင့် ဘုရားသခင်ဒဏ်ခတ်နေခြင်းဖြစ်သည်ဟု ထင်မြင်စေရန် သူတို့ တလွဲပြောဆိုကြသည်။ ထို့ပြင် ဘုရားသခင်သည် မိမိကျေးကျွန်များကို မနှစ်သက်ရုံသာမက ယုံကြည်မှုလည်းမရှိဟူ၍ပင် သူတို့ဆိုကြသည်။ ယောဘသည် ထိုသူတို့၏ မှားယွင်းသောဆင်ခြင်မှုကို လက်မခံခဲ့ချေ။ သေသည့်တိုင်အောင် မိမိ၏သမာဓိကို မစွန့်ဟု ယောဘ အတိအလင်းပြောခဲ့သည်။

သို့သော် ယောဘ၏အမှားတစ်ခုမှာ သူ၏ဖြောင့်မတ်မှုကို အလွန်အမင်း အာရုံစိုက်မိခြင်းဖြစ်သည်။ လူငယ်ဧလိဟုသည် ထိုသူတို့စကားအချေအတင်ပြောဆိုသည်ကို အစအဆုံး နားထောင်ပြီးနောက် ယောဘနှင့် မိတ်ဆွေအတုအယောင်သုံးဦး၏အမှားကို တည့်မတ်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးသည် လူတစ်ဦး ဖြောင့်မတ်မှန်ကန်ကြောင်း ထင်ရှားရေးထက် ပိုအရေးကြီးသည်ဟူသောအချက်ကို ယောဘ နားမလည်သောကြောင့် ဧလိဟု ပြစ်တင်ဆုံးမခဲ့သည်။ ဧလိဟုသည် ယောဘ၏မိတ်ဆွေအတုအယောင်သုံးဦးကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

ထို့နောက် ယေဟောဝါဘုရားသခင်သည် ယောဘကိုစကားပြောကာ သူ၏အတွေးအခေါ်ကို တည့်မတ်ပေးခဲ့သည်။ ယေဟောဝါသည် အံ့မခန်းဖွယ် ဖန်ဆင်းခြင်းလက်ရာများစွာကို အာရုံစိုက်စေပြီးနောက် မိမိ၏ကြီးမြတ်မှုနှင့် လူသားတစ်ဦး၏သေးနုပ်မှုကို နှိုင်းယှဉ်ပြကာ ယောဘအား သင်ခန်းစာပေးခဲ့သည်။ ယောဘသည် ဘုရားသခင်၏ပြုပြင်တည့်မတ်ပေးမှုကို နှိမ့်ချစွာ လက်ခံခဲ့သည်။ ယေဟောဝါသည် “အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာ” သောအရှင်ဖြစ်ရာ ယောဘ၏အနာရောဂါကို သက်သာပျောက်ကင်းစေပြီး ယခင်စည်းစိမ်ဥစ္စာထက် နှစ်ဆတိုးပေးကာ သားသမီးဆယ်ယောက်ဖြင့် ကောင်းချီးပေးခဲ့သည်။ (ယာကုပ် ၅:၁၁) ယောဘသည် ပြင်းထန်သော စမ်းသပ်မှုခံရသော်လည်း ယေဟောဝါအပေါ် ဆက်၍သမာဓိရှိခဲ့သောကြောင့် မည်သည့်လူသားမျှ စမ်းသပ်မှုအောက်တွင် ဘုရားသခင်ကို သစ္စာမရှိနိုင်ဟူသည့် စာတန်၏စိန်ခေါ်ချက်ကို အောင်မြင်စွာချေပနိုင်ခဲ့သည်။

—ယောဘကျမ်းကို အခြေခံသည်။

  • စာတန်သည် ယောဘနှင့်ပတ်သက်၍ မည်သို့စိန်ခေါ်ခဲ့သနည်း။

  • ယေဟောဝါအပေါ် ယောဘသမာဓိစောင့်ထိန်းခြင်းကြောင့် အဘယ်အရာ ပြီးမြောက်အောင်မြင်ခဲ့သနည်း။

အလွန်အရေးကြီးသော ကိစ္စရပ်များ

အပြစ်ဆိုဖွယ်မရှိသော၊ ဘုရားသခင်ကိုကြောက်ရွံ့သော ယောဘသည် ယေဟောဝါဘုရားသခင်ကို ကိုယ်ကျိုးအတွက်သာ ကိုးကွယ်နေသည်ဟု စွပ်စွဲခြင်းဖြင့် ကျန်လူသားအားလုံးနှင့် ကောင်းကင်တမန်များလည်း ထိုအတိုင်းပင်ဖြစ်ကြောင်း စာတန်သွယ်ဝိုက်ပြောဆိုခဲ့သည်။ ဤနည်းဖြင့် စာတန်သည် ယေဟောဝါအပေါ် လူတို့သမာဓိရှိမရှိဟူသည့်မေးခွန်းကို ပေါ်ပေါက်စေခဲ့သည်။ ယင်းသည် ဧဒင်တွင် စာတန်ပေါ်ပေါက်စေခဲ့သော ယေဟောဝါ၏အုပ်စိုးပိုင်ခွင့်၊ ထိုအာဏာ၏ဖြောင့်မတ်မှန်ကန်မှုနှင့်ပတ်သက်သော အဓိကအရေးကိစ္စ၏အစိတ်အပိုင်းဖြစ်သည်။ ကောင်းကင်တမန်နှင့်လူသားတို့သည် ယေဟောဝါအပေါ် သမာဓိစောင့်ထိန်းနေခြင်းဖြင့် ကိုယ်တော့်အုပ်စိုးပိုင်ခွင့်၏ သံသယ ကင်းရှင်းရေးကိစ္စကို ထောက်ခံနိုင်သည်ဟု ယောဘကျမ်းက ဖော်ပြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ