ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၁၃ စာ. ၁၆
  • မင်းကောင်းများနှင့် မင်းဆိုးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မင်းကောင်းများနှင့် မင်းဆိုးများ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူသည် အမှားများမှ သင်ခန်းစာယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အမှားတွေကနေ သူ သင်ခန်းစာယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ယောနသိရှိခဲ့ရသော ယေဟောဝါ၏ကရုဏာတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သူ ကရုဏာပြတတ်လာ
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၁၃ စာ. ၁၆
ငယ်ရွယ်တဲ့အစ္စရေးဘုရင်

အပိုင်း ၁၃

မင်းကောင်းများနှင့် မင်းဆိုးများ

အစ္စရေးနိုင်ငံမှာ ပြိုကွဲနေ၏။ နှစ်များတစ်လျှောက် အစ္စရေးနိုင်ငံတွင် ဘုရင်များစွာ နန်းတက်၏။ သို့သော် ၎င်းတို့အများစုမှာ သစ္စာမရှိကြပေ။ ဂျေရုဆလင်မြို့သည် ဗာဗုလုန်လူမျိုးတို့၏ ဖျက်ဆီးခြင်းခံရသည်

ယေဟောဝါကြိုဟောခဲ့သည့်အတိုင်း စစ်မှန်သောဝတ်ပြုရေးမှ ရှောလမုန်သွေဖည်သွားပြီးနောက် အစ္စရေးနိုင်ငံ ပြိုကွဲသွား၏။ သူ့နောက်ဆက်ခံသူ သားတော်ရောဗောင်သည် အလွန်ခက်ထန်သူဖြစ်သည်။ ထို့ကြောင့် အစ္စရေးဆယ်နွယ်သည် ပုန်ကန်ပြီး မြောက်ပိုင်းအစ္စရေးနိုင်ငံအဖြစ် ဖွဲ့စည်းတည်ထောင်လိုက်သည်။ အစ္စရေးနှစ်နွယ်သာ ဂျေရုဆလင်ရှိ ဒါဝိဒ်မင်းဆက်ကို ဆက်သစ္စာရှိပြီး တောင်ပိုင်းယုဒနိုင်ငံဖြစ်လာသည်။

ယုံကြည်ခြင်းကင်းမဲ့ပြီး မနာခံသောဘုရင်များကြောင့် ထိုနှစ်နိုင်ငံစလုံးသည် တည်ငြိမ်မှုမရှိဘဲ ပြဿနာများစွာကြုံခဲ့ရသည်။ မြောက်ပိုင်းအစ္စရေးနိုင်ငံသည် ယုဒနိုင်ငံထက်ပိုဆိုးသည်။ အကြောင်းမှာ ၎င်း၏ဘုရင်များသည် မှားယွင်းသောဝတ်ပြုရေးကို အစကတည်းက မြေတောင်မြှောက်ခဲ့သောကြောင့်ဖြစ်သည်။ ပရောဖက်ဧလိယနှင့်ဧလိရှဲ နှစ်ဦးစလုံးသည် လူသေကိုပင် ရှင်ပြန်ထမြောက်ပေးခဲ့သည်။ သို့သော် ထိုသို့သောပရောဖက်များ၏ တန်ခိုးပါသောလုပ်ရပ်များကြား အစ္စရေးနိုင်ငံသည် ဆိုးသွမ်းသောလမ်းစဉ်တွင် ဆက်၍အရိုးစွဲနေသည်။ နောက်ဆုံး မြောက်ပိုင်းအစ္စရေးနိုင်ငံကို ဖျက်ဆီးရန် အဆီးရီးယား[အာရှုရိ]လူမျိုးကို ဘုရားသခင် ခွင့်ပြုလိုက်သည်။

ယုဒနိုင်ငံသည် အစ္စရေးနိုင်ငံပျက်စီးပြီးနောက်ပိုင်း နှစ်တစ်ရာကျော်အထိ တည်ရှိခဲ့သော်လည်း ၎င်းကိုလည်း ဘုရားသခင်အပြစ်ဒဏ်ပေးခဲ့သည်။ ယုဒဘုရင်အနည်းငယ်သာ ဘုရားသခင့်ပရောဖက်များ၏ သတိပေးချက်များကို တုံ့ပြန်ပြီး လူတို့ကို ယေဟောဝါဘက်ပြန်လှည့်လာစေရန် ဦးဆောင်ခဲ့သည်။ ဥပမာ၊ ဘုရင်ယောရှိသည် ယုဒနိုင်ငံမှ မှားယွင်းသောဝတ်ပြုရေးကို သန့်စင်ကာ ယေဟောဝါ၏ဗိမာန်တော်ကို ပြန်လည်ပြုပြင်ခဲ့သည်။ မောရှေမှတစ်ဆင့်ပေးသော ဘုရားသခင့်ပညတ်မူရင်းကို တွေ့သောအခါ ယောရှိသည် အလွန်စိတ်ထိမိသွားပြီး ပြန်လည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်ခဲ့သည်။

သို့သော် ဝမ်းနည်းစရာမှာ ယောရှိနောက်ဆက်ခံသူများသည် ယောရှိ၏ပုံသက်သေကောင်းကို မလိုက်ခဲ့ကြပေ။ ထို့ကြောင့် ဗာဗုလုန်လူမျိုးအား ယုဒနိုင်ငံကို တိုက်ခိုက်အောင်မြင်ရန်၊ ဂျေရုဆလင်မြို့နှင့် ၎င်း၏ဝတ်ပြုရာအိမ်တော်အား ဖျက်ဆီးပစ်ရန် ယေဟောဝါ ခွင့်ပြုခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများသည် ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံခဲ့ရသည်။ ထိုပြည်နှင်ဒဏ်သည် နှစ်ပေါင်း ၇၀ ကြာမည်ဟု ဘုရားသခင်ကြိုဟောခဲ့သည်။ ဘုရားသခင်ကတိပြုထားသည့်အတိုင်း အစ္စရေးလူတို့သည် နေရင်းပြည်သို့ ပြန်ခွင့်မရမချင်း ထိုအချိန်တစ်လျှောက်လုံးတွင် ယုဒနိုင်ငံသည် လူဆိတ်ညံရာဖြစ်ခဲ့သည်။

သို့သော် ကတိထားရာကယ်နုတ်ရှင်ဖြစ်သည့် ကြိုဟောထားသော မေရှိယ၏အုပ်စိုးမှုမတိုင်မချင်း ဒါဝိဒ်မင်းဆက်တွင် နောက်ထပ်ဘုရင်တစ်ပါးမှ မအုပ်စိုးတော့ချေ။ ဂျေရုဆလင်တွင် အုပ်စိုးခဲ့သော ဒါဝိဒ်မင်းဆက်မှ ဘုရင်အများစု၏အဖြစ်က မစုံလင်သောလူသားများသည် အုပ်ချုပ်ရန် အရည်အချင်းမပြည့်မီကြောင်း သက်သေထူသည်။ မေရှိယသာလျှင် လုံးဝအရည်အချင်းပြည့်မီပါလိမ့်မည်။ ထို့ကြောင့် ဒါဝိဒ်မင်းဆက်မှ နောက်ဆုံးဘုရင်ကို ယေဟောဝါ ဤသို့မိန့်ဆိုသည်– “ရာဇသရဖူကိုချွတ်လော့။ . . . ဤအရာကိုလည်း တရားဝင်ပိုင်ထိုက်သောသူ မရောက်မချင်း မည်သူမျှ ပိုင်ဆိုင်ရမည်မဟုတ်။ ထိုသူအား ငါအပ်ပေးမည်။”—ယေဇကျေလ ၂၁:၂၆၊ ၂၇၊ ကဘ။

—၃ ဓမ္မရာဇဝင်; ၄ ဓမ္မရာဇဝင်; ၂ ရာဇဝင်ချုပ်အခန်းကြီး ၁၀ မှ ၃၆; ယေရမိ ၂၅:၈-၁၁ ကိုအခြေခံသည်။

  • အစ္စရေးနိုင်ငံ မည်သို့ပြိုကွဲသွားသနည်း။ ပြိုကွဲသွားသော ထိုနှစ်နိုင်ငံတွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

  • ဒါဝိဒ်၏မင်းဆက် ဘာဖြစ်သွားသနည်း။ အဘယ်ကြောင့်နည်း။

  • ယောနမှတ်တမ်းက ယေဟောဝါအကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာသင်ကြားပေးသနည်း။ (လေးထောင့်ကွက်ကိုကြည့်ပါ။)

ယောနကျမ်း

အစ္စရေးနိုင်ငံ ပြိုကွဲနေချိန်အတွင်း ဘုရားသခင်သည် ယောနအား အလွန်ဝေးလံလှသော နိနေဝေမြို့သို့သွားကာ ထိုတွင်နေထိုင်သော ရက်စက်ကြမ်းကြုတ်သူများအား သတိပေးသတင်းစကားတစ်ခု ကြေညာရန် တာဝန်ပေးသည်။ သို့သော် ယောနသည် သင်္ဘောတစ်စင်းပေါ်တက်ကာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးခဲ့သည်။ ယင်းကြောင့် အံ့ဖွယ်အမှုတစ်ခု ဖြစ်ခဲ့၏။ ဘုရားသခင်သည် ငါးကြီးတစ်ကောင်အား ယောနကို မျိုစေခဲ့သည်။ ငါး၏ဝမ်းဗိုက်အတွင်းတွင် ယောနသည် ယေဟောဝါထံဆုတောင်းရာ ယေဟောဝါသည် ငါးကြီးအား ကုန်းမြေပေါ်တွင် ယောနကိုအန်ထုတ်စေလေသည်။ ထို့နောက် ယောနသည် သူ၏တာဝန်ကို ဆက်ထမ်းဆောင်ခဲ့သည်။

နာခံမှုနှင့်ဆိုင်သော ထိုသင်ခန်းစာကို ယောနအား ဘုရားသခင် သင်ကြားပေးပြီးနောက် ဒုတိယပြဿနာ ပေါ်လာပြန်၏။ ယောနသည် နိနေဝေလူတို့အား သွားဟောခဲ့ရာ ထိုလူတို့ နောင်တရသည့်အတွက် ဘုရားသခင်သည် သူတို့ကိုအပြစ်မပေးတော့ဖို့ ဆုံးဖြတ်ပြီး ကရုဏာပြခဲ့သည်။ ယင်းကို ယောန လုံးဝမကျေနပ်ပေ။ ယောန ကရုဏာပြတတ်လာဖို့ သင်ကြားပေးရာတွင် ဒုတိယအံ့ဖွယ်အမှုကို ဘုရားသခင်မည်သို့အသုံးပြုခဲ့ကြောင်း သိနိုင်ရန် ဤစိတ်ဝင်စားဖွယ်ကျမ်းကို ကိုယ်တိုင်ဖတ်ကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ