ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ll အပိုင်း ၈ စာ. ၁၈-၁၉
  • ယေရှုရဲ့သေခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုရဲ့သေခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ
  • ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပိုင်း ၈
    ဘုရားသခင့်စကား နားထောင်ပါ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
ll အပိုင်း ၈ စာ. ၁၈-၁၉

အပိုင်း ၈

ယေရှုရဲ့ သေခြင်းက သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ

ကျွန်တော်တို့ အသက်ရဖို့ ယေရှု အသေခံခဲ့တယ်။ ယောဟန် ၃:၁၆

ဘာမှမရှိတဲ့ အုတ်ဂူကို အမျိုးသမီးတွေ ကြည့်နေ

ယေရှု သေဆုံးပြီး သုံးရက်အကြာမှာ အမျိုးသမီးတချို့ သင်္ချိုင်းကို သွားတော့ အုတ်ဂူထဲမှာ ဘာမှ မရှိတာကို တွေ့ခဲ့ရတယ်။ ယေရှုကို သေရာကနေ ပြန်ရှင်အောင် ယေဟောဝါ လုပ်ပေးခဲ့တယ်။

တမန်တော်တွေရှေ့မှာ ယေရှု ကိုယ်ယောင်ပြခဲ့တယ်။ ပြီးနောက် ကောင်းကင် တက်သွားတယ်။

အဲဒီနောက် ယေရှုက တမန်တော်တွေရှေ့မှာ ကိုယ်ယောင်ပြခဲ့တယ်။

ယေဟောဝါက ယေရှုကို သွေးသားခန္ဓာနဲ့ မဟုတ်ဘဲ မမြင်ရတဲ့ ကောင်းကင်တမန်တွေရဲ့ ခန္ဓာမျိုးနဲ့ ပြန်ရှင်စေခဲ့တယ်။ ယေရှု ကောင်းကင် တက်သွားတာကို တပည့်တွေ မြင်တွေ့ ခဲ့ရတယ်။

  • ကျွန်တော်တို့ အပြစ်သားတွေ ဖြစ်တဲ့အတွက် ဘာဖြစ်ရသလဲ။—ရောမ ၆:၂၃။

  • ထာဝရအသက် ရဖို့ ယေရှု လမ်းဖွင့်ပေးခဲ့တယ်။—ရောမ ၅:၂၁။

ဘုရားသခင်က ယေရှုကို အသက်ပြန်ရှင်စေပြီး ဘုရားသခင့်နိုင်ငံတော် ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။—ဒံယေလ ၇:၁၃၊ ၁၄

သာယာလှပတဲ့ ဥယျာဉ်မှာ နေထိုင်သူတွေကို ကောင်းကင်ပေါ်ကနေ ယေရှု အုပ်ချုပ်မယ်။

လူသားတွေကို ရွေးဖို့ ယေရှု အသက်စွန့်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ဒီရွေးဖိုးကြောင့် ဘုရားသခင်က ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်စေတယ်။

မြေကြီးကို အုပ်ချုပ်ဖို့ ယေရှုကို ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်ခဲ့တယ်။ ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ဖို့ မြေကြီးကနေ ဘုရားသခင့်စကား နားထောင်တဲ့သူ ၁၄၄,၀၀၀ ကို ရွေးချယ်တယ်၊ သူတို့ဟာ မြေကြီးပေါ်မှာ သေဆုံးပြီး ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားကြမယ်။—ဗျာဒိတ် ၁၄:၁-၃။

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို သာယာလှပတဲ့ ဥယျာဉ်ကြီးဖြစ်အောင် လုပ်ပေးမယ်။ စစ်၊ ရာဇဝတ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုတို့ ရှိတော့မှာ မဟုတ်ဘူး။ လူတွေ တကယ် ပျော်ရွှင်လာကြမယ်။—ဆာလံ ၁၄၅:၁၆။

  • ဘုရားသခင့်နိုင်ငံတော်ကြောင့် ဘာကောင်းချီးတွေ ခံစားရမလဲ။—ဆာလံ ၇၂။

  • ဘုရားသခင့်နိုင်ငံတော် လာဖို့ ဆုတောင်းသင့်တယ်။—မဿဲ ၆:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ