ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁၄ မေးခွန်းများ ၁-၄
  • ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့် ရှိရသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့် ရှိရသလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင်မှာ စည်းစနစ်ကျတဲ့ အဖွဲ့အစည်းတစ်ခုရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါက စည်းစနစ်ရှိတဲ့ ဘုရားသခင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁၄ မေးခွန်းများ ၁-၄

အခန်း ၁၄

ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့် ရှိရသလဲ

၁။ ရှေးခေတ် အစ္စရေးလူမျိုးကို ဘုရားသခင် ဘာကြောင့် ဖွဲ့စည်းခဲ့ရသလဲ။

၁။ရှေးအစ္စရေးနိုင်ငံမှာရှိတဲ့ ဘုရားသခင့်လူမျိုးပုံ ၂။ ပထမရာစုခရစ်ယာန်တွေ စည်းစနစ်တကျနဲ့ ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်နေပုံ

ဘုရားသခင်ဟာ ရှေးဘိုးဘေး အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းပေးခဲ့ပြီး ပညတ်တွေ ပေးခဲ့တယ်။ “အစ္စရေး” လို့ခေါ်တဲ့ အဲဒီလူမျိုးပဲ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်ပြီး ဘုရားသခင့်စကားတော်ကို စောင့်ထိန်းခဲ့ကြတယ်။ (ဆာလံ ၁၄၇:၁၉၊ ၂၀) ဒီလိုနဲ့ လူမျိုးအပေါင်းဟာ အစ္စရေးလူမျိုးကနေတစ်ဆင့် ကောင်းချီးခံစားနိုင်ကြမယ်။​—ကမ္ဘာဦး ၂၂:၁၈ ကိုဖတ်ပါ။

ဘုရားသခင်ဟာ အစ္စရေးလူမျိုးကို မိမိရဲ့သက်သေအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဘုရားသခင့်ပညတ်တွေကို လိုက်လျှောက်တဲ့အခါ လူတွေ ဘယ်လောက်ထိ အကျိုးခံစားခဲ့ရသလဲဆိုတာကို ရှေးခေတ်အစ္စရေး သမိုင်းကြောင်းကနေ သိနိုင်ပါတယ်။ (တရားဟောရာ ၄:၆) အစ္စရေးလူမျိုးအားဖြင့် စစ်မှန်တဲ့ဘုရားသခင်ကို လူတွေ သိရှိလာနိုင်ပါတယ်။​—ဟေရှာယ ၄၃:၁၀၊ ၁၂ ကိုဖတ်ပါ။

၂။ စစ်မှန်တဲ့ခရစ်ယာန်တွေကို ဘာကြောင့် ဖွဲ့စည်းရသလဲ။

နောက်ပိုင်းမှာ အစ္စရေးလူမျိုးဟာ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးသွားခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က အဲဒီလူမျိုးနေရာမှာ ခရစ်ယာန်အသင်းတော်နဲ့ အစားထိုးခဲ့တယ်။ (မဿဲ ၂၁:၄၃။ ၂၃:၃၇၊ ၃၈) အရင်တုန်းကတော့ အစ္စရေး လူမျိုးဟာ ဘုရားသခင့်သက်သေတွေ ဖြစ်ခဲ့ပေမဲ့ အခုတော့ စစ်မှန်တဲ့ခရစ်ယာန်တွေက ဘုရားသခင့်သက်သေအဖြစ် အမှုဆောင်နေကြပါတယ်။​—တမန်တော် ၁၅:၁၄၊ ၁၇ ကိုဖတ်ပါ။

လူမျိုးအပေါင်းကို ဟောပြောပြီး တပည့်ဖြစ်စေဖို့ နောက်လိုက်တွေကို ယေရှု ဖွဲ့စည်းပေးခဲ့ပါတယ်။ (မဿဲ ၁၀:၇၊ ၁၁။ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ဒီလောကစနစ် ကုန်ဆုံးချိန်ဖြစ်တဲ့ အခုအချိန်မှာ အဲဒီလုပ်ငန်းဟာ အထွတ်အထိပ် ရောက်ရှိနေပါပြီ။ ဘုရားသခင်က သမိုင်းတစ်လျှောက်မှာ ဦးဆုံးအကြိမ်အနေနဲ့ လူမျိုးအပေါင်းထဲက သန်းနဲ့ချီတဲ့သူတွေကို စစ်မှန်တဲ့ဝတ်ပြုရေးမှာ စုစည်းစေခဲ့ပါတယ်။ (ဗျာဒိတ် ၇:၉၊ ၁၀) အချင်းချင်း အားပေးကူညီနိုင်အောင် ခရစ်ယာန်စစ်တွေကို ဖွဲ့စည်းထားပါတယ်။ ကမ္ဘာတစ်ဝန်းက သူတို့ရဲ့ဝတ်ပြုအစည်းအဝေးတွေမှာ ရရှိတဲ့ ကျမ်းစာသွန်သင်ခြင်း အစီအစဉ်တွေဟာ အတူတူပဲဖြစ်ပါတယ်။​—ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

၃။ မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့ အဖွဲ့အစည်း ဘယ်လို စတင်ခဲ့သလဲ။

ယေဟောဝါသက်သေတွေ ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်း ဟောပြောခြင်းလုပ်ငန်းလုပ်နေပုံနဲ့ ယနေ့ချိန်မှာလည်းထပ်တူလုပ်ဆောင်နေပုံ၊ ဘာသာစကားမျိုးစုံနဲ့ ကျမ်းစာလေ့လာဖို့ အထောက်အကူပြုစာပေ

၁၈၇၀ ပြည့်လွန်နှစ်တွေမှာ ကျမ်းစာကျောင်းသားအဖွဲ့ငယ်ဟာ နှစ်ပေါင်းများစွာ  ငုပ်လျှိုးနေတဲ့ ကျမ်းစာအမှန်တရားတွေကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ ဟောပြော ဖို့ ခရစ်ယာန်အသင်းတော်ကို ယေရှု ဖွဲ့စည်းခဲ့တာလို့ သူတို့ သိရှိခဲ့ကြတယ်။ ဒါကြောင့် သူတို့တစ်တွေ ကမ္ဘာချီဟောပြောခြင်း အစီအစဉ်ကို စတင်ခဲ့တယ်။ ၁၉၃၁ ခုနှစ်မှာ ယေဟောဝါသက်သေများဆိုတဲ့ အမည်ကို ခံယူခဲ့ကြတယ်။​—တမန်တော် ၁:၈။ ၂:၁၊ ၄။ ၅:၄၂ တို့ကိုဖတ်ပါ။

၄။ ယေဟောဝါသက်သေတွေကို ဘယ်လို ဖွဲ့စည်းထားသလဲ။

ပထမရာစုမှာ၊ ဒေသအသီးသီးက ခရစ်ယာန်အသင်းတော်တွေကို ကြီးကြပ်တဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့ကို အတွေ့အကြုံရှိ အသက်ကြီးသူတွေနဲ့ ဖွဲ့စည်းထားပြီး ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် သူတို့ အသိအမှတ်ပြုကြတယ်။ (တမန်တော် ၁၆:၄၊ ၅) အခုအချိန်မှာလည်း အတွေ့အကြုံရှိ အကြီးအကဲတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကနေ ယေဟောဝါသက်သေတွေ အကျိုးခံစားနေရပါတယ်။ ကျမ်းစာလေ့လာဖို့ အထောက်အကူပြုစာပေတွေကို ဘာသာစကားပေါင်း ၆၀၀ ကျော်နဲ့ ဘာသာပြန်ဆို၊ ပုံနှိပ်ပြီး ဖြန့်ချိနေတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးတွေကို အုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပေးနေပါတယ်။ အဲဒီလိုနည်းနဲ့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတစ်၀န်းမှာရှိတဲ့ အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်ကို ကျမ်းစာဆိုင်ရာ အားပေးချက်တွေနဲ့ ညွှန်ကြားချက်တွေ ပေးနိုင်တာဖြစ်တယ်။ အသင်းတော်တစ်ခုစီမှာ အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေက အကြီးအကဲတွေအဖြစ် အမှုထမ်းဆောင်နေတယ်။ သူတို့ဟာ ဘုရားသခင့်သိုးတော်စုကို မေတ္တာပါစွာ စောင့်ရှောက်ပေးနေကြတယ်။​—၁ ပေတရု ၅:၂၊ ၃ ကိုဖတ်ပါ။

ယေဟောဝါသက်သေတွေကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်း အတွက် ဖွဲ့စည်းထားတာဖြစ်တယ်။ တမန်တော်တွေလိုပါပဲ၊ သူတို့ဟာ အိမ်တိုင်းကို ဟောပြောကြတယ်။ (တမန်တော် ၂၀:၂၀) ဒါ့အပြင် အမှန်တရားကို စိတ်ရင်းမှန်နဲ့ နှစ်သက်လိုလားတဲ့သူတွေကိုလည်း ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေဟာ အဖွဲ့အစည်းတစ်ခုလောက်ပဲ မဟုတ်ပါဘူး။ သူတို့ဟာ မေတ္တာပြည့်ဝတဲ့ ဖခင်ရှိတဲ့ မိသားစုတစ်စု ဖြစ်တယ်။ အချင်းချင်း ဂရုစိုက်စောင့်ရှောက်တဲ့ ညီအစ်ကို၊ ညီအစ်မတွေလည်း ဖြစ်ကြတယ်။ (၂ သက်သာလောနိတ် ၁:၃) ဘုရား သခင့်စိတ်တော်နဲ့ တွေ့ဖို့၊ အချင်းချင်းအားပေးကူညီဖို့ ယေဟောဝါသက်သေတွေကို ဖွဲ့စည်းထားတဲ့အတွက် သူတို့ဟာ ဒီကမ္ဘာ ပေါ်မှာ အပျော်ရွှင်ဆုံး မိသားစုဝင်တွေ ဖြစ်ကြပါတယ်။​—ဆာလံ ၃၃:၁၂။ တမန်တော် ၂၀:၃၅ တို့ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၉ မှာဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ