ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၅ စာ. ၁၂-၁၃
  • မှန်တာကို အမြဲလုပ်ခဲ့တဲ့ ရှမွေလ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှန်တာကို အမြဲလုပ်ခဲ့တဲ့ ရှမွေလ
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်ရာကို ရှမွေလ ဆက်လုပ်ဆောင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ကလေးလေးတစ်ယောက် ဘုရားသခင်ကိုဝတ်ပြုတဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၅ စာ. ၁၂-၁၃

သင်ခန်းစာ ၅

မှန်တာကို အမြဲလုပ်ခဲ့တဲ့ ရှမွေလ

ရှမွေလ ငယ်ငယ်လေးကတည်းက ဝတ်ပြုရာတဲတော်မှာ နေပြီး အလုပ်လုပ်ခဲ့တယ်။ ဝတ်ပြုရာတဲတော်ဆိုတာ ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်တဲ့ နေရာပေါ့။ ဝတ်ပြုရာတဲတော်ကို ရှမွေလ ဘယ်လိုရောက်သွားသလဲ သိလား။ အရင်ဆုံး ရှမွေလရဲ့အမေ ဟန္နအကြောင်း ပြောပြမယ်နော်။

ဟန္နဟာ ကလေးသိပ်လိုချင်ပေမဲ့ ကလေးမရှိဘူး။ ဒါနဲ့ ကလေးရဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းတယ်။ တကယ်လို့ သားလေးမွေးမယ်ဆိုရင် သူ့ကို ဝတ်ပြုရာတဲတော်မှာ အလုပ်လုပ်ခိုင်းပါ့မယ်လို့ ဟန္န ကတိပေးလိုက်တယ်။ သူ့ရဲ့ဆုတောင်းသံကို ယေဟောဝါဘုရား နားထောင်ပေးတယ်။ အဲဒီနောက် သားလေး မွေးလာတယ်။ သားလေးကို ရှမွေလဆိုပြီး နာမည်ပေးလိုက်တယ်။ ဟန္နလည်း ဘုရားသခင်ကို ကတိပေးထားတဲ့အတိုင်း ရှမွေလ သုံးလေးနှစ်အရွယ်ရောက်တဲ့အခါ ဝတ်ပြုရာတဲတော်ဆီ သွားပို့လိုက်တယ်။

ဝတ်ပြုရာတဲတော်မှာ ဘုရားအလုပ်လုပ်တဲ့ အကြီးဆုံးပုရောဟိတ်နာမည်က ဧလိတဲ့။ သူ့သားနှစ်ယောက်လည်း အဲဒီမှာ ဘုရားအလုပ်လုပ်ကြတယ်။ ဝတ်ပြုရာတဲတော်ဟာ ဘုရားကို ကိုးကွယ်တဲ့ နေရာဖြစ်တယ်ဆိုတာ မှတ်မိတယ်နော်။ အဲဒီမှာ မကောင်းတာတွေ မလုပ်ရဘူး။ ဒါပေမဲ့ ဧလိရဲ့သားနှစ်ယောက်က မကောင်းတာတွေ လုပ်နေကြတယ်။ ဒါကို ရှမွေလလေး မြင်နေရတယ်။ ရှမွေလလည်း ဧလိရဲ့သားတွေလို မကောင်းတာတွေ လိုက်လုပ်သလား။— မလုပ်ဘူး။ မိဘတွေ သင်ပေးထားတဲ့အတိုင်း မှန်တာကိုပဲ အမြဲလုပ်တယ်။

ဧလိက သူ့သားနှစ်ယောက်ကို ဘာလုပ်သင့်သလဲ။— သူတို့ကို အပြစ်ပေးသင့်တာပေါ့။ ဘုရားကို ဝတ်ပြုတဲ့နေရာမှာ မကောင်းတာတွေ မလုပ်နဲ့လို့ ပြောရမယ်မဟုတ်လား။ ဒါပေမဲ့ ဧလိက သူတို့ကို အပြစ်လည်း မပေးဘူး။ ပြောလည်း မပြောဘူး။ ဒါကြောင့် ဧလိနဲ့ သူ့သားနှစ်ယောက်ကို ယေဟောဝါဘုရား အရမ်း စိတ်ဆိုးသွားတာပေါ့။ ဒါနဲ့ သူတို့ကို ယေဟောဝါဘုရားကိုယ်တိုင် အပြစ်ပေးတော့မယ်။

ပုရောဟိတ်မင်းဧလိနဲ့ ရှမွေလလေး စကားပြောနေ

ယေဟောဝါဘုရား ပြောခိုင်းတဲ့အတိုင်း ဧလိဆီ ရှမွေလ သွားပြောခဲ့

တစ်ညမှာ ရှမွေလအိပ်နေတုန်း ‘ရှမွေလ’ ဆိုပြီး ခေါ်သံကြားတယ်။ အဲဒီအခါ ဧလိဆီ ရှမွေလပြေးသွားတော့ ဧလိက ‘ငါ မခေါ်ဘူး’ လို့ ပြောတယ်။ အဲဒီလို ပြေးသွားတာ သုံးခါမြောက်မှာ ဧလိက နောက်တစ်ခါ အဲဒီလိုခေါ်သံကြားရင် ‘ယေဟောဝါဘုရား၊ ကျွန်တော် နားထောင်နေပါတယ်’ လို့ ရှမွေလကို ပြန်ထူးခိုင်းတယ်။ ရှမွေလလည်း အဲဒီအတိုင်း ပြန်ထူးတဲ့အခါ ယေဟောဝါဘုရားက ဒီလိုပြောတယ်– ‘ဧလိရဲ့မိသားစု မကောင်းတာတွေ လုပ်နေတဲ့အတွက် ငါ အပြစ်ပေးတော့မယ်။ အဲဒီအကြောင်း ဧလိကို သွားပြောလိုက်။’ ဧလိကို ရှမွေလ သွားပြောရဲမယ်လို့ ကလေးတို့ ထင်သလား။— ပြောရဲမှာ မဟုတ်ဘူးနော်။ ရှမွေလ မပြောရဲပေမဲ့ ယေဟောဝါဘုရား ပြောခိုင်းတဲ့အတိုင်း ဧလိကို ပြောချလိုက်တယ်။ ယေဟောဝါဘုရား ပြောတဲ့အတိုင်း တကယ်ပဲ ဖြစ်လာတယ်လေ။ ဧလိရဲ့သားနှစ်ယောက် သေသွားပြီးတဲ့နောက် ဧလိလည်း သေသွားတယ်။

ရှမွေလကို တို့တွေ အတုယူသင့်တယ် မဟုတ်လား။ သူများတွေ မကောင်းတာလုပ်နေတာကို ရှမွေလမြင်နေတာတောင်မှ မှန်တာကိုပဲ အမြဲလုပ်သွားတယ်။ ကလေးတို့ကော၊ ရှမွေလလို မှန်တာကိုပဲ အမြဲလုပ်ကြမှာလား။ ကလေးတို့မှန်တာကို လုပ်မယ်ဆိုရင် ယေဟောဝါဘုရားရော၊ ကလေးတို့ရဲ့အဖေ၊ အမေရော သိပ်ပျော်ကြမှာ သေချာတယ်။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ၁ ရှမွေလ ၂:၂၂-၂၆။ ၃:၁-၂၁

မေးခွန်းများ–

  • ရှမွေလလေးရဲ့အမေက ဘုရားကို ဘာကတိပေးခဲ့သလဲ။

  • ဝတ်ပြုရာတဲတော်မှာ ဧလိရဲ့သားတွေ ဘာတွေလုပ်နေတာကို ရှမွေလလေး မြင်ခဲ့သလဲ။

  • ယေဟောဝါဘုရားက ရှမွေလကို ဘာလုပ်ခိုင်းသလဲ။

  • ရှမွေလကို တို့တွေ ဘာဖြစ်လို့ အတုယူသင့်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ