ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၆ စာ. ၁၄-၁၅
  • သတ္တိရှိတဲ့ ဒါဝိဒ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတ္တိရှိတဲ့ ဒါဝိဒ်
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒါဝိဒ် ဘာကြောင့် မကြောက်ရွံ့တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဒါဝိဒ်နဲ့ ဂေါလျတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၆ စာ. ၁၄-၁၅

သင်ခန်းစာ ၆

သတ္တိရှိတဲ့ ဒါဝိဒ်

သားတို့သမီးတို့ ကြောက်တဲ့အခါ ဘာလုပ်ကြသလဲ။— ဖေဖေ၊ မေမေဆီ ပြေးသွားတယ် မဟုတ်လား။ သားတို့သမီးတို့ကို ကူညီပေးနိုင်တဲ့သူ နောက်တစ်ယောက် ရှိသေးတယ်။ သူက တခြားသူတွေထက် ပိုပြီးတန်ခိုးကြီးတယ်။ သူက ဘယ်သူဖြစ်မလဲ။— ဟုတ်တယ်၊ ယေဟောဝါဘုရားပဲပေါ့။ ကျမ်းစာထဲက ဒါဝိဒ်လို့ခေါ်တဲ့ သတ္တိရှိသူ လူငယ်လေးအကြောင်း တို့တွေ ဖတ်ကြည့်ရအောင်။ ယေဟောဝါဘုရားက သူ့ကို အမြဲကူညီပေးမယ်ဆိုတာ သူသိတယ်။ ဒါကြောင့် သူသတ္တိရှိတာ။

ဒါဝိဒ် ငယ်ငယ်လေးကတည်းက ယေဟောဝါဘုရားကို ချစ်တတ်လာအောင် သူ့ရဲ့ဖေဖေနဲ့ မေမေက သင်ပေးထားတယ်။ ဒီလိုနဲ့ ယေဟောဝါဘုရားက သူ့ရဲ့သူငယ်ချင်းဖြစ်လာပြီး သူ့ကို ကူညီပေးမယ်ဆိုတာကိုလည်း သိလာတယ်။ ဒါကြောင့် ကြောက်စရာတွေ ကြုံရရင်တောင် ဒါဝိဒ် မကြောက်ခဲ့ဘူး။ တစ်နေ့တော့၊ သိုးလေးတွေကို ဒါဝိဒ် ထိန်းနေတုန်း ခြင်္သေ့ကြီးတစ်ကောင်က သိုးတစ်ကောင်ကို လာကိုက်ပါလေရော။ ဒါဝိဒ် ဘာလုပ်သလဲ သိလား။ ဘာလက်နက်မှမပါဘဲ ခြင်္သေ့ကို သတ်ပစ်လိုက်တယ်။ နောက်တစ်ခေါက်၊ သိုးတွေကို ကိုက်စားဖို့လာတဲ့ ဝက်ဝံကိုလည်း သတ်ပစ်လိုက်တယ်။ ဒါဝိဒ် အဲဒီလို လုပ်နိုင်အောင် ဘယ်သူကူညီပေးတယ်လို့ ထင်သလဲ။— ဟုတ်တယ်၊ ယေဟောဝါဘုရားပဲပေါ့။

နောက်တစ်ခေါက်လည်း ဒါဝိဒ် သတ္တိရှိတယ်ဆိုတာ ပြခဲ့တယ်။ အစ္စရေးတွေက ဖိလိတ္တိလူတွေနဲ့ စစ်တိုက်နေတဲ့အချိန်မှာဖြစ်တယ်။ ဖိလိတ္တိစစ်သားတစ်ယောက်က အရပ်ကလည်း ရှည်၊ လူကောင်ကလည်း ကြီးတယ်။ သူ့နာမည်က ဂေါလျတ်တဲ့။ အဲဒီလူထွားကြီးက အစ္စရေးစစ်သားတွေနဲ့ ယေဟောဝါဘုရားကို လှောင်ပြောင်နေတယ်။ သူက ‘ငါနဲ့ ချရဲတဲ့သူ ထွက်ခဲ့စမ်း’ လို့ အစ္စရေးစစ်သားတွေကို စိန်ခေါ်လိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ သူနဲ့မချရဲကြဘူး။ အဲဒါကို ဒါဝိဒ်ကြားတဲ့အခါ ‘ခင်ဗျားနဲ့ ကျွန်တော်ချမယ်။ ယေဟောဝါဘုရားက ကျွန်တော့်ကို ကူညီပေးမှာ။ ခင်ဗျားကို ကျွန်တော် နိုင်ကို နိုင်ရမယ်’ လို့ ဂေါလျတ်ကို ပြောလိုက်တယ်။ ဒါဝိဒ် တကယ် သတ္တိရှိတဲ့သူပဲ၊ ဟုတ်တယ်မဟုတ်လား။— ဘာတွေ ဆက်ဖြစ်သလဲဆိုတာ သားတို့သမီးတို့ မသိချင်ဘူးလား။

ဒါဝိဒ်က သူ့ရဲ့လောက်လွှဲနဲ့ ကျောက်ခဲလုံးလုံးလေး ငါးလုံးကိုယူပြီး လူထွားကြီးနဲ့ တိုက်ဖို့ ထွက်သွားတယ်။ လူထွားကြီး ဂေါလျတ်က ဒါဝိဒ်လေးကို တွေ့တဲ့အခါ ရယ်တာပေါ့။ ဒါပေမဲ့ ဒါဝိဒ်က ‘ခင်ဗျားက ဓားကိုင်ပြီးလာတယ်။ ကျွန်တော်ကတော့ ယေဟောဝါဘုရားရဲ့နာမည်နဲ့ လာတယ်’ လို့ပြောတယ်။ ပြီးတော့ သူ့ရဲ့လောက်လွှဲထဲကို ကျောက်ခဲတစ်လုံးထည့်ပြီး ဂေါလျတ်ဆီ ပစ်ထည့်လိုက်တယ်။ အဲဒီကျောက်ခဲက ဂေါလျတ်ရဲ့နဖူးကို ထိမှန်သွားတော့တာပဲ။ ဒါနဲ့ လူထွားကြီးလည်း မြေပေါ်လဲကျပြီး သေသွားပါလေရော။ ဖိလိတ္တိစစ်သားတွေလည်း အရမ်းကြောက်သွားပြီး ထွက်ပြေးကုန်ကြတာပေါ့။ ဒါဝိဒ်လေးက လူထွားကြီး ဂေါလျတ်ကို ဘယ်လို အနိုင်ရသွားတာလဲ။— သူ့ကို ယေဟောဝါဘုရား ကူညီပေးခဲ့လို့ပေါ့။ ယေဟောဝါဘုရားက အဲဒီလူထွားကြီးထက် ပိုပြီးတန်ခိုးကြီးတယ်လေ။

ဂေါလျတ်ကို ဒါဝိဒ် သတ်လိုက်

ယေဟောဝါဘုရား ကူညီပေးမယ်ဆိုတာသိလို့ ဒါဝိဒ် မကြောက်ခဲ့

ဒါဝိဒ်ဆီကနေ တို့တွေ ဘာသင်ယူနိုင်သလဲ။— ယေဟောဝါဘုရားက အားလုံးထက် ပိုပြီးတန်ခိုးရှိတယ်။ ပြီးတော့ တို့တွေရဲ့ သူငယ်ချင်းလည်း ဖြစ်တယ်။ ဒါကြောင့် နောက်တစ်ခေါက် သားတို့သမီးတို့ ကြောက်တဲ့အခါ ယေဟောဝါဘုရား ကူညီပေးနိုင်တယ်ဆိုတာ သတိရကြနော်။ ဒါဆို သတ္တိရှိလာလိမ့်မယ်။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ဆာလံ ၅၆:၃၊ ၄

  • ၁ ရှမွေလ ၁၇:၂၀-၅၄

မေးခွန်းများ–

  • သိုးတွေကို ကိုက်စားဖို့ လာတဲ့ ခြင်္သေ့နဲ့ ဝက်ဝံတို့ကို ဒါဝိဒ် ဘာလုပ်ခဲ့သလဲ။

  • ဂေါလျတ်က ယေဟောဝါဘုရားကို လှောင်ပြောင်တဲ့အခါ ဒါဝိဒ် ဘာပြန်ပြောခဲ့သလဲ။

  • ဂေါလျတ်ကို ဒါဝိဒ် ဘယ်လိုအနိုင်ယူခဲ့သလဲ။

  • ခြင်္သေ့၊ ဝက်ဝံနဲ့ လူထွားကြီးတို့ကို ဒါဝိဒ် ဘာဖြစ်လို့မကြောက်တာလဲ။

  • ဒါဝိဒ်ဆီကနေ တို့တွေ ဘာသင်ယူနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ