ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၁၂ စာ. ၂၆-၂၇
  • သတ္တိရှိတဲ့ ပေါလုရဲ့တူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတ္တိရှိတဲ့ ပေါလုရဲ့တူ
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါလုရဲ့တူ—သူ့ဦးလေးရဲ့အသက်ကို ကယ်တင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ကျွန်တော် ထုချေမယ့်စကားကို နားထောင်ကြပါ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာ ကြေညာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၁၂ စာ. ၂၆-၂၇
စစ်သူကြီးကို ပေါလုရဲ့တူ စကားပြောနေ

သင်ခန်းစာ ၁၂

သတ္တိရှိတဲ့ ပေါလုရဲ့တူ

တမန်တော်ပေါလုရဲ့အသက်ကို ကယ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ အဲဒီလူငယ်လေးက ပေါလုရဲ့တူပဲ။ သူ့နာမည်ကိုတော့ တို့တွေ မသိဘူး။ ဒါပေမဲ့ သူက အရမ်းသတ္တိရှိတဲ့ အလုပ်တစ်ခု လုပ်ခဲ့တယ်။ အဲဒီအကြောင်း သားတို့သမီးတို့ သိချင်ကြလား။—

ပေါလုက ယေရှုအကြောင်း ဟောပြောလို့ အဖမ်းခံရပြီး ဂျေရုဆလင်မြို့မှာ ထောင်ကျနေတယ်။ ပေါလုကို မုန်းတဲ့သူတွေလည်း ရှိတယ်။ အဲဒီလူတွေက ‘ပေါလုကို တရားရုံးခေါ်ခဲ့ဖို့ စစ်သူကြီးကို သွားပြောကြရအောင်။ ပြီးရင် ငါတို့ လမ်းမှာ စောင့်ပြီး ပေါလုကို သတ်ပစ်မယ်’ လို့ မကောင်းကြံကြတယ်။

ထောင်ကျနေတဲ့ တမန်တော်ပေါလု သူ့တူပေးတဲ့ သတင်းကို နားထောင်နေ

ပေါလုကို မုန်းတဲ့သူတွေက ပေါလုကိုသတ်ဖို့ ကြံစည်။ အဲဒီအကြောင်းကို ပေါလုရဲ့တူက ပေါလုနဲ့ စစ်သူကြီးကို ပြောပြ

အဲဒီအကြောင်းကို ပေါလုရဲ့တူ သိသွားတယ်။ ဒါနဲ့ သူဘာလုပ်သလဲ သိလား။ ထောင်ထဲမှာရှိတဲ့ ပေါလုကို သွားပြောပြတယ်။ အဲဒီအခါ ပေါလုက စစ်သူကြီးဆီ ချက်ချင်းသွားပြောခိုင်းတယ်။ စစ်သူကြီးကို သွားပြောပြဖို့ ပေါလုရဲ့တူအတွက် လွယ်မယ်လို့ထင်လား။— မလွယ်ဘူး။ စစ်သူကြီးဆိုတာ တခြားစစ်သားတွေကို အမိန့်ပေးရတဲ့ အကြီးဆုံးသူလေ။ ဒါပေမဲ့ ပေါလုရဲ့တူက သတ္တိရှိရှိနဲ့ စစ်သူကြီးကို အကြောင်းစုံ ပြောပြလိုက်တယ်။

ဒါနဲ့ စစ်သူကြီးက ဘာလုပ်ရမလဲဆိုတာ သိသွားတာပေါ့။ သူက ပေါလုကို ကာကွယ်ပေးဖို့ စစ်သား ၅၀၀ လောက်ကိုခေါ်လိုက်တယ်။ ပြီးတော့ ပေါလုကို ကဲသရိမြို့ဆီ ညတွင်းချင်း ခေါ်သွားဖို့ အမိန့်ပေးလိုက်တယ်။ လမ်းမှာ ပေါလု အသတ်ခံရသလား။— အသတ်မခံရဘူး။ မကောင်းကြံတဲ့လူတွေက ပေါလုကို ဘာမှမလုပ်နိုင်တော့ဘူး။ ဒီလိုနဲ့ သူတို့ရဲ့ အကြံအစည် ပျက်သွားပါလေရော။

ဒီဇာတ်လမ်းကနေ သားတို့သမီးတို့ ဘာသင်ယူနိုင်သလဲ။— မင်းတို့လည်း ပေါလုရဲ့တူလို သတ္တိရှိရမယ်။ အထူးသဖြင့် ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို ပြောတဲ့အခါ သတ္တိရှိဖို့လိုတယ်။ တခြားသူတွေကို ယေဟောဝါဘုရားအကြောင်း သတ္တိရှိရှိနဲ့ ပြောပြရဲမလား။— ပြောပြရဲတယ်ဆိုရင် တခြားသူတွေရဲ့အသက်ကို ကယ်တာနဲ့တူတယ်။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • တမန်တော် ၂၃:၁၂-၂၄

  • မဿဲ ၂၄:၁၄။ ၂၈:၁၈-၂၀

  • ၁ တိမောသေ ၄:၁၆

မေးခွန်းများ–

  • ပေါလုကို မုန်းတဲ့သူတွေက ဘာလုပ်ဖို့ ကြံစည်ကြသလဲ။

  • ပေါလုရဲ့တူ ဘာလုပ်ခဲ့သလဲ။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် သတ္တိရှိရမလဲ။

  • ပေါလုရဲ့တူလို သားတို့သမီးတို့ သတ္တိရှိတယ်ဆိုတာ ဘယ်လိုပြနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ