ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၁၄ စာ. ၃၀-၃၁
  • တစ်ကမ္ဘာလုံးကို အုပ်ချုပ်တော့မယ့် နိုင်ငံတစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ကမ္ဘာလုံးကို အုပ်ချုပ်တော့မယ့် နိုင်ငံတစ်ခု
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်မိတ်ဆွေများ ပရဒိသု၌ နေထိုင်ကြမည်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ ဘယ်မှာ နေထိုင်ကြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပေးမယ့် ဘုရားသခင့်နိုင်ငံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၁၄ စာ. ၃၀-၃၁
သာယာလှပတဲ့ ကမ္ဘာကြီးကို ဘုရင်အဖြစ် ယေရှုခရစ် အုပ်ချုပ်နေ

သင်ခန်းစာ ၁၄

တစ်ကမ္ဘာလုံးကို အုပ်ချုပ်တော့မယ့် နိုင်ငံတစ်ခု

ကလေးတို့ကို နိုင်ငံတစ်နိုင်ငံအကြောင်း ပြောပြမယ်နော်။ အဲဒီနိုင်ငံက ကမ္ဘာတစ်ခုလုံးကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်လို ဖြစ်လာအောင် လုပ်ပေးမှာ။ အဲဒီနိုင်ငံက ဘယ်သူ့နိုင်ငံဖြစ်မလဲ၊ ကလေးတို့ သိလား။— ဘုရားသခင့်နိုင်ငံတော်ပေါ့။

နိုင်ငံတိုင်းမှာ ဘုရင်တစ်ပါးစီ ရှိကြတယ်။ ဘုရင်က သူ့နိုင်ငံမှာရှိတဲ့ လူတွေကို အုပ်ချုပ်တယ်။ ဒါဆိုရင် ဘုရားသခင့်နိုင်ငံတော်မှာ အုပ်ချုပ်မယ့် ဘုရင်က ဘယ်သူလဲ သိလား။— ယေရှုခရစ်ပဲပေါ့။ သူက ကောင်းကင်မှာ နေတယ်။ မကြာခင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို သူအုပ်ချုပ်တော့မှာ။ တစ်ကမ္ဘာလုံးကို ယေရှုအုပ်ချုပ်တဲ့အခါ ပျော်စရာကောင်းမယ်လို့ ထင်သလား။—

သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ကလေးတို့ ဘာလုပ်ချင်သလဲ

သိပ်ကို ပျော်စရာကောင်းမှာ။ တစ်ကမ္ဘာလုံး သာယာလှပတဲ့ဥယျာဉ်လို ဖြစ်လာမယ်။ အဲဒီအချိန်ကျရင် ရန်ပွဲတွေ၊ စစ်ပွဲတွေ ရှိတော့မှာမဟုတ်ဘူး။ လူတိုင်း ချစ်ချစ်ခင်ခင်နဲ့ နေထိုင်သွားကြလိမ့်မယ်။ ဖျားနာတာ၊ သေတာတွေလည်း ရှိတော့မှာမဟုတ်ဘူး။ မျက်စိမမြင်တဲ့သူတွေ ပြန်မြင်လာမယ်။ နားမကြားတဲ့သူတွေ ပြန်ကြားလာမယ်။ လမ်းမလျှောက်နိုင်တဲ့သူတွေ ခုန်ပေါက်ပြေးလွှားကြလိမ့်မယ်။ စားစရာတွေလည်း အများကြီးရှိမှာ။ တိရစ္ဆာန်တွေ တစ်ကောင်နဲ့တစ်ကောင် ကိုက်ကြတော့မှာ မဟုတ်ဘူး။ တို့တွေကိုလည်း မကိုက်တော့ဘူး။ သူတို့နဲ့ ကစားလို့ရတော့မှာ။ သေသွားတဲ့သူတွေလည်း အသက်ပြန်ရှင်လာမယ်။ ဒီစာအုပ်ထဲမှာပါတဲ့ ရေဗက္ကာ၊ ရာခပ်၊ ဒါဝိဒ်နဲ့ ဧလိယတို့လို လူတွေလည်း အသက်ပြန်ရှင်လာကြမှာ။ သားတို့သမီးတို့ သူတို့ကို တွေ့ချင်လား။—

ယေဟောဝါဘုရားက သားတို့သမီးတို့ကို ချစ်တယ်။ ပျော်လည်းပျော်စေချင်တယ်။ သားတို့သမီးတို့လည်း ယေဟောဝါဘုရားအကြောင်း ဆက်သင်ယူပြီး ဘုရားစကား အမြဲနားထောင်မယ်ဆိုရင် သာယာလှပတဲ့ ကမ္ဘာကြီးပေါ်မှာ ဘယ်တော့မှမသေရတော့ဘဲ အမြဲတမ်း နေထိုင်သွားရလိမ့်မယ်။ သားတို့သမီးတို့ အဲဒီမှာ နေချင်လား။—

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ဟေရှာယ ၂:၄။ ၁၁:၆-၉။ ၂၅:၈။ ၃၃:၂၄။ ၃၅:၅၊ ၆

  • ယောဟန် ၅:၂၈၊ ၂၉။ ၁၇:၃

မေးခွန်းများ–

  • ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်က ဘယ်သူလဲ။

  • ဘယ်သူတွေကို ယေရှု အုပ်ချုပ်မှာလဲ။

  • ကမ္ဘာကြီးကို ယေရှုအုပ်ချုပ်တဲ့အခါ ဘာတွေဖြစ်လာမလဲ။

  • သာယာလှပတဲ့ ကမ္ဘာကြီးပေါ်မှာ နေချင်တယ်ဆိုရင် ကလေးတို့ ဘာလုပ်ရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ