ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၂ စာ. ၆-၈
  • တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပါ
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ကိုယ့်အိမ်ထောင်ကို ဦးစားပေးပါ
  • ၂ သင့်စိတ်နှလုံးကို စောင့်ရှောက်ပါ
  • အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၂ စာ. ၆-၈
ခင်ပွန်းက ဇနီးကို ထီးမိုးပေးပြီး ကားတံခါးဖွင့်ပေးနေစဉ်

အခန်း ၂

တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပါ

“ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။” —မာကု ၁၀:၉

“သစ္စာစောင့်သိမှုကို မြတ်နိုး” ပါလို့ ကျွန်တော်တို့ကို ယေဟောဝါဘုရား တောင်းဆိုထားတယ်။ (မိက္ခာ ၆:၈) အဲဒါက အထူးသဖြင့် သင့်အိမ်ထောင်အတွက် အရေးကြီးတယ်။ သစ္စာမရှိရင် ယုံကြည်စိတ်ချမှု မရှိနိုင်လို့ပဲ။ ယုံကြည်စိတ်ချမှုရှိမှ ချစ်ခြင်းမေတ္တာ ရှင်သန်နိုင်မှာ။

ဒီနေ့အချိန်မှာ အိမ်ထောင်ကတိသစ္စာ ပျက်ပြားသွားစေဖို့ တိုက်ခိုက်ခံနေရတယ်။ ဒါကြောင့် သင့်အိမ်ထောင်ကို ကာကွယ်နိုင်မယ့် အချက်နှစ်ချက်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားရမယ်။

၁ ကိုယ့်အိမ်ထောင်ကို ဦးစားပေးပါ

ကျမ်းစာပြောဆိုရာ– ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိမြင်ကြပါ။’ (ဖိလိပ္ပိ ၁:၁၀) သင့်ဘဝမှာ အရေးအကြီးဆုံး အရာတွေထဲကတစ်ခုဟာ သင့်ရဲ့အိမ်ထောင်ပဲ။ ဒါကြောင့် သင့်အိမ်ထောင်ကို ဦးစားပေးသင့်တယ်။

သင့်အိမ်ထောင်ဖက်ကို ဂရုစိုက်ဖို့၊ သူနဲ့အတူ “ပျော်မွေ့” ဖို့ ယေဟောဝါဘုရား အလိုရှိတယ်။ (ဒေသနာ ၉:၉) ကိုယ့်အိမ်ထောင်ဖက်ကို ဘယ်တော့မှ ဥပေက္ခာမပြုဖို့၊ နှစ်ယောက်စလုံး ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းတွေကို ရှာကြံဖို့ တိတိကျကျ မိန့်မှာထားတယ်။ (၁ ကောရိန္သု ၁၀:၂၄) သင့်အိမ်ထောင်ဖက်ကို သင်လိုအပ်တယ်၊ သူ့ကို တန်ဖိုးထားတယ်ဆိုတာ သူသိပါစေ။

ခင်ပွန်းက ဇနီးအတွက် သောက်စရာ ယူလာပေး; ခင်ပွန်း အိမ်ပြန်လာတဲ့အခါ ဇနီး ချက်ပြုတ်နေတာကို တွေ့

သင်လုပ်ဆောင်နိုင်ရာ–

  • အိမ်ထောင်ဖက်ကို ပုံမှန်အချိန်ပေးပြီး စကားပြောဆိုပါ၊ အတူတကွ လုပ်ဆောင်ပါ၊ အပြည့်အဝ ဂရုစိုက်ပါ

  • “ငါ” လို့စဉ်းစားမယ့်အစား “ငါတို့” လို့ စဉ်းစားပါ

လင်မယားနှစ်ယောက် အတူပျော်ပွဲစားထွက်နေစဉ်

၂ သင့်စိတ်နှလုံးကို စောင့်ရှောက်ပါ

ကျမ်းစာပြောဆိုရာ– “မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ပြစ်မှားတာပဲ။” (မဿဲ ၅:၂၈) အကျင့်ယိုယွင်းစေတဲ့အရာတွေကို တွေးတောနေတာက အိမ်ထောင်ဖက်ကို သစ္စာဖောက်ရာရောက်တယ်။

“စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” လို့ ယေဟောဝါဘုရား မိန့်မှာထားတယ်။ (ပညာအလိမ္မာ ၄:၂၃။ ယေရမိ ၁၇:၉) ကိုယ့်စိတ်နှလုံးကို စောင့်ရှောက်နိုင်ဖို့ သင်ကြည့်တဲ့အရာတွေကို သတိထားဖို့လိုတယ်။ (မဿဲ ၅:၂၉၊ ၃၀) ကျမ်းစာမှာဖော်ပြထားတဲ့ ယောဘရဲ့ စံနမူနာကို တုပပါ။ တခြားအမျိုးသမီးကို တပ်မက်တဲ့စိတ်နဲ့ ဘယ်တော့မှမကြည့်ဘူးလို့ သူ ဆုံးဖြတ်ထားတယ်။ (ယောဘ ၃၁:၁) သင်လည်း ညစ်ညမ်းရုပ်ပုံစာပေတွေကို ဘယ်တော့မှ မကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ သင့်အိမ်ထောင်ဖက်ကလွဲလို့ ဘယ်သူနဲ့မှ အချစ်ဇာတ်လမ်း မခင်းမိဖို့ သန္နိဋ္ဌာန်ချထားပါ။

ခင်ပွန်းရဲ့ အလုပ်စားပွဲပေါ်မှာ ဇနီးရဲ့ ဓာတ်ပုံထင်ထား

သင်လုပ်ဆောင်နိုင်ရာ–

  • သင့်အိမ်ထောင်ဖက်ကို ပေးထားတဲ့ ကတိသစ္စာကို အပြည့်အ၀စောင့်ထိန်းကြောင်း တခြားသူတွေ သိပါစေ

  • အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို ထည့်စဉ်းစား ပေးပါ။ လိင်ခြားသူနဲ့ ခင်မင်နေတာကို ကိုယ့်အိမ်ထောင်ဖက်က စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အဲဒီခင်မင်မှုကို ချက်ချင်းအဆုံးသတ်လိုက်ပါ

သင့်အပိုင်းကို လုပ်ဆောင်ပါ

ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ပြီး ကိုယ့်အားနည်းချက်ကို သိအောင်လုပ်ပါ။ (ဆာလံ ၁၅:၂) အကူအညီတောင်းဖို့ မရှက်ပါနဲ့။ (ပညာအလိမ္မာ ၁:၅) ညစ်ညမ်းတဲ့အတွေးတွေရှိရင် အဆက်မပြတ် တိုက်ထုတ်နေပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ (ပညာအလိမ္မာ ၂၄:၁၆) အိမ်ထောင်ဖက်အပေါ် သစ္စာရှိဖို့ သင်ကြိုးစားနေတာကို ယေဟောဝါဘုရား ကောင်းချီးပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • ဘယ်လိုနည်းနဲ့ ငါ့အိမ်ထောင်ဖက်ကို အချိန်ပိုပေးနိုင်မလဲ။

  • ငါ့အိမ်ထောင်ဖက်က ငါ့အတွက် အကောင်းဆုံး မိတ်ဆွေလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ