ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၆ စာ. ၂၀-စာ. ၂၁ ပိုဒ်. ၈
  • ဘုရား ကတိပြုထားတဲ့ကလေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရား ကတိပြုထားတဲ့ကလေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကတိတော်ဆိုင်ရာသား
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သူ “ဆင်ခြင်တွေးတော” ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သူ “စဉ်းစားဆင်ခြင်” ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၆ စာ. ၂၀-စာ. ၂၁ ပိုဒ်. ၈
ယေရှုလေးကို ရှိမောင်ချီထားတုန်း ယောသပ်၊ မာရိနဲ့ ပရောဖက်မ အန္နတို့ကြည့်နေ

အခန်း ၆

ဘုရား ကတိပြုထားတဲ့ ကလေး

လုကာ ၂:၂၁-၃၉

  • ယေရှုကို အရေဖျားဖြတ်ပေးပြီးနောက် ဗိမာန်တော်ကိုခေါ်လာ

ယောသပ်နဲ့ မာရိတို့ဟာ နာဇရက်မြို့ကို မပြန်ဘဲ ဘက်သလီဟင်မြို့မှာ ဆက်နေကြတယ်။ အစ္စရေးလူမျိုးကိုပေးတဲ့ ဘုရားပညတ်အရ ကလေးရှစ်ရက်သားအရွယ်မှာ အရေဖျားဖြတ်ပေးတယ်။ (ဝတ်ပြုရာ ၁၂:၂၊ ၃) အဲဒီနေ့မှာ သားယောက်ျားလေးကို နာမည်ပေးရတဲ့ ထုံးစံရှိလို့ ကောင်းကင်တမန်ဂါဗြေလ ညွှန်ကြားတဲ့အတိုင်း ယေရှုလို့ နာမည်ပေးလိုက်တယ်။

ယေရှုလေး ၄၀ ရက်သား ရောက်တဲ့အခါ မိဘတွေ သူ့ကို ဘယ်ခေါ်သွားကြသလဲ။ သူတို့နဲ့ သိပ်မဝေးတဲ့ ဂျေရုဆလင်မြို့ ဗိမာန်တော်ကိုပေါ့။ ပညတ်တရားအရ သားယောက်ျားလေးမွေးပြီး ရက် ၄၀ ပြည့်တဲ့နေ့မှာ မိခင်က ဗိမာန်တော်မှာ ပူဇော်သက္ကာကို ဆက်သရတယ်။—ဝတ်ပြုရာ ၁၂:၄-၈။

မာရိ အဲဒီအတိုင်း လုပ်ခဲ့တယ်။ ပညတ်တရားအရ သိုးထီးလေးတစ်ကောင်နဲ့ ငှက်တစ်ကောင် ပူဇော်ရမယ်။ ဒါပေမဲ့ မိခင်က သိုးထီး ပူဇော်ဖို့ မတတ်နိုင်ဘူးဆိုရင် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုနှစ်ကောင်ကို ပူဇော်ရမယ်။ မာရိဟာ ပူဇော်သက္ကာအနေနဲ့ ငှက်ကလေးနှစ်ကောင် ယူလာတာကိုကြည့်ရင် ယောသပ်နဲ့ မာရိရဲ့ စီးပွားရေးအခြေအနေကို သိနိုင်တယ်။

“သန့်စင်အောင် လုပ်ရမယ့်အချိန်”

သန့်စင်အောင် လုပ်ရမယ့်အချိန် ရောက်တဲ့အခါ ယောသပ်နဲ့မာရိက ယေရှုလေးနဲ့အတူ ဗိမာန်တော်ကိုလာကြ

အစ္စရေးအမျိုးသမီးတွေ မီးဖွားတဲ့အခါ အချိန်အတိုင်းအတာတစ်ခုအထိ မသန့်ရှင်းဘူးလို့ ယူမှတ်တယ်။ အဲဒီအချိန် စေ့သွားရင်တော့ သန့်ရှင်းစေဖို့ မီးရှို့ရာအလှူကို ဆက်သရတယ်။ ဒါက လူအားလုံးဟာ အပြစ်သားတွေဖြစ်ပြီး အပြစ်ရှိတဲ့ အသက်ကို လက်ဆင့်ကမ်းပေးနေမှန်း သတိရစေတယ်။ ယေရှုလေးကတော့ အပြစ်ဆိုစရာမရှိအောင် ပြီးပြည့်စုံပြီး သန့်ရှင်းမြင့်မြတ်တယ်။ (လုကာ ၁:၃၅) ဒါပေမဲ့ ယောသပ်နဲ့ မာရိတို့ဟာ ယေရှုကို ဗိမာန်တော်ခေါ်သွားပြီး ပညတ်တရားရဲ့ တောင်းဆိုချက်အတိုင်း “သန့်စင်အောင်လုပ်” ကြတယ်။—လုကာ ၂:၂၂။

ဗိမာန်တော်မှာ ရှိမောင်လို့ခေါ်တဲ့ အသက်ကြီးသူ တစ်ယောက်က ယောသပ်နဲ့ မာရိဆီ လာတယ်။ သူမသေခင် ယေဟောဝါဘုရား ကတိပြုထားတဲ့ ခရစ်တော် ဒါမှမဟုတ် မေရှိယကို တွေ့ရမယ်လို့ သူ့ကို ဘုရား အသိပေးထားတယ်။ အဲဒီနေ့မှာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကြောင့် ဗိမာန်တော်ကို သူရောက်လာတဲ့အခါ ယောသပ်၊ မာရိနဲ့ သူတို့ရဲ့သားလေးကို တွေ့ပြီး ကလေးကို ချီပိုက်တယ်။

ရှိမောင်က ယေရှုကို ချီပိုက်ရင်း ဘုရားကို အခုလို ကျေးဇူးတင်ချီးမွမ်းတယ်– “အချုပ်အခြာအာဏာပိုင်ရှင်၊ ကိုယ်တော်ပြောခဲ့တဲ့အတိုင်း ဒီကလေးကို ကျွန်တော် မြင်ခွင့်ရပြီဖြစ်လို့ အခုတော့ သေပျော်ပါပြီ။ ကိုယ်တော် ကယ်တင်မယ့် နည်းလမ်းကို ကျွန်တော် မြင်ခွင့်ရပါပြီ။ အဲဒီနည်းကို လူတွေအားလုံးလည်း မြင်ခွင့်ရပါပြီ။ ဒီကလေးဟာ လူမျိုးခြားတွေအတွက် အမှောင်ထုကို ဖယ်ရှားပေးမယ့် အလင်းပါ။ လူမျိုးတော်အစ္စရေးအတွက် တောက်ပတဲ့ အလင်းရောင်ပါ။”—လုကာ ၂:၂၉-၃၂။

အဲဒီစကားတွေကို ယောသပ်နဲ့ မာရိကြားတော့ အံ့သြနေကြတယ်။ ရှိမောင်က သူတို့ကို ကောင်းချီးပေးပြီး “ဒီကလေးကြောင့် အစ္စရေးတွေထဲမှာ လဲကျသူတွေရှိသလို ထတဲ့သူတွေလည်း ရှိလိမ့်မယ်” လို့မာရိကို ပြောတယ်။ မာရိလည်း ဓားရှည်နဲ့ အခွင်းခံရသလို ဝမ်းနည်းကြေကွဲလိမ့်မယ်လို့ သူပြောတယ်။—လုကာ ၂:၃၄။

အဲဒီနေ့မှာ ဗိမာန်တော်မှာ နောက်တစ်ယောက် ရှိနေသေးတယ်။ သူကတော့ အသက် ၈၄ နှစ်အရွယ် ပရောဖက်မ အန္နပဲ။ ဗိမာန်တော်ကို သူအမြဲ လာလေ့ရှိတယ်။ ယောသပ်၊ မာရိနဲ့ ယေရှုလေး ဗိမာန်တော်မှာရှိနေတုန်း သူရောက်လာပြီး ဘုရားကို ကျေးဇူးတင်ချီးမွမ်းတယ်၊ နားထောင်နေသူအားလုံးကို ယေရှုအကြောင်း ပြောပြတယ်။

ဗိမာန်တော်မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် ယောသပ်နဲ့ မာရိတို့ ဘယ်လောက် ဝမ်းသာမယ်ဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ရဲ့ သားလေးဟာ ဘုရား ကတိပြုထားတဲ့သူဆိုတာ ဒီအဖြစ်အပျက်တွေက ယုံကြည်စိတ်ချစေတယ်။

  • အစ္စရေးတွေရဲ့ ထုံးစံအရ သားယောက်ျားလေးကို ဘယ်အချိန်မှာ နာမည်ပေးရသလဲ။

  • ကလေး ၄၀ ရက်သားမှာ မိခင် ဘာလုပ်ရမလဲ။ မာရိရဲ့လုပ်ဆောင်ပုံကနေ သူ့စီးပွားရေး အခြေအနေအကြောင်း ဘာသိရသလဲ။

  • ဗိမာန်တော်မှာ ယေရှုကို ဘယ်သူတွေ အသိအမှတ်ပြုကြသလဲ။ အသိအမှတ်ပြုကြောင်း ဘယ်လိုနည်းနဲ့ ပြကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ