ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၈ စာ. ၂၄-စာ. ၂၅ ပိုဒ်. ၁
  • မင်းဆိုးရန်ကနေ ထွက်ပြေးလွတ်မြောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မင်းဆိုးရန်ကနေ ထွက်ပြေးလွတ်မြောက်ခြင်း
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မင်းဆိုးရန်မှ ထွက်ပြေးလွတ်မြောက်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဦးစီးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မြင့်မြတ်သောလမ်းညွှန်မှုကို သူလက်ခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၈ စာ. ၂၄-စာ. ၂၅ ပိုဒ်. ၁
ဘက်သလီဟင်မြို့မှာရှိတဲ့ သားယောက်ျားလေးအားလုံးကို သတ်ပစ်ဖို့ ဟေရုဒ်မင်း အမိန့်ထုတ်

အခန်း ၈

မင်းဆိုးရန်ကနေ သူတို့ ထွက်ပြေးလွတ်မြောက်

မဿဲ ၂:၁၃-၂၃

  • ယေရှုရဲ့မိသားစု အီဂျစ်ပြည်ကို ထွက်ပြေး

  • ယောသပ်ရဲ့မိသားစု နာဇရက်မြို့ကို ပြောင်းရွှေ့

ယောသပ်က အရေးကြီးသတင်းပြောဖို့ မာရိကို နှိုးလိုက်တယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်က အခုလေးတင် သူ့အိပ်မက်ထဲပေါ်လာပြီး “ထတော့။ ကလေးနဲ့ ဇနီးကိုခေါ်ပြီး အီဂျစ်ပြည်ကို ထွက်ပြေးပါ။ ဟေရုဒ်က ကလေးကိုသတ်ဖို့ ရှာတော့မယ်။ ငါ အကြောင်းမပြန်မချင်း အဲဒီမှာပဲ နေပါ” ဆိုပြီး ပြောလို့ပဲ။—မဿဲ ၂:၁၃။

ယောသပ်၊ မာရိနဲ့ သူတို့သားလေးဟာ အဲဒီညမှာပဲ ချက်ချင်းထွက်ပြေးကြတယ်။ အချိန်မီရုံလေးပဲ။ ဘာလို့လဲဆိုတော့ ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေ သူ့ကိုတစ်ပတ်ရိုက်သွားမှန်း သိသွားလို့ပဲ။ တကယ်တော့ သူတို့ကို သတင်းပြန်ပို့ခိုင်းထားတာ။ ဒါပေမဲ့ သတင်းပြန်မပို့ဘဲ သူတို့တိုင်းပြည်ကို တခြားလမ်းနဲ့ ပြန်သွားကြတယ်။ ဒါကြောင့် ဟေရုဒ် အကြီးအကျယ် ဒေါသထွက်နေပြီ။ ယေရှုကို သတ်ချင်နေတုန်းပဲမို့ ဘက်သလီဟင်မြို့နဲ့ ပတ်ဝန်းကျင် အရပ်ရပ်မှာရှိတဲ့ အသက်နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျားမှန်သမျှကို သတ်ဖို့ အမိန့်ထုတ်လိုက်တယ်။ ကလေးရဲ့ အသက်ကို သူတွက်ချက်နိုင်တာက အရှေ့အရပ်ကလာတဲ့ နက္ခတ်ဗေဒင်ဆရာတွေဆီမှာ အတိအကျ မေးထားလို့ပဲ။

မိခင်ဖြစ်သူရဲ့လက်ထဲက သားလေးကို လုယူနေတဲ့ စစ်သား

သားယောက်ျားလေး မှန်သမျှကို သတ်ပစ်လိုက်တာက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲ။ ကလေး ဘယ်နှစ်ယောက် အသတ်ခံလိုက်ရတယ်ဆိုတာ အတိအကျ မသိနိုင်ဘူး။ ဒါပေမဲ့ ဝမ်းနည်းနေတဲ့ မိခင်တွေ ရှိုက်ကြီးတငင် ငိုကြွေးမြည်တမ်းကြမယ်ဆိုပြီး ပရောဖက်ယေရမိ ကြိုဟောတဲ့ကျမ်းစကား ပြည့်စုံလာတယ်။—ယေရမိ ၃၁:၁၅။

အဲဒီအချိန်အတွင်း ယောသပ်နဲ့ သူ့မိသားစုဟာ အီဂျစ်ပြည်ကို ထွက်ပြေးပြီး အဲဒီမှာ ဆက်နေကြတယ်။ တစ်ညမှာတော့ ယေဟောဝါရဲ့ ကောင်းကင်တမန်က ယောသပ်ရဲ့ အိပ်မက်မှာ ထပ်ပေါ်လာပြီး “ထတော့။ ကလေးနဲ့ ဇနီးကို ခေါ်ပြီး အစ္စရေးပြည်ကို ပြန်ပါ။ ကလေးကို သတ်ချင်တဲ့သူတွေ သေကုန်ပြီ” လို့ပြောတယ်။ (မဿဲ ၂:၂၀) ဒါကြောင့် ယောသပ်က သူ့မိသားစုကိုခေါ်ပြီး နေရင်းပြည်ကို ပြန်လာတယ်။ ဒီနည်းနဲ့ ဘုရားရဲ့သားကို အီဂျစ်ပြည်ကနေ ခေါ်ခဲ့မယ်ဆိုတဲ့ ကျမ်းစာကြိုဟောချက် ပြည့်စုံလာတယ်။—ဟောရှေ ၁၁:၁။

ယောသပ်ဟာ ယုဒပြည်မှာ အခြေချဖို့ စိတ်ကူးထားပုံရတယ်။ အီဂျစ်ပြည်ကို ထွက်မပြေးခင် သူတို့နေခဲ့တဲ့ ဘက်သလီဟင်မြို့နားမှာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခု ယုဒပြည်မှာ ဟေရုဒ်ရဲ့သားဆိုး အာခေလ အုပ်ချုပ်နေတဲ့အကြောင်း သူကြားတယ်။ ဘုရားကလည်း အန္တရာယ်ရှိတယ်လို့ အိပ်မက်ကနေ ယောသပ်ကို ထပ်သတိပေးလာတယ်။ ဒါကြောင့် ယောသပ်နဲ့ မိသားစုဟာ မြောက်ဘက်ကိုသွားပြီး ဂါလိလဲနယ်၊ နာဇရက်မြို့မှာ အခြေချကြတယ်။ ဂျူးဘာသာရေး အချက်အချာနဲ့ ဝေးတဲ့ အဲဒီအသိုင်းအဝိုင်းမှာ ယေရှု ကြီးပြင်းလာတယ်။ ဒီလိုနဲ့ “သူ့ကို နာဇရက်မြို့သားလို့ ခေါ်ကြလိမ့်မယ်” ဆိုတဲ့ နောက်ကြိုဟောချက်တစ်ခု ပြည့်စုံလာတယ်။—မဿဲ ၂:၂၃။

  • နက္ခတ်ဗေဒင်ဆရာတွေ ပြန်မလာတဲ့အခါ ဟေရုဒ်မင်း ဘာလုပ်သလဲ။ ယေရှုလေး ဘယ်လို ကာကွယ်ခံရသလဲ။

  • အီဂျစ်ပြည်က အပြန်မှာ ယောသပ်နဲ့ မိသားစုက ဘက်သလီဟင်မြို့ကို ဘာဖြစ်လို့ မပြန်တာလဲ။

  • အဲဒီအချိန်အတွင်း ဘယ်ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ