ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၈ စာ. ၉၆-စာ. ၉၇ ပိုဒ်. ၇
  • ယေရှုဆီကနေ ယောဟန်သိချင်တဲ့အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုဆီကနေ ယောဟန်သိချင်တဲ့အရာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဟန်ယုံကြည်ခြင်း ကင်းမဲ့သလော
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘယ်သူလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေရှု တိုးတက်နေပြီး ယောဟန် ဆုတ်ယုတ်သွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၈ စာ. ၉၆-စာ. ၉၇ ပိုဒ်. ၇
နှစ်ခြင်းပေးသူယောဟန် ထောင်ထဲမှာ တစ်ယောက်တည်းထိုင်နေ

အခန်း ၃၈

ယေရှုဆီကနေ ယောဟန် သိချင်တဲ့အရာ

မဿဲ ၁၁:၂-၁၅ လုကာ ၇:၁၈-၃၀

  • ယေရှုရဲ့ အခန်းကဏ္ဍအကြောင်း နှစ်ခြင်းပေးသူယောဟန် မေး

  • ယောဟန်ကို ယေရှုချီးမွမ်း

နှစ်ခြင်းပေးသူယောဟန် ထောင်ကျနေတာ တစ်နှစ်လောက်ရှိပြီ။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေအကြောင်း သူကြားနေရတုန်းပဲ။ သူ့တပည့်တွေက နာအိနမြို့မှာ မုဆိုးမသားကို ယေရှု အသက်ပြန်ရှင်စေတဲ့အကြောင်း ပြောပြတဲ့အခါ သူဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ မေရှိယ ဟုတ်မဟုတ်ဆိုတာနဲ့ ပတ်သက်ပြီး ယေရှုဆီကနေ သူ တိုက်ရိုက်သိချင်နေတာ။ ဒါကြောင့် သူ့တပည့်နှစ်ယောက်ကို ယေရှုဆီလွှတ်ပြီး “ခင်ဗျားဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့သူလား၊ နောက်တစ်ယောက်ကို စောင့်မျှော်ရမှာလား” လို့မေးခိုင်းလိုက်တယ်။—လုကာ ၇:၁၉။

အဲဒီမေးခွန်းက ထူးဆန်းပုံပေါက်တယ် မဟုတ်လား။ ယောဟန်ဟာ ဘုရားတရားကိုင်းရှိုင်းသူပါ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ယေရှုကို နှစ်ခြင်းပေးချိန်မှာ ယေရှုအပေါ် ဘုရားရဲ့စွမ်းအားတော် သက်ရောက်တာကို သူမြင်ခဲ့ရပြီး ဘုရားရဲ့အသံကိုလည်း ကြားခဲ့ရတယ်။ ဒါကြောင့် ယောဟန် ယုံကြည်ခြင်းအားနည်းသွားတာ မဖြစ်နိုင်ဘူး။ သူသာ ယုံကြည်ခြင်း အားနည်းသွားတယ်ဆိုရင် ဒီအချိန်မှာ သူ့အကြောင်း ယေရှု ချီးမွမ်းပြောဆိုမှာ မဟုတ်ဘူး။ သူသံသယဝင်နေတာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ ယေရှုကို အဲဒီမေးခွန်း မေးတာလဲ။

မေရှိယဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ယေရှုဆီကနေ ခိုင်လုံတဲ့ အတည်ပြုချက် လိုချင်နေတာပဲဖြစ်မယ်။ အဲဒါက ထောင်ကျနေချိန်မှာ သူ့ကို တော်တော်အားရှိစေမှာပဲ။ ယောဟန်ရဲ့မေးခွန်းမှာ တခြားအဓိပ္ပာယ်လည်း ရှိနိုင်တယ်။ ဘုရားဘိသိက်ပေးသူဟာ ဘုရင်လည်းဖြစ်၊ ကယ်တင်ရှင်လည်းဖြစ်မယ်ဆိုတာ ဖော်ပြထားတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကို သူကောင်းကောင်းသိတယ်။ ဒါပေမဲ့ ယေရှုနှစ်ခြင်းခံပြီးနောက်ပိုင်း သူထောင်ကျနေတာ လနဲ့ချီနေပြီ။ ဒါကြောင့် မေရှိယနဲ့ပတ်သက်ပြီး ကြိုဟောထားတာ အားလုံးကို ပြည့်စုံစေမယ့်သူ၊ ယေရှုကိုဆက်ခံမယ့်သူ ရောက်လာဦးမလားဆိုပြီး မေးနေတာ။

ခြေမသန်တဲ့ ယောက်ျားတစ်ယောက်နဲ့ မျက်မမြင်မိန်းမတစ်ယောက်၊ သူတို့ကို ယေရှုကုသပေးပြီးနောက် ပျော်ရွှင်နေကြ

ယေရှုက ‘ကျွန်တော်ဟာ ခင်ဗျားတို့ စောင့်မျှော်နေတဲ့သူပဲ’ လို့ပြောလိုက်မယ့်အစား ဖျားနာမှုတွေ၊ ရောဂါဝေဒနာတွေ အားလုံးကို ကုသပေးခြင်းအားဖြင့် သူ့မှာ ဘုရားရဲ့ ကျောထောက်နောက်ခံရှိကြောင်း သက်သေပြတယ်။ ယောဟန်ရဲ့တပည့်တွေကို သူ ဒီလိုပြောတယ်– “မျက်မမြင်တွေ ပြန်မြင်လာပြီ။ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ ကြားရပြီ။ သေလွန်သူတွေ အသက် ပြန်ရှင်လာပြီ။ ဆင်းရဲသားတွေ သတင်းကောင်း ကြားရပြီ။”—မဿဲ ၁၁:၄၊ ၅။

ယောဟန်ရဲ့မေးခွန်းက ယေရှုဟာ အခုလုပ်နေတာတွေထက် ပိုလုပ်ဦးမလား၊ သူ့ကိုလည်း ထောင်ကလွတ်အောင် လုပ်ပေးမလားဆိုတဲ့ သဘောမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ သူအခုလုပ်နေတဲ့ အံ့ဖွယ်အမှုတွေထက် ပိုမမျှော်လင့်ဖို့ ယောဟန်ကို ယေရှု ပြောနေတာ။

ယောဟန်ရဲ့တပည့်တွေ ထွက်သွားတဲ့အခါ ယေရှုက ယောဟန်ဟာ ပရောဖက်လောက်ပဲ မဟုတ်ဘူးဆိုပြီး လူအုပ်ကိုပြောတယ်။ သူဟာ မာလခိ ၃:၁ မှာကြိုဟောထားတဲ့ ယေဟောဝါဘုရားရဲ့ “စေတမန်” ဖြစ်တယ်။ မာလခိ ၄:၅၊ ၆ မှာကြိုဟောထားတဲ့ ပရောဖက်ဧလိယလည်း ဖြစ်တယ်။ ဒါကြောင့် ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ အသက်ရှင်ခဲ့သမျှ လူတွေထဲမှာ နှစ်ခြင်းပေးသူ ယောဟန်ထက် ကြီးမြတ်တဲ့သူ မပေါ်သေးဘူး။ ဒါပေမဲ့ ကောင်းကင်နိုင်ငံမှာ အဆင့်နိမ့်တဲ့သူဟာ ယောဟန်ထက် ကြီးမြတ်တယ်” လို့ရှင်းပြတယ်။—မဿဲ ၁၁:၁၁။

ကောင်းကင်နိုင်ငံမှာ အဆင့်နိမ့်တဲ့သူဟာ ယောဟန်ထက် ပိုကြီးမြတ်တယ်လို့ ယေရှုပြောတာက ကောင်းကင်နိုင်ငံကို ယောဟန်ဝင်ရမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ယောဟန်ဟာ ယေရှုအတွက် လမ်းပြင်ဆင်ပေးခဲ့ပေမဲ့ ကောင်းကင်သွားမယ့်လမ်းကို ခရစ်တော် မဖွင့်ပေးခင် သေဆုံးသွားခဲ့တယ်။ (ဟီဘရူး ၁၀:၁၉၊ ၂၀) ဒါပေမဲ့ သူဟာ ဘုရားရဲ့ သစ္စာရှိပရောဖက်ဖြစ်ပြီး ဘုရားနိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ခွင့် ရပါလိမ့်မယ်။

  • ယောဟန်က သူစောင့်မျှော်နေတဲ့သူဟာ ယေရှုလား ဒါမှမဟုတ် နောက်တစ်ယောက်ကို စောင့်မျှော်ရမှာလားဆိုပြီး ဘာဖြစ်လို့ မေးတာလဲ။

  • ဘယ်ပရောဖက်ပြုချက်တွေကို နှစ်ခြင်းပေးသူယောဟန် ပြည့်စုံစေတယ်လို့ ယေရှုပြောသလဲ။

  • နှစ်ခြင်းပေးသူယောဟန်က ယေရှုနဲ့အတူ ကောင်းကင်နိုင်ငံဝင်ခွင့်မရတာ ဘာကြောင့်လဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ