ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉၀ စာ. ၂၁၂-စာ. ၂၁၃ ပိုဒ်. ၇
  • ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထမြောက်ခြင်းမျှော်လင့်ချက်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ထမြောက်ခြင်းမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “ကျွန်မ ယုံပါသည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “ကျွန်မ ယုံပါတယ်”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉၀ စာ. ၂၁၂-စာ. ၂၁၃ ပိုဒ်. ၇
ယေရှုနဲ့မာရိ ငိုနေတာကို တခြားသူတွေကြည့်နေ

အခန်း ၉၀

“ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူ”

ယောဟန် ၁၁:၁၇-၃၇

  • လာဇရုသေပြီးနောက် ယေရှု ရောက်လာ

  • “ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူ”

မာသ ယေရှုကိုတွေ့ဖို့ အပြေးလာ

ယေရှုက ပေရိယနယ်ကနေ ဂျေရုဆလင်မြို့ အရှေ့ဘက် နှစ်မိုင်လောက်ဝေးတဲ့ ဗေသနိရွာနားကို ရောက်လာတယ်။ မာရိနဲ့ မာသက သူတို့မောင် လာဇရု သိပ်မကြာခင်က ဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေတယ်။ သူတို့ကို နှစ်သိမ့်ဖို့ လူအများကြီး ရောက်နေတယ်။

ယေရှု လာနေတယ်လို့ လူတစ်ယောက် သတင်းပို့တဲ့အခါ မာသက ခရီးဦးကြိုပြုဖို့ အမြန်ထွက်သွားတယ်။ ယေရှုကိုတွေ့တော့ “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး” လို့ပြောတယ်။ လွန်ခဲ့တဲ့ လေးရက်တုန်းက သူတို့ညီအစ်မ အဲဒီလို တွေးနေတာဖြစ်မယ်။ ဒါပေမဲ့ မာသမှာ မျှော်လင့်ချက် ရှိနေတုန်းပဲ။ “သခင်သာ တောင်းမယ်ဆိုရင် ဘုရားသခင်က ဘာမဆိုပေးမယ်ဆိုတာ ကျွန်မသိပါတယ်” လို့သူပြောတယ်။ (ယောဟန် ၁၁:၂၁၊ ၂၂) လာဇရုကို ယေရှု ထမြောက်ပေးနိုင်မှန်း မာသ သိတယ်။

“ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” လို့ ယေရှု ပြောလိုက်တဲ့အခါ မာသက အာဗြဟံနဲ့ တခြားသူတွေ မျှော်လင့်ခဲ့တဲ့ မြေကြီးပေါ် အနာဂတ် ရှင်ပြန်ထမြောက်ခြင်းကို ရည်ညွှန်းနေတာလို့ ထင်သွားတယ်။ အဲဒီလို တကယ်ဖြစ်လာမယ်ဆိုတာ ယုံကြည်ကြောင်း ပြတဲ့အနေနဲ့ “နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မသိပါတယ်” လို့ပြောတယ်။—ယောဟန် ၁၁:၂၃၊ ၂၄။

ဒါပေမဲ့ အခုချက်ချင်း ဝမ်းနည်းမှု ပျောက်သွားအောင် ယေရှု လုပ်ပေးနိုင်သလား။ မိမိမှာ သေခြင်းကို အောင်နိုင်တဲ့ ဘုရားပေးတန်ခိုးရှိမှန်း မာသ ပြန်သတိရသွားအောင် ယေရှု အခုလို ပြောတယ်– “ကျွန်တော့်ကို ယုံကြည်သက်ဝင်မယ်ဆိုရင် သေဆုံးသွားရင်တောင် အသက်ပြန်ရှင်လိမ့်မယ်။ ကျွန်တော့်ကို ယုံကြည်သက်ဝင်ပြီး အသက်ရှင်တဲ့သူဟာ ဘယ်တော့မှ သေရမှာမဟုတ်ဘူး။”—ယောဟန် ၁၁:၂၅၊ ၂၆။

ယေရှုက အသက်ရှင်နေတဲ့ တပည့်တွေ ဘယ်တော့မှ သေမှာမဟုတ်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ သူကိုယ်တိုင်တောင် သေရမယ်လို့ တမန်တော်တွေကို ပြောဖူးတယ်။ (မဿဲ ၁၆:၂၁။ ၁၇:၂၂၊ ၂၃) သူ့ကို ယုံကြည်သက်ဝင်မယ်ဆိုရင် ထာဝရအသက်ရနိုင်တယ်လို့ အလေးပေး ပြောနေတာ။ လူများစွာ ရှင်ပြန်ထမြောက်လာတဲ့အခါ အဲဒီအသက်ကို ရရှိမှာဖြစ်တယ်။ ဒီစနစ်အဆုံးမှာ အသက်ရှင်နေတဲ့ သစ္စာရှိသူ တချို့ကတော့ ဘယ်တော့မှ သေစရာမလိုဘဲ ထာဝစဉ် အသက်ရှင်နိုင်တယ်။ ဒီအခြေအနေ နှစ်ရပ်စလုံးမှာ ယေရှုကို ယုံကြည်သက်ဝင်သူဟာ ထာဝရသေခြင်းကို ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။

“ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ” လို့ အခုလေးတင်ပြောတဲ့ ယေရှုဟာ သေသွားတာ ရက်အနည်းငယ် ကြာပြီဖြစ်တဲ့ လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ပါ့မလား။ ယေရှုက “ဒါကို ယုံသလား” လို့ မာသကို မေးတော့ “ယုံပါတယ်၊ သခင်။ သခင်ဟာ ခရစ်တော်ဖြစ်မှန်း၊ ဒီလောကကိုလာတဲ့ ဘုရားသခင်ရဲ့သားဖြစ်မှန်း ကျွန်မယုံပါတယ်” လို့ဖြေတယ်။ အဲဒီနေ့မှာ ယေရှု တစ်ခုခု လုပ်ပေးနိုင်တယ်လို့ မာသ ယုံကြည်တဲ့အတွက် အိမ်ကို အမြန်ပြန်သွားပြီး သူ့ညီမ မာရိကို “ဆရာရောက်လာပြီ။ နင့်ကို ခေါ်နေတယ်” လို့ တိုးတိုးလေး ပြောလိုက်တယ်။ (ယောဟန် ၁၁:၂၅-၂၈) မာရိလည်း အိမ်ကနေထွက်လာတယ်။ ဒါကို တခြားသူတွေမြင်တော့ လာဇရုရဲ့သင်္ချိုင်းဆီ သွားတယ်လို့ထင်ပြီး နောက်ကနေ လိုက်လာကြတယ်။

တကယ်တော့ မာရိက ယေရှုဆီသွားတာဖြစ်ပြီး ယေရှုကို မြင်တာနဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး ငိုတယ်။ အဲဒီနောက် သူ့အစ်မပြောသလိုပဲ “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး” လို့ ထပ်ပြောတယ်။ ယေရှုက မာရိရော လိုက်လာတဲ့လူအုပ်ပါ ငိုနေတာကို မြင်တဲ့အခါ ဝမ်းနည်းသွားပြီး မျက်ရည်ကျတယ်။ ဒါကိုမြင်တဲ့သူတွေလည်း စိတ်ထိခိုက်သွားကြတယ်။ တချို့ကျတော့ “မျက်မမြင်ကို ပြန်မြင်အောင်လုပ်ပေးတဲ့ ဒီလူက လာဇရုမသေအောင်ရော မလုပ်နိုင်ဘူးလား” လို့ပြောကြတယ်။—ယောဟန် ၁၁:၃၂၊ ၃၇။

  • ဗေသနိရွာနားကို ယေရှုရောက်တဲ့အခါ အခြေအနေ ဘယ်လိုရှိသလဲ။

  • ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ဖို့ မာသမှာ ဘယ်အကြောင်းရင်းရှိသလဲ။

  • လာဇရုအတွက် တစ်ခုခု လုပ်ပေးနိုင်တယ်ဆိုတာ ယေရှု ဘယ်လို ဖော်ပြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ