ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ypq မေးခွန်း ၃ စာ. ၉-၁၁
  • မိဘတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံမလဲ
  • လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မိဘကို ငါဘယ်လို စကားပြောနိုင်မလဲ
    နိုးလော့!—၂၀၀၉
  • ချစ်မြတ်နိုးခံလိုစိတ်
    နိုးလော့!—၂၀၀၆
  • “ဣသရေလအမျိုးကိုတည်ထောင်သော” စိတ်သောကရောက်ခဲ့သည့်ညီအစ်မများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
ypq မေးခွန်း ၃ စာ. ၉-၁၁
အဖေ​စကားပြောနေတာ လှည့်မကြည့်တဲ့ ​လူငယ်

မေးခွန်း ၃

မိဘတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံမလဲ

ဘာကြောင့်အရေးကြီးတာလဲ

မိဘတွေနဲ့ အဆင်ပြေအောင်နေတာ ကောင်းပါတယ်။ သင့်ဘဝ ပိုပြီးသာယာပျော်ရွှင်လာပါလိမ့်မယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ ဗုဒ္ဓဟူးနေ့ညမှာ၊ ၁၇ နှစ်အရွယ် ဂျက်ဖ်က အိမ်မှာလုပ်စရာရှိတာတွေ လုပ်ပြီးသွားလို့ အေးအေးဆေးဆေးနားတော့မယ်ဆိုပြီး စိတ်ကူးလိုက်တယ်။ ဒါနဲ့ တီဗီကိုဖွင့်ပြီး ထိုင်နေကျခုံပေါ်မှာ ကျကျနနထိုင်လိုက်တယ်။

အဲဒီအချိန်မှာပဲ အဖေရောက်လာတယ်။ ကြည့်ရတာ စိတ်ရှုပ်နေပုံပဲ။

“ဂျက်ဖ်၊ တီဗီကြည့်ပြီး ဘာလို့အချိန်ဖြုန်းနေတာလဲ။ ညီလေးကို အိမ်စာကူလုပ်ပေးရအုံးမယ် မဟုတ်လား။ မင်းဟာလေ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်ဘူး။”

“ပြဿနာရှာပြန်ပြီ” လို့ ဂျက်ဖ် မကြားတကြားပြောလိုက်တယ်။

အဖေ ရှေ့တိုးလာပြီး “မင်း ဘာပြောလိုက်တာလဲ၊ ပြန်ပြောစမ်း” လို့ပြောတော့

“ဘာမှမဟုတ်ဘူး” ဆိုပြီး ဂျက်ဖ်က မျက်ခုံးတွန့်ပြီး ပြောလိုက်တယ်။

အဖေ ဒေါသပေါက်ကွဲပြီ။ “ငါ့ကို ဒီလိုလေသံမျိုးနဲ့ လာမပြောနဲ့” လို့ ပြန်အော်တယ်။

သင်သာ ဂျက်ဖ်ဆိုရင် အဲဒီလိုစကားများတဲ့အခြေအနေထိ မရောက်အောင် ဘယ်လိုလုပ်နိုင်သလဲ။

ပြန်စဉ်းစားကြည့်ပါ

မိဘတွေနဲ့ ပြောဆိုဆက်ဆံတာက ကားမောင်းတာနဲ့တူတယ်။ လမ်းပိတ်ထားတယ်ဆိုရင်တောင် တခြားလမ်းကနေ သွားမှာပဲ။

ဥပမာ–

နှင်းနှင်းဆိုတဲ့ကောင်မလေး အခုလိုပြောတယ်– “အဖေနဲ့စကားပြောဖို့ ခက်တယ်။ တစ်ခါတလေဆို ကိုယ်ပြောတဲ့စကားကို အာရုံမစိုက်ပေးဘူး။ ပြောနေတာ နည်းနည်းကြာတော့မှ ‘ဪ၊ အဖေ့ကို ပြောနေတာလား’ ဆိုပြီး ပြောတတ်တယ်။”

နှင်းနှင်းမှာ အနည်းဆုံး ရွေးချယ်စရာသုံးခု ရှိတယ်။

  1. က။ အဖေ့ကို အော်ပြောတယ်။

    “အရေးကြီးတဲ့ကိစ္စ ပြောနေတာကို။ နားထောင်ပါအုံး” လို့ နှင်းနှင်း အော်ပြောလိုက်တယ်။

  2. ခ။ အဖေနဲ့ စကားမပြောတော့ဘူး။

    နှင်းနှင်းက သူ့အခက်အခဲကို အဖေ့ကိုပြောပြဖို့ စဉ်းစားထားပေမဲ့ မပြောတော့ဘူး။

  3. ဂ။ အဆင်ပြေမယ့်အချိန်ကို စောင့်ပြီး အကြောင်း အရာကို ပြန်ဆွေးနွေးတယ်။

    နှင်းနှင်းက နောက်ပိုင်းကျမှ သူ့ပြဿနာကို အဖေနဲ့ မျက်နှာချင်းဆိုင် စကားပြောမယ် ဒါမှမဟုတ် စာရေးပြီး အသိပေးမယ်။

နှင်းနှင်း ဘယ်တစ်ခုကို ရွေးချယ်သင့်တယ်လို့ သင် ထင်သလဲ။

စဉ်းစားကြည့်ပါ– နှင်းနှင်းရဲ့အဖေက စိတ်ရှုပ်နေတဲ့အတွက် သမီးဖြစ်သူ အခက်အခဲကြုံနေတာကို သတိမထားမိဘူး။ နှင်းနှင်းက ရွေးချယ်စရာ က ကို ရွေးတယ်ဆိုပါစို့။ အော်ပြောရတဲ့အကြောင်းရင်းကို အဖေနားလည်မှာ မဟုတ်ဘူး။ ဒါ့အပြင် သူပြောတဲ့စကားတွေကို အဖေ နားထောင်ချင်မှာ မဟုတ်သလို အဖေ့ကို မရိုသေရာလည်း ရောက်တယ်။ (ဧဖက် ၆:၂) ဒါဆိုရင် နှင်းနှင်း လိုချင်တဲ့အကူအညီလည်း ရတော့မှာမဟုတ်ဘူး။

အတားအဆီးရှိတဲ့ လမ်းပေါ် မောင်းလာနေတဲ့ ကားတစ်စီး

လမ်းပိတ်ဆို့နေပေမဲ့ တခြားလမ်းကနေ ဆက်သွားနိုင်သလို မိဘတွေနဲ့ ပြောဆိုဆက်သွယ်နိုင်မယ့်နည်းကိုလည်း ရှာတွေ့နိုင်

ရွေးချယ်စရာ ခ ကတော့ အလွယ်ဆုံးဖြစ်ပေမဲ့ အကောင်းဆုံးတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ နှင်းနှင်းအနေနဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် အဖေနဲ့စကားပြောဖို့လိုတယ်။ အဖေကလည်း အကူအညီပေးချင်တယ်ဆိုရင် သူ့သမီး ဘာတွေကြုံနေရတယ်ဆိုတာ သိဖို့လိုတယ်။ စကားမပြောဘဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ရွေးချယ်စရာ ဂ မှာတော့ နှင်းနှင်းက လမ်းပိတ်ဆို့မှုနဲ့ကြုံရပေမဲ့ လက်မလျှော့ဘူး။ အဲဒီအစား သူ့ပြဿနာကို တခြားအချိန်မှာ ပြောပြဖို့ကြိုးစားတယ်။ အဖေ့ကို စာရေးပြီးပြောပြဖို့ ရွေးချယ်မယ်ဆိုရင် ချက်ချင်းစိတ်သက်သာရာရနိုင်တယ်။

စာရေးပြီးပြောတဲ့အတွက် သူပြောချင်တာကိုလည်း စီကာပတ်ကုံး ပြောပြလို့ရတယ်။ အဖေက အဲဒီစာကို ဖတ်တဲ့အခါ သူဘာပြောချင်သလဲဆိုတာသိပြီး သူ့ပြဿနာကို ပိုနားလည်လာမှာဖြစ်တယ်။ ဒါကြောင့် ရွေးချယ်စရာ ဂ ဟာ နှင်းနှင်းနဲ့သူ့အဖေ နှစ်ယောက်စလုံးအတွက် အကျိုးရှိတယ်။ မျက်နှာချင်းဆိုင်ပြီးပြောတာပဲဖြစ်ဖြစ်၊ စာရေးပြီးပြောတာပဲဖြစ်ဖြစ် ‘ငြိမ်သက်ခြင်းရှိစေတဲ့အရာကို လုပ်ဆောင်ပါ’ ဆိုတဲ့ ကျမ်းစာတိုက်တွန်းချက်ကို လိုက်နာရာရောက်တယ်။—ရောမ ၁၄:၁၉။

နှင်းနှင်းမှာ တခြားဘာရွေးချယ်စရာတွေ ရှိသေးလဲ။

သင်စဉ်းစားမိတာရှိရင် အောက်မှာရေးချပါ။ ဘာအကျိုးရမလဲဆိုတာကိုလည်း ရေးပါ။

သမ္မာကျမ်းစာထဲက ပညာရှိအကြံဉာဏ်

“မိဘကို ရိုသေသမှုပြုလော့။”—ဧဖက် ၆:၂။

‘သင်တို့၏စကားသည် အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။’—ကောလောသဲ ၄:၆။

“နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။”—ယာကုပ် ၁:၁၉။

နားလည်မှုလွဲစေတဲ့စကားမျိုးကို ရှောင်ပါ

သင်ပြောချင်တာကတစ်မျိုး၊ မိဘတွေနားလည်တာကတစ်မျိုး ဖြစ်သွားတတ်တယ်ဆိုတာ သတိရပါ။

ဥပမာ–

မိဘတွေက သင့်ကို ‘ဘာကြောင့်မျက်နှာမကောင်းတာလဲ’ လို့မေးတယ်ဆိုပါစို့။ သင်က “အဲဒီအကြောင်း မပြောချင်ဘူး” လို့ပြောလိုက်တယ်။

ဒါပေမဲ့ မိဘတွေဘက်ကကျတော့ “သူငယ်ချင်းတွေကိုပဲ ရင်ဖွင့်မယ်။ မိဘတွေကိုတော့ မပြောချင်ဘူး” ဆိုပြီး နားလည်သွားတယ်။

သင်က ပြဿနာတစ်ခုကြုံနေရပြီး မိဘတွေက ‘ဘာကူညီပေးရမလဲ’ လို့မေးတယ်ဆိုပါစို့။ သင်က “အဖေအမေတို့ စိတ်မပူပါနဲ့။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်တယ်” လို့ပြောလိုက်တယ်။

  • မိဘတွေ ဒီလိုနားလည်သွားနိုင်တယ်–

  • ပိုကောင်းအောင် ဒီလိုပြောနိုင်တယ်–

လက်တွေ့လုပ်ကြည့်ပါ

  • မိဘတွေနဲ့ စကားမပြောချင်တဲ့အခါ ငါဘာလုပ်နိုင်သလဲ။

  • မိဘတွေက ငါမပြောချင်တဲ့ကိစ္စကို အတင်းပြောခိုင်းတယ်ဆိုရင် ငါဘာလုပ်နိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ