ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ypq မေးခွန်း ၉ စာ. ၂၇-၂၉
  • ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သင့်သလား
  • လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၂
    လူငယ်များအမေး
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း  ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ
    လူငယ်များအမေး
  • ဆင့်ကဲအယူအဆနှင့် သမ္မာကျမ်းစာ ကိုက်ညီပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ငါ့ရဲ့ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
ypq မေးခွန်း ၉ စာ. ၂၇-၂၉
စာသင်ခန်းမှာ ကျောင်းသားတွေ ဦးခေါင်းခွံကို ကြည့်နေ

မေးခွန်း ၉

ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သင့်သလား

ဘာကြောင့်အရေးကြီးတာလဲ

ဆင့်ကဲဖြစ်စဉ်က မှန်တယ်ဆိုရင် ဘဝက ဘာမှ အဓိပ္ပာယ်ရှိတော့မှာမဟုတ်ဘူး။ ဖန်ဆင်းခြင်းက မှန်တယ်ဆိုရင် ဘဝနဲ့ပတ်သက်တဲ့၊ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ကျေနပ်ဖွယ်ရရှိနိုင်တယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ကျော်ကျော်တစ်ယောက် စိတ်ရှုပ်နေတယ်။ သူက ဘုရားသခင်နဲ့ ဖန်ဆင်းခြင်းကို အမြဲယုံကြည်လက်ခံထားတာ။ ဒါပေမဲ့ ဒီနေ့ ဇီဝဗေဒ ဆရာက ဆင့်ကဲဖြစ်စဉ်က မှန်တယ်၊ သိပ္ပံတွေ့ရှိချက်တွေအပေါ် အခြေခံတယ်လို့ အခိုင်အမာ ပြောနေတယ်။ တခြားသူတွေနဲ့ အမြင်မတူတဲ့သူလို့ ကျော်ကျော် အထင်မခံချင်ဘူး။ ‘တကယ်လို့ သိပ္ပံပညာရှင်တွေက ဆင့်ကဲဖြစ်စဉ်ဟာ မှန်တယ်လို့ သက်သေပြနိုင်ရင် ငါက ဘာမို့လို့လဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။

သင်သာ ကျော်ကျော့်နေရာမှာဆိုရင် သင်ရိုးစာအုပ်တွေမှာ ဆင့်ကဲဖြစ်စဉ်က မှန်တယ်ဆိုပြီး ဖော်ပြထားရုံနဲ့ အဲဒါကို လက်ခံလိုက်မှာလား။

ပြန်စဉ်းစားကြည့်ပါ

ဖန်ဆင်းခြင်းကို ယုံတဲ့သူရော၊ ဆင့်ကဲဖြစ်စဉ်ကို ယုံတဲ့သူရော သူတို့ ဘာကိုယုံကြည်တယ်ဆိုတာ အလွယ်တကူ ပြောကြတယ်။ ဒါပေမဲ့ ဘာကြောင့် ယုံကြည်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိကြဘူး။

  • ဖန်ဆင်းခြင်းကို လူတချို့ ယုံကြည်ကြတယ်။ ချာ့ချ်မှာ သင်ပေးလို့ပဲ။

  • ဆင့်ကဲဖြစ်စဉ်ကို လူတချို့ ယုံကြည်ကြတယ်။ ကျောင်းမှာ သင်ပေးလို့ပဲ။

စဉ်းစားစရာ မေးခွန်းခြောက်ခု

“အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏” လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၃:၄) အဲဒါကို ယုံကြည်စိတ်ချနိုင်သလား။

​လူငယ်တစ်ယောက် အိမ်တစ်လုံးကိုကြည့်နေ

အသက်ကို ဖန်ဆင်းပြုလုပ်သူမရှိဘူးလို့ ပြောတာက အိမ်တစ်လုံးကို ဆောက်လုပ်တဲ့သူမရှိဘူးလို့ ပြောတာနဲ့တူ

ပြောဆိုချက်– စကြဝဠာအတွင်းမှာရှိတဲ့ အရာအားလုံးက မဟာပေါက်ကွဲမှုကြီးတစ်ခုကြောင့် ဖြစ်လာတယ်။

၁။ ဘယ်သူ ဒါမှမဟုတ် ဘာက အဲဒီပေါက်ကွဲမှုကြီးကို ဖြစ်စေခဲ့တာလဲ။

၂။ ဘယ်ဟာက ပိုပြီး ယုတ္တိတန်သလဲ—အရာအားလုံးက အလိုလိုဖြစ်လာတာလား၊ တစ်စုံတစ်ဦးကြောင့် ဖြစ်လာတာလား။

ပြောဆိုချက်– တိရစ္ဆာန်ကနေ အဆင့်ဆင့်ပြောင်းလဲပြီး လူဖြစ်လာတယ်။

၃။ ဥပမာ၊ လူက မျောက်ဝံလိုမျိုး တိရစ္ဆာန်ကနေ အဆင့်ဆင့်ပြောင်းလဲလာတယ်ဆိုရင် အဲဒီမျောက်ဝံတွေနဲ့ လူကြားမှာ ဉာဏ်ရည်ဉာဏ်သွေးက ဘာကြောင့် ဒီလောက်တောင် ကွာဟနေရတာလဲ။

၄။ သက်ရှိတွေရဲ့ “အခြေခံ” အကျဆုံးဆဲလ်တွေက ဘာကြောင့် ဒီလောက်တောင် ရှုပ်ထွေးဆန်းကြယ်ရတာလဲ။

ပြောဆိုချက်– ဆင့်ကဲဖြစ်စဉ်က အထောက်အထားအခိုင်အလုံရှိတဲ့ အဖြစ်မှန်ဖြစ်တယ်။

၅။ ဒီလိုပြောဆိုတဲ့သူကိုယ်တိုင် အထောက်အထားကို စစ်ဆေးစုံစမ်းပြီးပြီလား။

၆။ အသိဉာဏ်ရှိတဲ့သူတွေက ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ကြတယ်လို့ပြောလို့သာ အဲဒါကို လက်ခံယုံကြည်ကြသူ ဘယ်လောက်တောင် များနေသလဲ။

“တကယ်လို့ သင်က တောအုပ်တစ်ခုထဲမှာ လမ်းလျှောက်သွားရင်း လှပတဲ့အိမ်လေးတစ်လုံးကို တွေ့တဲ့အခါ ‘အံ့ဩစရာကောင်းလိုက်တာ၊ ဒီအိမ်က သစ်ပင်တစ်ပင်လဲကျသွားလို့ ဖြစ်လာတာ’ လို့ ပြောမလား။ ဘယ်ပြောပါ့မလဲ။ အဲဒီလို ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီလိုပဲ စကြဝဠာထဲမှာရှိတဲ့အရာအားလုံးက သူ့အလိုလိုဖြစ်လာတယ်ဆိုတာကလည်း ဘယ်ဖြစ်နိုင်ပါ့မလဲ။” —ဂျူလီယာ။

“ပုံနှိပ်တိုက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်၊ ပြီးတော့ မင်တွေက နံရံနဲ့ မျက်နှာကြက်တွေမှာ စဉ်ကုန်ပြီး တကယ့်ကို နက်နဲရှုပ်ထွေးလှတဲ့ အဘိဓာန်တစ်ခု ဖြစ်ပေါ်လာတယ်လို့ တစ်ယောက်ယောက်က သင့်ကို ပြောတယ်လို့ စဉ်းစားကြည့်ပါ။ ဒါကို သင်ယုံမလား။”—ဂဝဲန်။

ဘုရားသခင်ကို ဘာကြောင့်ယုံကြည်တာလဲ

ကျွန်တော်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုဖို့ ကျမ်းစာက အားပေးတယ်။ (ရောမ ၁၂:၁) ဆိုလိုတာက ဘုရားသခင်တည်ရှိတာကို ယုံကြည်ရတဲ့ အကြောင်းရင်းက အောက်မှာဖော်ပြထားတဲ့ အချက်တွေအပေါ်ပဲ အခြေမပြုသင့်ဘူး–

  • စိတ်ခံစားချက် (သာလွန်မြင့်မားတဲ့ စွမ်းအားတစ်ခုခု ရှိရမယ်ဆိုပြီး ကိုယ်တိုင် ခံစားရလို့)

  • တခြားသူတွေရဲ့သြဇာလွှမ်းမိုးမှု (ဘုရားသခင်ကို ယုံကြည်တဲ့အသိုင်းအဝိုင်းမှာ နေထိုင်လို့)

  • ဖိအားပေးမှု (ဘုရားသခင်ရှိတာကို ယုံကြည်ဖို့ မိဘတွေ အတင်းဖိအားပေးလို့)

အဲဒီအစား ခိုင်လုံတဲ့အကြောင်းပြချက်တွေအပေါ် အခြေခံပြီး ယုံကြည်သင့်တယ်။

“အတန်းထဲမှာ ဆရာက လူ့ခန္ဓာကိုယ်လုပ်ဆောင်ပုံအကြောင်း ရှင်းပြတဲ့အခါ ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်မ အပြည့်အဝ ယုံကြည်တယ်။ အသေးငယ်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းလေးကအစ အစိတ်အပိုင်းအားလုံးမှာ လုပ်ဆောင်ချက် ကိုယ်စီရှိကြတယ်။ တချို့အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကျွန်မတို့ သိတောင်မသိလိုက်ဘူး။ လူ့ခန္ဓာကိုယ်ဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ။”—ထရေဇာ။

“မိုးမျှော်တိုက်ကြီးတွေ၊ သင်္ဘောကြီးတွေနဲ့ ကားတွေကို ကြည့်တဲ့အခါတိုင်း ‘ဒါတွေကို ဘယ်သူ လုပ်တာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ အသိဉာဏ်ရှိလူသားတွေပဲ ကားတွေကို တီထွင်နိုင်တာ။ ကားတစ်စီး ကောင်းကောင်းလည်ပတ်ဖို့ဆိုရင် အစိတ်အပိုင်းတွေ အံဝင်ခွင်ကျ ဖြစ်ဖို့လိုတယ်။ ကားတွေကို တီထွင်သူရှိရင် လူတွေကိုလည်း ဖန်ဆင်းတဲ့သူ ရှိရမယ်။”—ရစ်ချက်။

“သိပ္ပံပညာကို ပိုလေ့လာလေ ဆင့်ကဲဖြစ်စဉ် မှားတယ်ဆိုတာ တွေ့လာလေပဲ။ . . . ကျွန်တော့်အတွက်တော့ ဆင့်ကဲဖြစ်စဉ်ကို ယုံဖို့ခက်တယ်၊ ဖန်ဆင်းရှင်ကို ယုံကြည်ဖို့က ပိုလွယ်တယ်။”—အန်တိုနီ။

စဉ်းစားကြည့်ပါ

သိပ္ပံပညာရှင်တွေဟာ ဆင့်ကဲဖြစ်စဉ်အကြောင်း ဆယ်စုနှစ်ချီ သုတေသနတွေလုပ်ခဲ့ပေမဲ့လည်း သူတို့အားလုံး သဘောတူလက်ခံနိုင်မယ့် ရှင်းပြချက်တွေနဲ့ မရှင်းပြနိုင်သေးပါဘူး။ သိပ္ပံပညာရှင်တွေ အချင်းချင်းတောင် ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ယူဆချက်တွေ ကွဲနေသေးတယ်ဆိုရင် သင်လည်း ဒီအကြောင်းကို သေချာသုံးသပ်သင့်တယ် မဟုတ်လား။

လက်တွေ့လုပ်ကြည့်ပါ

  • သင့် အတန်းဖော်သူငယ်ချင်းက “ဘုရားသခင်ရှိတယ်လို့ ငါ မယုံဘူး၊ နင်ကော” လို့မေးရင် သင် ဘာပြန်ပြောမလဲ–

ထပ်လေ့လာကြည့်ပါ

ရွယ်တူချင်းတွေ ပြောဆိုရာ—ဘုရားသခင်ကို ယုံကြည်ရတဲ့ အကြောင်းရင်း

www.pr2711.com.mya မှာပါတဲ့ ရွယ်တူချင်းတွေ ပြောဆိုရာ—ဘုရားသခင်ကို ယုံကြည်ရတဲ့အကြောင်းရင်း ဗီဒီယိုကို ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာ တွေ့နိုင်တယ်– သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ