ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆ စာ. ၂၀-စာ. ၂၁ ပိုဒ်. ၅
  • လူရှစ်ယောက် အသက်ရှင်လွတ်မြောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူရှစ်ယောက် အသက်ရှင်လွတ်မြောက်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောဧသင်္ဘော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • လွှမ်းမိုးတဲ့ရေကြီး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • နောဧသင်္ဘောတစ်ခု ဆောက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆ စာ. ၂၀-စာ. ၂၁ ပိုဒ်. ၅
မိုးသည်းကြီးမည်းကြီး ရွာနေပြီး သင်္ဘော ပေါလောပေါ်နေ

သင်ခန်းစာ ၆

လူရှစ်ယောက် အသက်ရှင်လွတ်မြောက်

နောဧနဲ့ သူ့မိသားစု၊ တိရစ္ဆာန်တွေ သင်္ဘောထဲက ထွက်လာ

နောဧရယ် သူ့မိသားစုနဲ့ တိရစ္ဆာန်တွေ သင်္ဘောထဲဝင်ပြီးတာနဲ့ ယေဟောဝါ တံခါးပိတ်လိုက်တယ်။ အဲဒီနောက် မိုးစရွာလာတော့တယ်။ မိုးရွာလွန်းလို့ ရေတက်လာပြီး သင်္ဘောဟာ ရေပေါ် ပေါလောပေါ်လာတယ်။ နောက်ဆုံး ကမ္ဘာတစ်ခုလုံး ရေမြုပ်ကုန်တယ်။ သင်္ဘောအပြင်က လူဆိုးတွေအားလုံး သေကုန်ကြပြီ။ သင်္ဘောထဲက နောဧတို့မိသားစုကတော့ လုံလုံခြုံခြုံပဲ။ သူတို့ ယေဟောဝါစကား နားထောင်ခဲ့လို့ ကျေးဇူးတင်နေမှာပဲ။

နေ့ရောညပါ ရက် ၄၀ မိုးရွာပြီးမှ မိုးတိတ်သွားတယ်။ တဖြည်းဖြည်းနဲ့ ရေကျသွားပြီး သင်္ဘောကြီးဟာ တောင်ထိပ်ပေါ်မှာ တင်နေတယ်။ မြေတစ်ပြင်လုံး ရေဖုံးလွှမ်းနေသေးလို့ နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲကနေ ချက်ချင်း မထွက်နိုင်သေးဘူး။

တဖြည်းဖြည်းနဲ့ ရေခန်းခြောက်သွားတယ်။ နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲမှာ တစ်နှစ်ကျော် နေခဲ့ရပြီးမှ ထွက်လာနိုင်ပြီလို့ ယေဟောဝါ ပြောတယ်။ သူတို့မိသားစုဟာ အသက်ဆက်ရှင်ခွင့်ရလို့ ယေဟောဝါကို ကျေးဇူးတင်တဲ့အတွက် ပူဇော်ခဲ့ကြတယ်။

သက်တံ

အဲဒီလို ပူဇော်တာကို ယေဟောဝါ သဘောကျတယ်။ ကမ္ဘာချီ ရေလွှမ်းမိုးဘေးနဲ့ မဖျက်ဆီးတော့ဘူးလို့ ကတိပေးတယ်။ သက်သေအနေနဲ့ ကောင်းကင်မှာ သက်တံကို ပထမဆုံးအကြိမ် ပေါ်စေတယ်။ သက်တံကို တွေ့ဖူးလား။

ယေဟောဝါက နောဧမိသားစုကို သားသမီးတွေမွေးပြီး ကမ္ဘာကို ပြည့်စေပါလို့ ပြောတယ်။

“လူတွေဟာ နောဧ သင်္ဘောထဲ ဝင်တဲ့နေ့အထိ . . . ရေလွှမ်းမိုးဘေးရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်။” —မဿဲ ၂၄:၃၈၊ ၃၉

မေးခွန်း– သင်္ဘောတံခါးကို ယေဟောဝါ ပိတ်ပြီးနောက် ဘာဖြစ်သလဲ။ သက်တံကိုတွေ့ရင် ဘာကိုသတိရသလဲ။

ကမ္ဘာဦး ၇:၁–၉:၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ