ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈ စာ. ၂၆-စာ. ၂၇ ပိုဒ်. ၁
  • ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဗြဟံက ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်ရဲ့မိတ်ဆွေ–အာဗြဟံအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အာဗြဟံနှင့် စာရာ—သူတို့၏ယုံကြည်ခြင်းကို သင်တုပနိုင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈ စာ. ၂၆-စာ. ၂၇ ပိုဒ်. ၁
ဥရမြို့ကနေ ထွက်ခွာဖို့ အာဗြဟံနဲ့ စာရာ ထုပ်ပိုးပြင်ဆင်နေ

သင်ခန်းစာ ၈

ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ

ဘေဘယ်မြို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ဥရဆိုတဲ့ မြို့တစ်မြို့ ရှိတယ်။ အဲဒီမှာနေတဲ့ လူတွေက ယေဟောဝါကို မကိုးကွယ်ဘဲ တခြားဘုရားတွေကို ကိုးကွယ်ကြတယ်။ ဒါပေမဲ့ ဥရမြို့မှာ ယေဟောဝါကိုပဲ ကိုးကွယ်တဲ့ အာဗြဟံဆိုတဲ့ လူတစ်ယောက်ရှိတယ်။

ယေဟောဝါက အာဗြဟံကို “နေရင်းပြည်၊ ဆွေမျိုးသားချင်းတွေနဲ့ ဖခင်ရဲ့အိမ်ကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ” လို့ပြောတယ်။ ပြီးတော့ ဘုရားသခင်က ‘မင်းကို လူမျိုးကြီးဖြစ်စေပြီး ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ်’ လို့ ကတိပေးတယ်။

ယေဟောဝါက သူ့ကို ဘယ်နေရာ သွားခိုင်းမှန်း အာဗြဟံ မသိပေမဲ့ ယေဟောဝါကို သူ ယုံကြည်စိတ်ချတယ်။ ဒါနဲ့ အာဗြဟံနဲ့ သူ့ဇနီး စာရာ၊ သူ့အဖေ တေရ၊ သူ့တူ လောတတို့ဟာ ပစ္စည်းတွေကို ထုပ်ပိုးပြီး နာခံမှုရှိရှိ ခရီးရှည်ကို စတင်ကြတယ်။

အာဗြဟံနဲ့ သူ့မိသားစုဟာ ယေဟောဝါ မြင်စေချင်တဲ့ပြည် ရောက်တဲ့အခါ အာဗြဟံရဲ့ အသက် ၇၅ နှစ်ရှိပြီ။ အဲဒီပြည်ကို ခါနာန်ပြည်လို့ ခေါ်တယ်။ အဲဒီမှာ ယေဟောဝါက အာဗြဟံကို ‘မင်းမြင်နေရတဲ့ပြည်ကို မင်းရဲ့မျိုးနွယ်ကို ငါပေးမယ်’ လို့ ကတိပေးတယ်။ ဒါပေမဲ့ အာဗြဟံနဲ့ စာရာဟာ အသက်အတော်ကြီးနေပြီ။ ကလေးလည်း မရှိဘူး။ ဒီတော့ ယေဟောဝါက သူ့ရဲ့ ကတိကို ဘယ်လိုပြည့်စုံစေမလဲ။

အာဗြဟံနဲ့ သူ့မိသားစု ခါနာန်ပြည်ကို ခရီးနှင်နေ

“အမွေအဖြစ် ရရှိမယ့်နေရာကိုသွားဖို့ ဘုရားသခင် ခေါ်တဲ့အခါ အာဗြဟံက ယုံကြည်ခြင်းကြောင့် နာခံခဲ့တယ်။ ဘယ်ကိုသွားရမှန်း မသိပေမဲ့လည်း ထွက်သွားခဲ့တယ်။”—ဟီဘရူး ၁၁:၈

မေးခွန်း– ယေဟောဝါက အာဗြဟံကို ဘာလုပ်ခိုင်းသလဲ။ ယေဟောဝါက အာဗြဟံကို ဘာကတိပေးသလဲ။

ကမ္ဘာဦး ၁၁:၂၉–၁၂:၉။ တမန်တော် ၇:၂-၄။ ဂလာတိ ၃:၆။ ဟီဘရူး ၁၁:၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ