ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၀ စာ. ၅၂-စာ. ၅၃ ပိုဒ်. ၃
  • နောက်ထပ် ကပ်ဘေးခြောက်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောက်ထပ် ကပ်ဘေးခြောက်ခု
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမ ကပ်ဘေးသုံးခု
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • မောရှေနဲ့အာရုန် ဖာရောကိုသွားတွေ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါကား အဘယ်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘ထာဝရဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၀ စာ. ၅၂-စာ. ၅၃ ပိုဒ်. ၃
ကျိုင်းကောင်အုပ်

သင်ခန်းစာ ၂၀

နောက်ထပ် ကပ်ဘေးခြောက်ခု

‘ငါ့လူတွေကို မလွှတ်ပေးရင် မှက်တွေကို လွှတ်လိုက်မယ်’ လို့ ဖာရောကို ပြောဖို့ မောရှေနဲ့ အာရုန် ထွက်လာတယ်။ အီဂျစ်ပြည်မှာရှိတဲ့ ဆင်းရဲတဲ့အိမ်၊ ချမ်းသာတဲ့ အိမ်တွေထဲ မှက်တွေ အုပ်လိုက်ကြီး ဝင်လာတယ်။ တစ်ပြည်လုံး မှက်တွေ အပြည့်ပဲ။ အစ္စရေးတွေ နေတဲ့ ဂေါရှင်အရပ်မှာတော့ မှက်တစ်ကောင်မှ မရှိဘူး။ ဒီလေးခုမြောက် ကပ်ဘေးကစပြီး အီဂျစ်လူတွေပဲ ဘေးကြုံရတော့တာ။ ‘ဒီမှက်တွေ ထွက်သွားအောင် လုပ်ပေးဖို့ ယေဟောဝါကို အသနားခံပေးပါ။ မင်းလူတွေလည်း ထွက်သွားနိုင်တယ်’ လို့ ဖာရော ပြောတယ်။ ယေဟောဝါက မှက်တွေကို ဖယ်ရှားပေးလိုက်တဲ့အခါ ဖာရော စိတ်ပြောင်းသွားပြန်ရော။ ဖာရောဟာ သင်ခန်းစာကို မရနိုင်ဘူး။

ယေဟောဝါက ‘ဖာရောဟာ ငါ့လူမျိုးကို မလွှတ်ပေးရင် အီဂျစ်ပြည်က တိရစ္ဆာန်တွေ နာပြီး သေရမယ်’ လို့ပြောတယ်။ နောက်နေ့မှာ တိရစ္ဆာန်တွေ သေကုန်တယ်။ ဒါပေမဲ့ အစ္စရေးတွေရဲ့ တိရစ္ဆာန်တွေတော့ မသေဘူး။ ဖာရော ခေါင်းမာနေဆဲပဲ။

ဒါနဲ့ ယေဟောဝါက မောရှေကို ဖာရောရှေ့သွားပြီး လေထဲ ပြာမှုန့်တွေကြဲဖို့ ပြောတယ်။ ပြာမှုန့်တွေဟာ လေထဲပျံ့နှံ့သွားပြီး အီဂျစ်လူတွေပေါ် ကျတဲ့အခါ အီဂျစ်လူတွေနဲ့ သူတို့ရဲ့ တိရစ္ဆာန်တွေပေါ်မှာ အနာစိမ်းတွေ ပေါက်လာတယ်။ ဒါတောင် ဖာရောဟာ အစ္စရေးတွေကို မလွှတ်သေးဘူး။

အီဂျစ်ပြည်ပေါ် ကျရောက်တဲ့ ၄ ခုကနေ ၆ ခုမြောက်ကပ်ဘေး- မှက်တွေ၊ တိရစ္ဆာန်တွေ အနာကျ၊ အနာစိမ်း

ယေဟောဝါက မောရှေကို ဖာရောဆီ ပြန်လွှတ်ပြီး ဒီလိုပြောခိုင်းတယ်– ‘ငါ့လူတွေကို လွှတ်ပေးဖို့ ငြင်းနေတုန်းပဲလား။ မနက်ဖြန်မှာ မိုးသီးတွေရွာလိမ့်မယ်။’ နောက်တစ်နေ့မှာ မိုးသီး၊ မိုးကြိုး၊ မီးတွေကို ယေဟောဝါ ကျစေတယ်။ အီဂျစ်မှာ ဖြစ်ဖူးခဲ့သမျှ မုန်တိုင်းတွေထဲမှာ အဆိုးဆုံးပဲ။ သစ်ပင်တွေ၊ ကောက်ပဲသီးနှံတွေ ပျက်စီးကုန်တယ်။ ဂေါရှင်အရပ်မှာတော့ ဘာမှမဖြစ်ဘူး။ ဖာရောက ‘ဒီကပ်ဘေးကို ရပ်လိုက်ဖို့ ယေဟောဝါဆီမှာ တောင်းပန်ပေးပါ၊ ပြီးတော့ မင်းတို့ ထွက်သွားနိုင်တယ်’ လို့ ပြောပေမဲ့လည်း မိုးသီးတွေ၊ မိုးတွေ ရပ်သွားတာနဲ့ ဖာရော စိတ်ပြောင်းသွားပြန်ရော။

ဒါနဲ့ မောရှေက ‘အခု၊ မိုးသီးကြောင့် မပျက်စီးဘဲကျန်တဲ့ အပင်မှန်သမျှကို ကျိုင်းကောင်တွေ စားပစ်လိမ့်မယ်’ လို့ပြောတယ်။ ကျိုင်းကောင်တွေ အများကြီးလာပြီး လယ်ကွင်းတွေမှာ၊ အပင်တွေပေါ်မှာ ကျန်သမျှ အကုန်စားပစ်လိုက်တယ်။ ဖာရောက ‘ဒီကျိုင်းကောင်တွေကို ဖယ်ရှားပေးပါ’ လို့ အသနားခံတယ်။ ကျိုင်းကောင်တွေ ရပ်သွားအောင် ယေဟောဝါ လုပ်ပေးလိုက်ပေမဲ့ ဖာရော ခေါင်းမာနေတုန်းပဲ။

ယေဟောဝါက မောရှေကို ‘မင်းရဲ့လက်ကို ကောင်းကင်ကို ဖြန့်ထုတ်လိုက်ပါ’ လို့ပြောတော့ ကောင်းကင်တစ်ခုလုံး ချက်ချင်း မှောင်မည်းသွားတာပဲ။ အီဂျစ်တွေဟာ သုံးရက်လုံးလုံး ဘာကိုမှ မမြင်ရဘူး။ အစ္စရေးတွေရဲ့ နေရာမှာတော့ လင်းနေတယ်။

အီဂျစ်ပြည်ပေါ် ကျရောက်တဲ့ ၇ ခုကနေ ၉ ခုမြောက်ကပ်ဘေး- မိုးသီး၊ ကျိုင်းကောင်များ၊ အမှောင်ထု

ဖာရောက မောရှေကို ‘မင်းနဲ့ မင်းလူတွေ သွားနိုင်ပြီ၊ မင်းတို့တိရစ္ဆာန်တွေကိုတော့ ထားခဲ့’ လို့ပြောတော့ မောရှေက ‘တိရစ္ဆာန်တွေပါ ယူသွားမှ ဘုရားကို ပူဇော်လို့ရမှာ’ လို့ ပြန်ဖြေတယ်။ ဖာရော အရမ်းဒေါသထွက်ပြီး ‘ငါ့ရှေ့က ထွက်သွားစမ်း။ နောက်တစ်ခါတွေ့ရင် သတ်ပစ်မယ်’ လို့ အော်လိုက်တယ်။

“ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရားအမှုဆောင်သူနဲ့ ဘုရားအမှု မဆောင်သူရဲ့ ကွာခြားချက်ကို မင်းတို့ မြင်ရဦးမယ်။” —မာလခိ ၃:၁၈

မေးခွန်း– နောက်ထပ် ဘယ်ကပ်ဘေးတွေကို ယေဟောဝါ ကျရောက်စေခဲ့သလဲ။ ပထမကပ်ဘေးသုံးခုနဲ့ မတူတာက ဘာလဲ။

ထွက်မြောက်ရာ ၈:၂၀–၁၀:၂၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ