ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၂၅ စာ. ၆၄-စာ. ၆၅ ပိုဒ်. ၃
  • ဝတ်ပြုရာတဲတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝတ်ပြုရာတဲတော်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဝတ်ပြုရာတဲတော်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “လူအမျိုးမျိုး ဆုတောင်းရာအိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ထွက်မြောက်ရာ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၂၅ စာ. ၆၄-စာ. ၆၅ ပိုဒ်. ၃
တဲတော်နဲ့ တဲတော်ဝင်း

သင်ခန်းစာ ၂၅

ဝတ်ပြုရာတဲတော်

ဆိုင်းနိုင်းတောင်ပေါ် မောရှေရှိနေချိန်မှာ ယေဟောဝါက အစ္စရေးတွေ ကိုယ်တော့်ကို ဝတ်ပြုနိုင်ဖို့ အထူးတဲတစ်ခု ဆောက်ဖို့ ပြောတယ်။ အဲဒီတဲတော်ကို သူတို့သွားလေရာရာ သယ်သွားနိုင်မှာဖြစ်တယ်။

ယေဟောဝါဘုရားက ‘တဲတော်ဆောက်ဖို့ တတ်နိုင်သလောက်လှူကြလို့ လူတွေကို ပြောပါ’ ဆိုပြီး မောရှေကို ပြောတယ်။ ဒါနဲ့ အစ္စရေးတွေဟာ ရွှေ၊ ငွေ၊ ကြေးဝါ၊ တန်ဖိုးရှိ ကျောက်မျက်ရတနာတွေ လှူကြတယ်။ သိုးမွေး၊ ချည်ချော၊ တိရစ္ဆာန်သားရေတွေနဲ့ တခြားအရာအများကြီးလည်း လှူကြတယ်။ သူတို့ရက်ရောလွန်းလို့ ‘လုံလောက်ပြီ၊ မယူလာကြနဲ့တော့’ ဆိုပြီး မောရှေ ပြောရတဲ့အထိပဲ။

အစ္စရေးတွေက တဲတော်ဆောက်ဖို့ လက်ဆောင်တွေ ယူလာကြ

တဲတော်ကို အတတ်ပညာကျွမ်းကျင်တဲ့ ယောက်ျား၊ မိန်းမတွေ ဝိုင်းဆောက်ကြတယ်။ လိုအပ်တဲ့ ဉာဏ်ပညာကို ယေဟောဝါပေးတယ်။ တချို့က ချည်ငင်တယ်၊ အထည်ရက်တယ်၊ ပန်းထိုးတယ်။ ကျောက်သွေးပြီး စီခြယ်တဲ့သူ၊ ပန်းထိမ်လုပ်တဲ့သူ၊ လက်သမားလုပ်တဲ့သူတွေလည်း ရှိတယ်။

ယေဟောဝါ ပြောတဲ့ပုံစံအတိုင်း တဲတော်ကို ဆောက်လုပ်ကြတယ်။ တဲတော်ရဲ့ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကို လှပတဲ့ကန့်လန့်ကာနဲ့ ကာထားတယ်။ အသန့်ရှင်းဆုံးအခန်းထဲမှာ ရှားသားနဲ့လုပ်ပြီး ရွှေချထားတဲ့ ပဋိညာဉ်သေတ္တာ ထားတယ်။ သန့်ရှင်းရာအခန်းထဲမှာ ရွှေမီးတိုင်၊ စားပွဲတစ်လုံး၊ နံ့သာပေါင်းပူဇော်ဖို့ ပလ္လင်တစ်ခု ရှိတယ်။ တဲတော်ဝင်းထဲမှာ ကြေးဝါရေကန်နဲ့ မီးရှို့ရာပလ္လင်ကြီးတစ်ခု ရှိတယ်။ ပဋိညာဉ်သေတ္တာက အစ္စရေးတွေ ယေဟောဝါစကား နားထောင်ပါ့မယ်ဆိုပြီး ကတိပေးထားတာကို သတိရစေတယ်။ ပဋိညာဉ်ဆိုတာ ဘာကိုပြောတာလဲ သိလား။ အဲဒါက အထူးကတိပြုတာကို ပြောတာ။

ယေဟောဝါက အာရုန်နဲ့ သူ့သားတွေကို တဲတော်မှာ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ တာဝန်ပေးတယ်။ သူတို့ဟာ တဲတော်မှာ အလုပ်တွေလုပ်ရပြီး ယေဟောဝါကို ပူဇော်ပေးရတယ်။ ပုရောဟိတ်မင်းဖြစ်တဲ့ အာရုန်တစ်ယောက်တည်းပဲ အသန့်ရှင်းဆုံးအခန်းထဲ ဝင်ခွင့်ရှိတာ။ တစ်နှစ်မှာ တစ်ခါပဲ ဝင်ရတယ်။ သူ့အပြစ်၊ သူ့မိသားစုအပြစ်နဲ့ အစ္စရေးတစ်မျိုးလုံးရဲ့ အပြစ်တွေဖြေဖို့ ဝင်ရတာ။

အီဂျစ်ပြည်က ထွက်လာပြီး တစ်နှစ်အကြာမှာ တဲတော်ဆောက်ပြီးသွားတယ်။ အခုမှ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ နေရာရှိသွားပြီ။

ယေဟောဝါက သူတို့ဆောက်တဲ့ တဲတော်ကို နှစ်သက်သဘောကျတဲ့အတွက် တဲတော်ပေါ်မှာ မိုးတိမ်တည်ရှိနေစေတယ်။ တဲတော်ပေါ်မှာ မိုးတိမ်ရှိနေသရွေ့ အစ္စရေးတွေ ဆက်နေတယ်။ မိုးတိမ်တက်သွားရင် တဲတော်ကို ဖြုတ်သိမ်းကြပြီး မိုးတိမ်နောက်လိုက်ကြတယ်။

“ရာဇပလ္လင်ကနေ ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာတာ ကျွန်တော်ကြားတယ်– ‘ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူရှိပြီး ဘုရားက သူတို့ဆီမှာ စံမြန်းမယ်။ သူတို့လည်း ဘုရားရဲ့လူမျိုး ဖြစ်လိမ့်မယ်။ ဘုရားသခင်ကိုယ်တိုင် သူတို့နဲ့အတူ ရှိနေမယ်။’”—ဗျာဒိတ် ၂၁:၃

မေးခွန်း– ယေဟောဝါက မောရှေကို ဘာဆောက်လုပ်ဖို့ ပြောသလဲ။ အာရုန်နဲ့ သူ့သားတွေကို ဘာတာဝန်တွေ ပေးသလဲ။

ထွက်မြောက်ရာ ၂၅:၁-၉။ ၃၁:၁-၁၁။ ၄၀:၃၃-၃၈။ ဟီဘရူး ၉:၁-၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ