ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၉ စာ. ၉၆
  • အစ္စရေးနိုင်ငံရဲ့ ပထမဘုရင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစ္စရေးနိုင်ငံရဲ့ ပထမဘုရင်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ရှောလုအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိ
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၉ စာ. ၉၆
ဘုရင်ရှောလုက ရှမွေလရဲ့ ဝတ်ရုံအစွန်းကို လှမ်းဆွဲလိုက်တာ ဝတ်ရုံစုတ်သွား

သင်ခန်းစာ ၃၉

အစ္စရေးနိုင်ငံရဲ့ ပထမဘုရင်

ယေဟောဝါက အစ္စရေးတွေကို ဦးဆောင်ဖို့ တရားသူကြီးတွေ ပေးထားသားနဲ့ သူတို့က ဘုရင်တစ်ပါး လိုချင်တယ်။ ဒါနဲ့ ‘တခြားလူမျိုးတွေလို ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်တစ်ပါး ခန့်အပ်ပေးပါ’ လို့ ရှမွေလကို တောင်းဆိုကြတယ်။ ဒီလိုမလုပ်သင့်ဘူးလို့ ရှမွေလ ထင်တာနဲ့ အဲဒီအကြောင်း ယေဟောဝါကို ဆုတောင်းပြီး ပြောပြတယ်။ ယေဟောဝါက ‘သူတို့ မင်းကို ငြင်းပယ်တာ မဟုတ်ဘူး။ ငါ့ကို ငြင်းပယ်နေတာ။ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးလိုက်။ ဒါပေမဲ့ ဘုရင်က သူတို့ဆီကနေ အများကြီးတောင်းဆိုမယ်လို့ ပြောလိုက်’ ဆိုပြီး ရှမွေလကို မိန့်ဆိုတယ်။ ဒါတောင်မှ လူတွေက ‘ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ဘုရင်လိုချင်တယ်’ တဲ့။

ဒီအခါ ယေဟောဝါက ရှောလုဟာ ပထမဘုရင်ဖြစ်လိမ့်မယ်လို့ ရှမွေလကို ပြောတယ်။ ဒါနဲ့ ရာမမြို့မှာရှိတဲ့ ရှမွေလဆီ ရှောလု ရောက်လာတဲ့အခါ သူ့ခေါင်းပေါ် ဆီလောင်းပြီး ဘုရင်အဖြစ် ဘိသိက်ပေးလိုက်တယ်။

အဲဒီနောက် ရှမွေလက ဘုရင်ကိုပြဖို့ အစ္စရေးတွေကို စုဝေးလိုက်တဲ့အခါ ရှောလုကို ရှာမတွေ့ကြဘူး။ ဘာလို့လဲသိလား။ အထုပ်အပိုးတွေကြားထဲမှာ ရှောလု ပုန်းနေလို့ပဲ။ သူ့ကိုရှာတွေ့ပြီး လူကြား ခေါ်ထုတ်လာတဲ့အခါ သူက အားလုံးထက် အရပ်ပိုမြင့်နေတယ်။ ရုပ်ကလည်း ချောတယ်။ ရှမွေလက ‘ဒီမှာကြည့်ကြ။ ယေဟောဝါဘုရား ရွေးချယ်တာ သူပဲ’ လို့ပြောတော့ လူတွေက ‘အရှင်မင်းကြီး အသက်တော်ရှည်ပါစေ’ လို့ကြွေးကြော်ကြတယ်။

အစမှာတော့ ရှောလုဟာ ရှမွေလပြောတာကို နားထောင်ပြီး ယေဟောဝါကို နာခံတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတယ်။ ဥပမာ၊ ဘုရင်ဆိုတာ ပူဇော်သက္ကာတွေ မဆက်သရဘူး။ တစ်ခါမှာ၊ ရှမွေလက သူ့ကိုစောင့်နေဖို့ ရှောလုကို မှာထားလျက်နဲ့ ရှမွေလ ရောက်လာဖို့ ကြာနေတဲ့အတွက် သူ့ဘာသာသူ ပူဇော်သက္ကာတွေ ဆက်သလိုက်တယ်။ ရှောလု ဒီလိုလုပ်တော့ ရှမွေလ ဘာလုပ်သလဲ သိလား။ ရှမွေလက ရှောလုကို ‘မင်း ယေဟောဝါဘုရားပေးတဲ့ ပညတ်ကို မနာခံဘူး’ လို့ ပြောတယ်။ ဒီအမှားကြောင့် ရှောလု သင်ခန်းစာ ရသလား။

နောက်ပိုင်း၊ အာမလက်လူတွေကို ရှောလု သွားတိုက်တော့ ရှမွေလက ‘သူတို့မှာရှိသမျှ အကုန်ဖျက်ဆီးပါ’ လို့ မှာတယ်။ ဒါပေမဲ့ ရှောလုက ဘုရင်အာဂတ်ကို မသတ်ဘူး။ ဒါနဲ့ ရှမွေလကို ယေဟောဝါက ‘ရှောလု ငါ့ကို စွန့်သွားပြီ။ ငါ့စကားနားမထောင်ဘူး’ လို့ပြောတယ်။ ရှမွေလ ဝမ်းနည်းသွားတယ်။ ဒါနဲ့ ရှောလုကို ရှမွေလက ‘မင်း ယေဟောဝါစကား နားမထောင်တော့တဲ့အတွက် နောက်ထပ် ဘုရင်တစ်ပါးကို ထပ်ရွေးလိမ့်မယ်’ လို့ ပြောပြီး လှည့်ထွက်သွားတဲ့အခါ ရှောလု လှမ်းဆွဲလိုက်တော့ ရှမွေလရဲ့ ဝတ်ရုံ စုတ်ပြဲသွားတယ်။ အဲဒီအခါ ရှမွေလက ‘ယေဟောဝါဟာ ဘုရင့်အာဏာကို မင်းဆီကနေ ရုပ်သိမ်းမယ်’ ဆိုပြီး ပြောတယ်။ ယေဟောဝါကို ချစ်ပြီး နာခံမယ့်သူကို နိုင်ငံပေးတော့မှာ ဖြစ်တယ်။

“နာခံတာဟာ ပူဇော်သက္ကာထက် ပိုကောင်းတယ်။”—၁ ရှမွေလ ၁၅:၂၂

မေးခွန်း– အစ္စရေးတွေ ဘာတောင်းဆိုသလဲ။ ယေဟောဝါက ရှောလုကို ဘာကြောင့် ဘုရင် မဖြစ်စေတော့တာလဲ။

၁ ရှမွေလ ၈:၁-၂၂။ ၉:၁၊ ၂၊ ၁၅-၁၇။ ၁၀:၈၊ ၂၀-၂၄။ ၁၃:၁-၁၄။ ၁၅:၁-၃၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ