ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅၀ စာ. ၁၂၀-စာ. ၁၂၁ ပိုဒ်. ၅
  • ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှဖတ် ယေဟောဝါကိုအားကိုးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါ၏အိမ်တော်အတွက် စိတ်ထက်သန်မှုရှိပါ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • တရားဆုံးဖြတ်ရာချိုင့်တွင် စီရင်ချက်ချမှတ်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ၂ ရာဇဝင်ချုပ် မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅၀ စာ. ၁၂၀-စာ. ၁၂၁ ပိုဒ်. ၅
ယောရှဖတ်မင်းနဲ့ လေဝိသီချင်းသည်တွေဟာ စစ်တပ်ကို ဂျေရုဆလင်မြို့ပြင်ဘက် ဦးဆောင်ခေါ်သွား

သင်ခန်းစာ ၅၀

ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး

ယုဒဘုရင် ယောရှဖတ်ဟာ ပြည်တော်မှာရှိတဲ့ ဗာလရဲ့ ယဇ်ပလ္လင်တွေနဲ့ ရုပ်တုတွေကို ဖျက်ဆီးပစ်တယ်။ လူတွေကို ယေဟောဝါရဲ့ပညတ်တွေ သိစေချင်လို့ မှူးမတ်တွေနဲ့ လေဝိသားတွေကို ယုဒပြည်တစ်ဝန်း စေလွှတ်ပြီး သင်ခိုင်းတယ်။

ယေဟောဝါဟာ သူ့လူမျိုးနဲ့အတူရှိမှန်း အနီးအနားက တိုင်းပြည်တွေသိလို့ ယုဒပြည်ကို မတိုက်ရဲကြဘူး။ ယောရှဖတ်မင်းကို လက်ဆောင်တွေတောင် ပေးကြတယ်။ ဒါပေမဲ့ မောဘပြည်၊ အမ္မုန်ပြည်နဲ့ စိရဒေသက လူတွေ ယုဒပြည်ကို တိုက်ဖို့ လာနေတယ်။ ယောရှဖတ်ဟာ ယေဟောဝါ အကူအညီ လိုတယ်ဆိုတာ သိတယ်။ ဒါနဲ့ ဂျေရုဆလင်မြို့မှာ ယောက်ျား၊ မိန်းမ၊ ကလေးပါမကျန် အားလုံးကို စုရုံးခိုင်းလိုက်တယ်။ သူတို့အားလုံးရှေ့မှာ ဒီလို ဆုတောင်းတယ်– ‘ယေဟောဝါ၊ ကိုယ်တော်မပါဘဲ ကျွန်တော်တို့ မတတ်နိုင်ဘူး။ ဘာလုပ်ရမယ်ဆိုတာ ပြောပြပါ။’

ဆုတောင်းတာကို ယေဟောဝါ အခုလို အဖြေပေးတယ်– ‘မကြောက်နဲ့။ ငါ ကူညီမယ်။ နေရာယူကြပါ။ ငြိမ်ငြိမ်လေး ရပ်နေပြီး ဘယ်လို ကယ်တင်မယ်ဆိုတာ စောင့်ကြည့်နေပါ’ တဲ့။ ယေဟောဝါ ဘယ်လို ကယ်တင်ခဲ့သလဲ။

နောက်နေ့မနက်မှာ ယောရှဖတ်ဟာ သီချင်းသည်တွေကို ရွေးပြီး စစ်တပ်ရှေ့မှာ ချီတက်သွားဖို့ ပြောတယ်။ သီချင်းသည်တွေက ဂျေရုဆလင်မြို့ကနေ တေကော စစ်မြေပြင်ဆီ ချီတက်သွားကြတယ်။

ယေဟောဝါကို သီချင်းသည်တွေ အားရပါးရ သံပြိုင်ချီးမွမ်းသီဆိုတဲ့အခါ ယေဟောဝါဟာ သူ့လူမျိုးအတွက် စစ်တိုက်ပေးတယ်။ အမ္မုန်လူတွေနဲ့ မောဘလူတွေဟာ ရှုပ်ထွေးကုန်ပြီး အချင်းချင်း ပြန်တိုက်ကြတာ အားလုံး သေကုန်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ယုဒလူတွေ၊ စစ်သည်တွေနဲ့ ပုရောဟိတ်တွေကိုတော့ ကာကွယ်ပေးတယ်။ အနီးအနားက နိုင်ငံတွေဟာ ယေဟောဝါ လုပ်ပေးတာတွေကို ကြားတော့ သူ့လူမျိုးကို ကာကွယ်ပေးနေတုန်းပဲဆိုတာ သိသွားကြတယ်။ ယေဟောဝါဟာ သူ့လူမျိုးကို ဘယ်လို ကယ်တင်ပေးခဲ့သလဲ။ နည်းအမျိုးမျိုးနဲ့ပါပဲ။ အဲဒီလိုကာကွယ်ပေးဖို့ လူတွေရဲ့ အကူအညီ မလိုဘူး။

“ဒီစစ်ပွဲမှာ မင်းတို့တိုက်စရာ မလိုဘူး။ နေရာယူကြပါ။ ငြိမ်ငြိမ်လေး ရပ်နေပြီး ယေဟောဝါ ဘယ်လို ကယ်တင်မယ်ဆိုတာ စောင့်ကြည့်နေလိုက်ပါ။”—၂ ရာဇဝင်ချုပ် ၂၀:၁၇

မေးခွန်း– ယောရှဖတ်ဟာ ဘယ်လိုဘုရင်မျိုးလဲ။ ယေဟောဝါဟာ ယုဒပြည်ကို ဘယ်လို ကာကွယ်ပေးခဲ့သလဲ။

၂ ရာဇဝင်ချုပ် ၁၇:၁-၁၉။ ၂၀:၁-၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ