သီချင်း ၂
နာမတော် ယေဟောဝါ
၁။ အသက်ရှင်သော ဘုရား၊
အရာခပ်သိမ်း ဖန်ဆင်းရှင်
လူမျိုးနွယ် အဆက်ဆက်တိုင်း
နာမတော် ယေဟောဝါ။
လူမျိုးတော် ဖြစ်ခွင့်လေ
ဂုဏ်ယူဝမ်းမြောက်စရာပေ။
လူမျိုးတိုင်း အနွယ်တိုင်းကို
ဂုဏ်တော် ကြေညာကြစို့။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ ယေဟောဝါ၊
ကိုယ်တော့်လို ဘုရား မရှိ။
ထက်ကောင်းကင်မှ ကမ္ဘာမြေထိ
တခြားဘုရား မရှိ။
ကိုယ်တော်သာ တန်ခိုးရှင် ဘုရား၊
လူအားလုံး သိမှတ်ရ။
ယေဟောဝါ၊ ယေဟောဝါ
ကိုယ်တော်ကလွဲလို့ ဘုရား မရှိ။
၂။ အလိုတော် ရှိရာတိုင်း
ပြီးပြည့်စုံစေသော ဘုရား၊
ကိုယ်တော့်အကြောင်း တို့သိထား
နာမတော် ယေဟောဝါ။
ကိုယ်တော်ရဲ့ သက်သေများ
ခံယူခွင့် ပေးသနားထား။
နာမတော် ခံယူခွင့်လေ
ဂုဏ်ယူလို့ မဆုံးပေ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ ယေဟောဝါ၊
ကိုယ်တော့်လို ဘုရား မရှိ။
ထက်ကောင်းကင်မှ ကမ္ဘာမြေထိ
တခြားဘုရား မရှိ။
ကိုယ်တော်သာ တန်ခိုးရှင် ဘုရား၊
လူအားလုံး သိမှတ်ရ။
ယေဟောဝါ၊ ယေဟောဝါ
ကိုယ်တော်ကလွဲလို့ ဘုရား မရှိ။
(၂ ရာ. ၆:၁၄။ ဆာ. ၇၂:၁၉။ ဟေရှာ. ၄၂:၈ တို့ကိုလည်း ကြည့်ပါ။)