သီချင်း ၁၆
ဘိသိက်ခံ သားတော်အတွက် ယေဟောဝါကို ချီးမွမ်းကြ
၁။ ယေဟောဝါ သားတော် ဘိသိက်ပေး၊
လူခပ်သိမ်းပေါ် အုပ်ချုပ်စေ။
တရားမျှခြင်းပေါ် ပလ္လင်တော် တည်၊
မြေပေါ် အလိုတော် ပြည့်စေမှာ။
(ထပ်ကျော့ပိုဒ်)
ဘိသိက်ခံသားတွက် ဘုရားကို ချီးမွမ်း။
နေ့ရက်အစဉ် နောက်တော် လိုက်ပြီး
ပညတ် စောင့်ရှောက်တဲ့ သစ္စာရှိသိုးများ၊
ချီးမြှောက်ကြပါ ယေရှုအား။
ဘိသိက်ခံသားတွက် ဘုရားကို ချီးမွမ်း၊
ထက်ကောင်းကင် ကျော်စော စိုးစံမင်း
အင်အားနဲ့ ဝမ်းမြောက်ခြင်းဖြင့် ဘိသိက်ခံ၊
ဘုရားနာမ ဂုဏ်တင်ဖို့။
၂။ ခရစ်ညီတော်တွေ ရွေးခေါ်ခံရ။
အသစ်မွေးခြင်း ဘုရားပေး။
သတို့သမီးဝင်တွေ နိုင်ငံတော် ဝင်စား၊
မြေကြီး ပရဒိ ဖြစ်စေမှာ။
(ထပ်ကျော့ပိုဒ်)
ဘိသိက်ခံသားတွက် ဘုရားကို ချီးမွမ်း။
နေ့ရက်အစဉ် နောက်တော် လိုက်ပြီး
ပညတ် စောင့်ရှောက်တဲ့ သစ္စာရှိသိုးများ၊
ချီးမြှောက်ကြပါ ယေရှုအား။
ဘိသိက်ခံသားတွက် ဘုရားကို ချီးမွမ်း၊
ထက်ကောင်းကင် ကျော်စော စိုးစံမင်း
အင်အားနဲ့ ဝမ်းမြောက်ခြင်းဖြင့် ဘိသိက်ခံ၊
ဘုရားနာမ ဂုဏ်တင်ဖို့။
(ပညာ. ၂၉:၄။ ဟေရှာ. ၆၆:၇၊ ၈။ ယော. ၁၀:၄။ ဗျာ. ၅:၉၊ ၁၀ တို့ကိုလည်း ကြည့်ပါ။)