သီချင်း ၃၅
‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ’
၁။ အခုခေတ်မှာ မှန်ကန်ရာ သိမြင်ဖို့၊
လုပ်သင့်ရာကို သိမြင်ဖို့၊
အရေးပိုကြီးရာ၊ လုပ်ရမယ့်အရာ
သိဖို့ အသိဉာဏ် လိုပေ။
(ထပ်ကျော့ပိုဒ်)
ချစ်ပါ အကောင်း၊ ဆိုးမှုကို မုန်း။
ဘုရား ပျော်စေ၊
အရေးကြီးရာတွေ လုပ်ဆောင်ကာ လေ့လာပြီး
ပိုင်းခြားနိုင်ရင်
ကောင်းချီးကြွယ်ဝစွာ ခံစားရမှာ။
၂။ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းဖြင့်
တရားမှန် ဆာငတ်သူ ရှာ၊
လမ်းတော် ရွေးဖို့ ကူညီပေးခြင်းထက်
အရေးကြီးတာများ ရှိသလား။
(ထပ်ကျော့ပိုဒ်)
ချစ်ပါ အကောင်း၊ ဆိုးမှုကို မုန်း။
ဘုရား ပျော်စေ၊
အရေးကြီးရာတွေ လုပ်ဆောင်ကာ လေ့လာပြီး
ပိုင်းခြားနိုင်ရင်
ကောင်းချီးကြွယ်ဝစွာ ခံစားရမှာ။
၃။ အရေးကြီးရာ အလေးထား လုပ်ဆောင်ရင်
ကျေနပ်မှု ခံစားရမှာ။
လူ့ဉာဏ်နဲ့ မမီနိုင် ငြိမ်သက်ခြင်းက
စိတ်နှလုံးအား စောင့်ရှောက်မှာ။
(ထပ်ကျော့ပိုဒ်)
ချစ်ပါ အကောင်း၊ ဆိုးမှုကို မုန်း။
ဘုရား ပျော်စေ၊
အရေးကြီးရာတွေ လုပ်ဆောင်ကာ လေ့လာပြီး
ပိုင်းခြားနိုင်ရင်
ကောင်းချီးကြွယ်ဝစွာ ခံစားရမှာ။
(ဆာ. ၉၇:၁၀။ ယော. ၂၁:၁၅-၁၇။ ဖိ. ၄:၇ တို့ကိုလည်း ကြည့်ပါ။)