သီချင်း ၆၀
အသက်ရေး
၁။ ဒီစေတနာနှစ်မှာ
အားလုံး ကြားသိဖို့ လိုပြီ၊
အမျက်ထွက်ရာ နေ့တော်ကြီး
ရောက်တော့မယ်၊ နီးနေပြီ။
(ထပ်ကျော့ပိုဒ်)
အသက်ရေး ဖြစ်၊ သူတို့မက
တို့ရဲ့အသက်ရေးလည်း ဖြစ်။
နာခံမှပဲ သက်ရှင်မှာမို့
လူအားလုံး ကြားဖို့ ဟောဖြစ်အောင်
ဟောရမယ်။
၂။ တို့ ဟောရမယ့် သတင်း
နေရာနှံ့ တို့ဖြန့်ဝေရင်း။
ဘုရားနဲ့ ပြန်သင့်မြတ်ဖို့
အားလုံးကို တို့ခေါ်ဖိတ်။
(ထပ်ကျော့ပိုဒ်)
အသက်ရေး ဖြစ်၊ သူတို့မက
တို့ရဲ့အသက်ရေးလည်း ဖြစ်။
နာခံမှပဲ သက်ရှင်မှာမို့
လူအားလုံး ကြားဖို့ ဟောဖြစ်အောင်
ဟောရမယ်။
(ဆက်ဆိုရန်)
အရေးကြီး၊ သိပ်အရေးကြီး၊
လူတွေ ကြားပြီး အသက်ရဖို့။
သူတို့ကို ဟောပြောသင်ကြား၊
ဝေမျှ၊ သက်ပေး အမှန်တရား။
(ထပ်ကျော့ပိုဒ်)
အသက်ရေး ဖြစ်၊ သူတို့မက
တို့ရဲ့အသက်ရေးလည်း ဖြစ်။
နာခံမှပဲ သက်ရှင်မှာမို့
လူအားလုံး ကြားဖို့ ဟောဖြစ်အောင်
ဟောရမယ်။
(၂ ရာ. ၃၆:၁၅။ ဟေရှာ. ၆၁:၂။ ယေဇ. ၃၃:၆။ ၂ သက်. ၁:၈ တို့ကိုလည်း ကြည့်ပါ။)