သီချင်း ၆၈
နိုင်ငံတော် မျိုးစေ့ ကြဲခြင်း
ပုံနှိပ်စာပေ
၁။ သခင့်မှုတော်မှာ ဝင်လုပ်ကြပါ၊
ခေါ်ဖိတ်ချက် တို့ဝမ်းမြောက်လက်ခံ။
သခင် ကူညီကာ လမ်းပြပေးမှာ၊
ခံယူ သခင့် သွန်သင်နည်းကို။
အမှန်တရားမျိုးစေ့၊ ကြီးထွားစွမ်းအင်ရှိ၊
မြေကောင်းနှလုံးတွေပေါ်ကျသော်။
သစ္စာရှိလုပ်ဆောင်ကာ အကောင်းဆုံးကို ပေး
အပ်နှင်းထားသော အမှုတော်မြတ်မှာ။
၂။ သင့်လုပ်ဆောင်အောင်မြင်မှု အတိုင်းအတာ၊
သင့်အပေါ်မှာ များစွာတည်လှ။
သတင်းကြားသူကို ကူမဖို့လို
အမှန်တရား သိ၊ မြတ်နိုးဖို့။
သူတို့ တွေ့ကြုံမယ့် ကြောက်ရွံ့စိုးရိမ်စိတ်၊
ဖြေရှင်းနိုင်ဖို့ တို့ကူညီပေး။
မှန်တရားမျိုးစေ့ ပွားများတိုးတက်လာတော့၊
ဝမ်းမြောက်မှု တို့ခံစားရနိုင်ပေ။
(မ. ၁၃:၁၉-၂၃။ ၂၂:၃၇ တို့ကိုလည်း ကြည့်ပါ။)