သီချင်း ၉၂
နာမတော် တည်တဲ့နေရာ
၁။ ကြီးမြတ်ခွင့်ထူးပါ ရှင်ယေဟောဝါ၊
တည်ဆောက်ရ နာမအတွက်နေရာ။
ဂုဏ်တော်၊ ဘုန်းတော် ပျံ့နှံ့စေရေးအတွက်
အခု ဝမ်းမြောက်လျက် ပေးကာဆက်။
တို့ပေးဆက်တဲ့အရာ အားလုံးရဲ့
မူလပိုင်ရှင်ဟာ ကိုယ်တော်ပါ။
တို့ရဲ့ လုပ်အား၊ ကျွမ်းကျင်မှု၊ ဥစ္စာ၊
လှိုက်လှဲဝမ်းမြောက်စွာ ဆက်သမှာ။
(ထပ်ကျော့ပိုဒ်)
ဒီနေရာကို ဆက်သပါတယ်၊
နာမတော်မြတ် ကျော်စောပါစေ။
ဒီနေရာကို ဆက်ကပ်ပါတယ်၊
လက်ခံတော်မူပါ အဖ။
၂။ အဖဘုရားကို ချီးမြှောက်ပါရစေ၊
ချီးမွမ်းခြင်း ပြည့်စေ ဒီနေရာ။
ကိုယ်တော့်နည်းလမ်း လေ့ကျက်သူ တိုးပြီး
ဘုရားဘုန်းတော် တိုးမြင့်ပါစေ။
ဝတ်ပြုရေးအတွက် ဒီနေရာ အပ်နှံ၊
စိတ်အားထက်သန်စွာ စောင့်ရှောက်မှာ။
သက်သေအဖြစ် ရေရှည်တည်တံ့ရေး၊
ဟောပြောသောသတင်း ထောက်ပံ့ပေး။
(ထပ်ကျော့ပိုဒ်)
ဒီနေရာကို ဆက်သပါတယ်၊
နာမတော်မြတ် ကျော်စောပါစေ။
ဒီနေရာကို ဆက်ကပ်ပါတယ်၊
လက်ခံတော်မူပါ အဖ။
(၁ ဘု. ၈:၁၈၊ ၂၇။ ၁ ရာ. ၂၉:၁၁-၁၄။ တ. ၂၀:၂၄ တို့ကိုလည်း ကြည့်ပါ။)