သီချင်း ၁၀၃
လူ့အသွင်ဆု သိုးထိန်းများ
(ဧဖက် ၄:၈)
၁။ ကူညီမှုအတွက် ယေဟောဝါ စီမံ၊
ထိန်းကျောင်းဖို့ သိုးထိန်းများ။
ကျင့်ကြံပြုမူ နေထိုင်ပုံအတွက်၊
စံနမူနာနဲ့ ပြ။
(ထပ်ကျော့ပိုဒ်)
ယုံကြည်စိတ်ချရသူ သစ္စာရှိ၊
ဖြောင့်မှန်သူများ ဘုရားပေး။
သိုးတော်စုအတွက် စိုးရိမ်ကြောင့်ကြပေး၊
သူတို့အား မြတ်နိုးချစ်ကြ။
၂။ သိုးထိန်းများ မေတ္တာထား နားလည်ပေး၊
နူးညံ့စွာ လမ်းပြပေး။
ထိခိုက်ဒဏ်ရာရရင် ကုသပြီး
ကြင်နာစွာ နှစ်သိမ့်ပေး။
(ထပ်ကျော့ပိုဒ်)
ယုံကြည်စိတ်ချရသူ သစ္စာရှိ၊
ဖြောင့်မှန်သူများ ဘုရားပေး။
သိုးတော်စုအတွက် စိုးရိမ်ကြောင့်ကြပေး၊
သူတို့အား မြတ်နိုးချစ်ကြ။
၃။ တို့အား ဆုံးမ၊ ပေးကမ်း အကြံဉာဏ်၊
တို့လမ်း မလွဲစေဖို့။
ဘုရားနည်းအတိုင်း နေ့စဉ် သက်ရှင်၊
ဝတ်ပြုနိုင်ဖို့ ကူပေး။
(ထပ်ကျော့ပိုဒ်)
ယုံကြည်စိတ်ချရသူ သစ္စာရှိ၊
ဖြောင့်မှန်သူများ ဘုရားပေး။
သိုးတော်စုအတွက် စိုးရိမ်ကြောင့်ကြပေး၊
သူတို့အား မြတ်နိုးချစ်ကြ။
(ဟေရှာ. ၃၂:၁၊ ၂။ ယေ. ၃:၁၅။ ယော. ၂၁:၁၅-၁၇။ တ. ၂၀:၂၈ တို့ကိုလည်း ကြည့်ပါ။)