ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၁
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော် ဘာလုပ်ပေးမလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၁
သင်ခန်းစာ ၃၁။ ယေဟောဝါရဲ့ ဘုန်းတော်ရှေ့ ကောင်းကင်ဘုရင် ယေရှုခရစ်။

သင်ခန်းစာ ၃၁

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျမ်းစာရဲ့ အဓိကအကြောင်းက ဘုရားသခင့်နိုင်ငံတော် ဖြစ်တယ်။ ယေဟောဝါဘုရားက ကမ္ဘာမြေနဲ့ပတ်သက်တဲ့ မူလရည်ရွယ်ချက်ကို နိုင်ငံတော်အားဖြင့် ပြည့်စုံစေမယ်။ နိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော် အုပ်ချုပ်နေကြောင်း ဘယ်လို သိနိုင်သလဲ။ နိုင်ငံတော်က ဘာတွေ လုပ်ပေးခဲ့ပြီလဲ။ အနာဂတ်မှာ ဘာတွေ လုပ်ပေးဦးမလဲ။ ဒီမေးခွန်းတွေကို ဒီသင်ခန်းစာနဲ့ နောက်သင်ခန်းစာနှစ်ခုမှာ ဖြေဆိုပေးပါမယ်။

၁။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ ဘုရင်က ဘယ်သူလဲ။

နိုင်ငံတော်ဆိုတာ ယေဟောဝါဘုရား တည်ထောင်ထားတဲ့အစိုးရ ဖြစ်တယ်။ ဘုရင် ယေရှုခရစ်က ကောင်းကင်ကနေ အုပ်စိုးမယ်။ (မဿဲ ၄:၁၇။ ယောဟန် ၁၈:၃၆) ယေရှုနဲ့ပတ်သက်ပြီး ‘သူ ထာဝစဉ် အုပ်စိုးလိမ့်မယ်’ လို့ ကျမ်းစာ ဆိုတယ်။ (လုကာ ၁:​၃၂၊ ၃၃) ဘုရားနိုင်ငံတော်ဘုရင် ယေရှုက ကမ္ဘာသူကမ္ဘာသားတွေကို အုပ်စိုးပါတော့မယ်။

၂။ ယေရှုနဲ့အတူ ဘယ်သူတွေ အုပ်စိုးမလဲ။

ယေရှုတစ်ဦးတည်း အုပ်စိုးမှာ မဟုတ်ဘူး။ ‘လူမျိုးနွယ်၊ ဘာသာစကား၊ လူစုနဲ့ လူမျိုးတွေထဲက လူတွေလည်း ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုးကြမယ်။’ (ဗျာဒိတ် ၅:​၉၊ ၁၀) အရေအတွက် ဘယ်လောက် ရှိသလဲ။ ယေရှု ကမ္ဘာပေါ် လာချိန်ကစပြီး နောက်လိုက်ဖြစ်လာသူ သန်းပေါင်းများစွာ ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက ၁၄၄,၀၀၀ ပဲ ကောင်းကင်သွားပြီး ယေရှုနဲ့အတူ အုပ်ချုပ်မယ်။ (ဗျာဒိတ် ၁၄:​၁-၄ ကို ဖတ်ပါ။) ကမ္ဘာပေါ် ကျန်တဲ့လူတွေကတော့ နိုင်ငံတော်ရဲ့ လက်အောက်ခံတွေ ဖြစ်လာမယ်။​—ဆာလံ ၃၇:၂၉။

၃။ ဘုရားနိုင်ငံတော်က လူ့အစိုးရတွေထက် ဘယ်လို သာလွန်သလဲ။

ကောင်းကျိုးဆောင်ချင်တဲ့ လူ့အုပ်စိုးရှင်တွေတောင် ဆန္ဒရှိသလောက် လုပ်ပေးနိုင်စွမ်း မရှိဘူး။ ပြည်သူ့အကျိုး စိတ်မဝင်စားတဲ့ အုပ်စိုးရှင်တွေ နေရာဆက်ခံသွားနိုင်တယ်။ ဘုရားနိုင်ငံတော် အုပ်စိုးရှင် ယေရှုကိုတော့ ဘယ်သူမှ ဖယ်ရှားလို့ မရဘူး။ ဘုရားက “ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်” ထားပြီ။ (ဒံယေလ ၂:၄၄) ယေရှုက ကမ္ဘာကို အုပ်ချုပ်မယ်။ အားလုံးကို တန်းတူဆက်ဆံမယ်။ မေတ္တာပြည့်ဝပြီး ကြင်နာတဲ့၊ တရားမျှတတဲ့ ယေရှုက လူလူချင်း အဲဒီအတိုင်း ဆက်ဆံတတ်အောင် သင်ပေးပါလိမ့်မယ်။​—ဟေရှာယ ၁၁:၉ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ဘုရားနိုင်ငံတော်က လူ့အစိုးရအားလုံးထက် ဘာကြောင့် သာလွန်သလဲ လေ့လာပါ။

ကောင်းကင်မှာ နန်းထိုင်တဲ့ ယေရှုခရစ် ကမ္ဘာတစ်ခွင်ကို အုပ်စိုးနေ။ တွဲဖက်အုပ်ချုပ်သူတွေ နောက်မှာ ထိုင်နေကြ။ သူတို့နောက်မှာ ယေဟောဝါရဲ့ ဘုန်းတော် ထွန်းတောက်နေ။

၄။ ဘုရားနိုင်ငံတော် ကမ္ဘာတစ်ခွင် အုပ်စိုးတော့မယ်

ယေရှုခရစ်က လူ့အုပ်စိုးရှင်မှန်သမျှထက် တန်ခိုးအာဏာ ပိုရှိတယ်။ မဿဲ ၂၈:၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုရဲ့ အခွင့်အာဏာက လူ့အုပ်စိုးရှင်တွေရဲ့ အခွင့်အာဏာထက် ဘယ်လို သာသလဲ။

လူ့အစိုးရတွေက မကြာခဏ ပြောင်းလဲလေ့ရှိတယ်။ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ကြတယ်။ ဘုရားနိုင်ငံတော်ကကော။ ဒံယေလ ၇:၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘုရားနိုင်ငံတော် “ပျက်စီးမှာ မဟုတ်” တဲ့အတွက် ဘယ်လို အကျိုးရှိသလဲ။

  • ဘုရားနိုင်ငံတော် ကမ္ဘာတစ်ခွင် အုပ်စိုးတဲ့အတွက် ဘာအကျိုးခံစားရမယ် ထင်သလဲ။

၅။ လူ့အုပ်ချုပ်မှုကို ဖယ်ရှားပစ်ရမယ်

ဘုရားနိုင်ငံတော်က လူ့အစိုးရတွေကို ဘာကြောင့် ဖယ်ရှားရမလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ​—ကောက်နုတ်ချက် (၁:၄၁)

  • လူ့အုပ်ချုပ်မှုကြောင့် ဘာတွေ ကြုံခဲ့ရသလဲ။

ဒေသနာ ၈:၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘုရားနိုင်ငံတော်က လူ့အစိုးရတွေကို ဖယ်ရှားသင့်တယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

၆။ ဘုရားနိုင်ငံတော်မှာ ကျွန်တော်တို့ကို နားလည်ပေးနိုင်တဲ့ အုပ်စိုးရှင်တွေ ရှိ

ဘုရင်ယေရှုဟာ လူသားဖြစ်ခဲ့ဖူးလို့ ‘ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာ’ ပေးနိုင်တယ်။ (ဟီဘရူး ၄:၁၅) ယေရှုနဲ့အတူ အုပ်ချုပ်မယ့် သစ္စာရှိ အမျိုးသား/သမီး ၁၄၄,၀၀၀ ကိုလည်း ‘လူမျိုးနွယ်၊ ဘာသာစကား၊ လူစုနဲ့ လူမျိုးတွေထဲကနေ’ ယေဟောဝါ ရွေးချယ်ထားတယ်။​—ဗျာဒိတ် ၅:၉။

  • ယေရှုနဲ့ တွဲဖက်အုပ်စိုးသူတွေဟာ လူတွေကို နားလည်ပေးမှန်း သိရလို့ စိတ်ချမ်းသာသလား။ ဘာကြောင့်လဲ။

ခေတ်အသီးသီး၊ နောက်ခံအသီးသီးက သိသိက်ခံ အမျိုးသား၊ အမျိုးသမီးများ။

ယေရှုနဲ့အတူ အုပ်စိုးဖို့ နောက်ခံအသီးသီးက အမျိုးသား/သမီးတွေကို ယေဟောဝါ ရွေးချယ်

၇။ ဘုရားနိုင်ငံတော်မှာ အကောင်းဆုံးဥပဒေတွေ ရှိ

အစိုးရက ပြည်သူကို အကျိုးပြုမယ့်၊ ကာကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းတယ်။ ဘုရားနိုင်ငံတော်မှာလည်း ပြည်သူတွေ လိုက်နာရမယ့် ဥပဒေတွေ ရှိတယ်။ ၁ ကောရိန္သု ၆:၉-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘုရားရဲ့ ပညတ်ဥပဒေတွေကို လူတိုင်း လိုက်နာရင် ကမ္ဘာကြီး ဘယ်လိုနေမယ် ထင်သလဲ။a

  • ဒီဥပဒေတွေကို လိုက်နာကြဖို့ ယေဟောဝါ တောင်းဆိုပိုင်ခွင့် ရှိတယ် ထင်သလား။ ဘာကြောင့်လဲ။

  • ဒီဥပဒေတွေကို မလိုက်နာသူတွေ ပြောင်းလဲနိုင်မှန်း ဘယ်လို သိရသလဲ။​—အခန်းငယ် ၁၁ ကို ကြည့်ပါ။

မီးပွိုင့်မှာ လမ်းပြနေတဲ့ ယာဉ်ထိန်းရဲ။ အသက်အရွယ်အသီးသီးရှိသူတွေ လမ်းဖြတ်ကူးနေ။

အစိုးရက ပြည်သူကို အကျိုးပြု၊ ကာကွယ်မယ့် ဥပဒေတွေ ပြဋ္ဌာန်းတယ်။ ဘုရားနိုင်ငံတော်မှာလည်း ပြည်သူတွေ လိုက်နာရမယ့် အကောင်းဆုံး ဥပဒေတွေ ရှိတယ်

လူတချို့ အမေး။ “ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ဘုရားနိုင်ငံတော်ဆိုတာ ကမ္ဘာတစ်ခွင်လုံးကို အုပ်စိုးမယ့် ကောင်းကင်အစိုးရ ဖြစ်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ဘုရားနိုင်ငံတော်ရဲ့ အုပ်စိုးရှင်တွေဟာ ဘယ်သူတွေလဲ။

  • ဘုရားနိုင်ငံတော်က လူ့အစိုးရတွေထက် ဘယ်လို သာလွန်သလဲ။

  • ဘုရားနိုင်ငံတော် လက်အောက်ခံတွေဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

နိုင်ငံတော် အခြေစိုက်တဲ့နေရာအကြောင်း ယေရှု ဘာသင်ပေးသလဲ သုံးသပ်ပါ။

‘ဘုရားနိုင်ငံတော်ဆိုတာ စိတ်နှလုံးထဲမှာ ရှိတဲ့အရာလား’ (ဝက်ဘ်ဆိုက် ဆောင်းပါး)

ယေဟောဝါသက်သေတွေက လူ့အုပ်ချုပ်မှုထက် ဘုရားနိုင်ငံတော်ကို ဘာကြောင့် သစ္စာစောင့်သိကြသလဲ။

ဘုရားနိုင်ငံတော်အတွက် ဆက်ကပ်ထား (၁:၄၃)

ယေရှုနဲ့အတူ အုပ်စိုးဖို့ ယေဟောဝါ ရွေးချယ်တဲ့ ၁၄၄,၀၀၀ အကြောင်း ကျမ်းစာအဆိုကို ဖတ်ကြည့်ပါ။

“ဘယ်သူတွေ ကောင်းကင်သွားမလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ကမ္ဘာမှာ တရားမျှတမှု ရှိအောင် ဘုရားပဲ လုပ်ပေးနိုင်ကြောင်း ထောင်ကျနေတဲ့အမျိုးသမီး သိလာပုံကို ဖတ်ပါ။

“မတရားမှုအတွက် အဖြေရှာတွေ့ခဲ့ပုံ” (နိုးလော့! စာစောင်)

a ဘုရားရဲ့ ပညတ်ဥပဒေတချို့အကြောင်း အပိုင်း ၃ မှာ ဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ