၂၀၂၁ ခုနှစ် စုစုပေါင်း မှတ်တမ်း
ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲများ– ၈၇
မှတ်တမ်းသွင်းတဲ့ နိုင်ငံ အရေအတွက်– ၂၃၉
အသင်းတော် စုစုပေါင်း– ၁၁၉,၂၉၇
ကမ္ဘာတစ်ဝန်း အောက်မေ့ရာပွဲ တက်ရောက်သူများ– ၂၁,၃၆၇,၆၀၃
ကမ္ဘာတစ်ဝန်း အောက်မေ့ရာပွဲ စားသုံးသူများ– ၂၀,၇၄၆
အများဆုံး ကြေညာသူa– ၈,၆၈၆,၉၈၀
ဟောပြောခြင်းလုပ်ငန်းမှာ လစဉ်ပါဝင်တဲ့ ပျမ်းမျှကြေညာသူ– ၈,၄၈၀,၁၄၇
၂၀၂၀ ပြည့်နှစ်ထက် တိုးတက်တဲ့ ရာခိုင်နှုန်း– ၀.၇
နှစ်ခြင်းခံသူ အရေအတွက်b– ၁၇၁,၃၉၃
လစဉ် ပျမ်းမျှ ရှေ့ဆောင်c အရေအတွက်– ၁,၃၅၀,၁၃၈
လစဉ် ပျမ်းမျှ အရန်ရှေ့ဆောင် အရေအတွက်– ၃၉၈,၅၀၄
ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုတဲ့ နာရီ စုစုပေါင်း– ၁,၄၂၃,၀၃၉,၉၃၁
လစဉ် ပျမ်းမျှ ကျမ်းစာသင်အံမှုd အရေအတွက်– ၅,၉၀၈,၁၆၇
၂၀၂၁ လုပ်ငန်းတော်နှစ်အတွင်းe ယေဟောဝါသက်သေတွေဟာ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတဲ့ အထူးရှေ့ဆောင်၊ သာသနာပြု၊ တိုက်နယ်ကြီးကြပ်မှူးတွေအတွက် အမေရိကန်ဒေါ်လာ ၂၂၉ သန်း အသုံးပြုခဲ့တယ်။ ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးတွေမှာ စုစုပေါင်း ၂၀,၅၉၅ ယောက် အမှုဆောင်နေကြတယ်။ သူတို့အားလုံးဟာ ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ အထူးအချိန်ပြည့် အမှုဆောင်တွေ ဖြစ်ကြတယ်။
a ကြေညာသူဆိုတာ ဘုရားသခင့် နိုင်ငံတော်သတင်းကို တက်တက်ကြွကြွ ကြေညာ၊ ဟောပြောသူကို ရည်ညွှန်းတယ်။ (မဿဲ ၂၄:၁၄) ဒီကိန်းဂဏန်းတွေ ရေတွက်ပုံကို သိနိုင်ဖို့ jw.org/my မှာ “ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ဘယ်နှယောက် ရှိသလဲ” ဆောင်းပါးကို ကြည့်ပါ။
b ယေဟောဝါသက်သေဖြစ်ဖို့ နှစ်ခြင်းခံနိုင်တဲ့ အဆင့်ထိ တက်လှမ်းခြင်းအကြောင်း ပိုသိချင်ရင် jw.org/my မှာ “ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ဘာလုပ်ရမလဲ” ဆောင်းပါးကို ကြည့်ပါ။
c ရှေ့ဆောင်ဆိုတာ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ လစဉ် သတ်မှတ်ထားတဲ့ အချိန်နာရီအတိုင်း ပါဝင်လုပ်ဆောင်တဲ့ စေတနာ့ဝန်ထမ်း၊ ပုံသက်သေကောင်းသူ နှစ်ခြင်းခံပြီးသား သက်သေခံ ဖြစ်တယ်။
d ထပ်ဆင့်အချက်အလက်တွေအတွက် jw.org/my မှာ “ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။
e ၂၀၂၁ လုပ်ငန်းတော်နှစ်ဟာ ၂၀၂၀၊ စက်တင်ဘာ ၁ ရက်ကနေ ၂၀၂၁၊ ဩဂုတ် ၃၁ ရက်အထိ ဖြစ်တယ်။