ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၇/၁၅ စာ. ၂၄-၂၆
  • ‘ဒါပေမယ့် ယေဟောဝါကို ကျွန်ုပ်မှမချစ်ဘဲ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဒါပေမယ့် ယေဟောဝါကို ကျွန်ုပ်မှမချစ်ဘဲ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှလုံး၊ ဩတ္တပ္ပစိတ် နှင့် ယုံကြည်ခြင်း
  • ပြန်နာလန်ထူနိုင်
  • အခြားသူများ မည်သို့ကူညီပေးနိုင်
  • ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သော နှလုံးကိုရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ကြားနာသူ၏နှလုံးကို ထိမိအောင် ပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အသင့်ပြင်ဆင်ထားသောနှလုံးဖြင့် ယေဟောဝါအားရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • သင်၏နှလုံးကို စောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၇/၁၅ စာ. ၂၄-၂၆

‘ဒါပေမယ့် ယေဟောဝါကို ကျွန်ုပ်မှမချစ်ဘဲ’

ဘော့ဘ်ငယ်စဉ်အရွယ်တွင် သူ့မိခင် ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည်။ တစ်ခါမျှနှစ်ခြင်းမခံခဲ့ရသေးသော်လည်း မိခင်နှင့်အတူ နိုင်ငံတော်ခန်းမသို့လိုက်ဖူးသည်။ ဟောပြောခြင်းလုပ်ငန်းတွင်ပင် ပါဝင်ခဲ့ဖူးသည်။ သို့သော် ဆယ်ကျော်သက်ကြီးကြီးမားမားအရွယ်တွင် သက်သေခံများနှင့် မပေါင်းသင်းတော့ပါ။ အခြေအနေဆိုး တစ်ခုပြီးတစ်ခုဝင်ထွက်ရင်း သူ့ဘဝပျက်စီးလေသည်။ သမ္မာကျမ်းစာမှ ကြားသိထားရာတို့ကို ယုံကြည်ပါသည်ဟုဆိုသော်လည်း၊ ယေဟောဝါအဖွဲ့အစည်းထံ ပြန်လှည့်လာစိတ်ပေါ်လာရန် ယင်းတို့ကမလုံလောက်သေးပါ။ ဘော့ဘ်တစ်ယောက် အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။

အခြားအဖြစ်အပျက်တစ်ခုကိုကြည့်ပါဦး။ ဒေးဗစ်သည် နှစ်အနည်းငယ် အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်ခဲ့ဖူးသည်။ တစ်ခါတစ်ရံ ကျမ်းစာသွန်သင်ချက်အချို့ကို သူသံသယဝင်ခဲ့သည်။ သို့သော် တစ်ချက်နှစ်ချက်မျှသာ အံဝင်ပုံမရှိသဖြင့် လက်လျှော့နောက်ဆုတ်မသင့်ဟု သူ့ကိုယ်သူနှစ်သိမ့်ခဲ့သည်။ ယေဟောဝါထံမှရရှိမည့် ရှင်းပြချက်ကို စောင့်မျှော်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဤသို့သဘောထားနေစဉ်ပင် မကျေမနပ်ဖြစ်လာသည်ဟု ဒေးဗစ်ပြောသည်။ သို့ဖြင့် လုပ်ငန်းတော်အခွင့်အရေးကိုပြန်အပ်ပြီး များမကြာမီ သမ္မာတရားမှ ထွက်သွားလေသည်။ သူ့အတွေးအခေါ်ပြောင်းလဲသွားရခြင်းကား အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့ချစ်မြတ်နိုးသူများ အသက်ပြေးပွဲမှထွက်သွားသည်ကိုတွေ့ရခြင်းသည် တကယ်ဝမ်းနည်းစရာဖြစ်သည်။ သူတို့ကို အတတ်နိုင်ဆုံး ကူညီပေးလိုကြမည်။ (၂ ကောရိန္သု ၁၂:၁၅။ ဂလာတိ ၅:၇) သို့သော် လူတစ်ယောက်သည် သမ္မာတရားမှ အဘယ်ကြောင့်ထွက်သွားရသနည်း။ ပြိုင်ပွဲပြန်ဝင်ရန် ဤကဲ့သို့သောသူကို မည်သို့ကူညီပေးနိုင်မည်နည်း။ ယင်းစိတ်ထားမျိုး မိမိ၌ပေါ်လာလျှင် ဘာလုပ်သင့်သနည်း။

နှလုံး၊ ဩတ္တပ္ပစိတ် နှင့် ယုံကြည်ခြင်း

သမ္မာတရားကိုစွန့်လွှတ်ခဲ့သူများနှင့်ပတ်သက်၍ သတိပြုစရာအချက်တစ်ခုရှိသည်။ သမ္မာတရားမဟုတ်ဟု သူတို့အများစုက မယုံတော့၍မဟုတ်။ ထိုသို့ဖြစ်မည့်အစား သူတို့အနက် အများက “မှန်တယ်ဆိုတာကိုသိပါတယ်။ ဒါပေမယ့် . . . ” သို့မဟုတ် “သမ္မာတရားရှိရင်တော့ ဒါပါဘဲဆိုတာ သေချာပါတယ်။” သမ္မာကျမ်းစာမှ သူတို့သင်ယူခဲ့သမျှသည် အမှန်တရားဖြစ်သည်ကို နှလုံးတွင်း၌ လက်ခံယုံကြည်ထားကြသူကား များပါသည်။ သို့သော် သူတို့လက်လျှော့ပြီး ဇွဲလုံ့လပျောက်လွင့်ခဲ့ကြသည်။ ယာကုပ်ဤသို့ဆိုသည်။ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။”—ယာကုပ် ၂:၂၆။

အမှန်တကယ်ယုံကြည်သည်ဟုဆိုရာတွင် အသိပညာရှိရုံ၊ အရာတစ်ခုစစ်မှန်သည်ဟု ယုံကြည်ရုံနှင့်မလုံလောက်ပေ။ စိတ်လှုပ်ရှားမှုတစ်ခုသာဖြစ်သည်ထက် ယုံကြည်သည်ဟုဆိုရာတွင် ပုံဆောင်ရာနှလုံးပါဝင်နေသည်။ အကြောင်းမူကား၊ ကျမ်းစာဤသို့ဆိုသည်။ “ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏”။ (ရောမ ၁၀:၁၀) ထိုကြောင့် စသွေဖည်လာသူ၏ပြဿနာအရင်းခံသည် သူ၏နှလုံးသားဖြစ်ကြောင်း သမ္မာကျမ်းစာတင်ပြပါသည်။ ပေါလုသတိပေးသကဲ့သို့ပင် “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြ” ရမည်ဖြစ်သည်။—ဟေဗြဲ ၃:၁၂။

အဓိကတရားခံမှာ နှလုံးဖြစ်ကြောင်း သမ္မာတရားမှထွက်သွားခဲ့သော ဒီအဲန်းစကားကိုနားထောင်ကြည့်စို့။ ခရစ်ယာန်ချင်းတို့က သူ့ကိုကြိုးစားကူညီပေးခဲ့သောအခါ သူက “ယေဟောဝါထံ ကျွန်မပြန်မလာနိုင်တော့ဘူး။ ကိုယ်တော်ကို ကျွန်မမချစ်နိုင်ဘူး” ဟုပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သည်။ ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သဘောထားပြီး သူချစ်မြတ်နိုး ဝတ်ပြုထိုက်သူဟု ယူမှတ်နိုင်မှ ယေဟောဝါဘုရားသခင်နှင့် မိမိတရင်းတနှီးရှိနိုင်မည်ကို သူသိမြင်ခဲ့သည်။ အမှန်မှာ အစကနဦးက ဤကဲ့သို့သောချစ်ခြင်းမျိုးကြောင့် ယေဟောဝါထံသူ့ဘဝကိုသူ ဆက်ကပ်အပ်နှံခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်နည်းနည်းဖြင့် ထိုကဲ့သို့သောမေတ္တာ သူ၌မရှိတော့ပါ။ ထိုသို့သောမေတ္တာမရှိဘဲ ပြန်လှည့်လာလျှင်လည်း ထုံးစံရှိ၍သာလုပ်ကိုင်ရုံဖြစ်မည်ဟု သူသိထားသည်။ သို့သော် တစ်ချိန်က အမြစ်တွယ်ခဲ့သောချစ်ခြင်း မည်သို့ပျောက်ကွယ်သွားနိုင်သနည်း။

ပေါလုက ‘ယုံကြည်ခြင်းကင်းမဲ့သည့် ဆိုးညစ်သောစိတ်နှလုံး’ အကြောင်းပြောသည်။ အချို့ကိစ္စများတွင် ဤသို့ယုံကြည်ခြင်းကင်းမဲ့ရခြင်းမှာ ယေဟောဝါတားမြစ်ထားရာကို တပ်မက်လာခြင်း၊ သို့မဟုတ် မိန့်တော်မူချက်ကို မနာခံခြင်းအကျိုးဖြစ်သည်။ သို့ဖြင့် နှလုံးဒွိဟဖြစ်လာပြီး ယေဟောဝါဘက် မပြည့်ဝတော့ပေ။ ထိုနောက် မိမိလမ်းစဉ်ကို ဘုရားသခင်နှစ်သက်တော်မူမည်မဟုတ်ကြောင်း သိထားရာ ထိပ်တိုက်မရင်ဆိုင်ရရန် အလွယ်ကူဆုံးကား “အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွား” ခြင်းတည်း။ (ကမ္ဘာဦး ၃:၈-၁၀) နောင်တရမည့်အစား “ဆိုးညစ်သောနှလုံး’ သည် မိမိဘဝမှ ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို ဖျောက်ဖျက်ပစ်ရန် တိုက်တွန်းခံရသည်။ သို့ဖြင့် ယုံကြည်ခြင်းကင်းမဲ့သူသည် သမ္မာတရားကို စွန့်လွှတ်လိုက်သည်။

အခြားအဖြစ်အပျက်များ၌မူ လမ်းစဉ်တစ်ခုအတွက် စိတ်ဒုက္ခခံမည့်အစား သံသယဖြစ်ခြင်း၊ အပြစ်ရှာခြင်း၊ ဖောက်ပြန်သည်အထိ ပညာရှိရှိထွက်ပေါက်ရှာရန် မိမိနှလုံးအားစေ့ဆော်ခွင့်ပြုစေသည်။ ဤကဲ့သို့သောသူတို့သည် ကြည်လင်သောသြတ္တပ္ပစိတ်ကို ပထုတ်ပြီး “ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံး’ ကြသည်။—၁ တိမောသေ ၁:၁၉။

အခြားအကြောင်းတစ်ခုခုကြောင့် သမ္မာတရားကို စွန့်သူရှိပေဦးမည်။ သို့သော် မည်သည့်အကြောင်းကြောင့်မဆို အမြဲတမ်းလိုလို နှလုံးနှင့်ပတ်သက်သည်။ ဤအကြောင်းကြောင့် “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့” ဟူသောသြဝါဒသည် အလွန်အခန့်သင့်ပေသည်။—သု၊ ၄:၂၃။

ပြန်နာလန်ထူနိုင်

ယုံကြည်ခြင်းကင်းမဲ့ခြင်း၏ အခြေအမြစ်မှာ ကိုယ်ကိုယ်တိုင်၏ မှားယွင်းသောစိတ်နှလုံးအကြံအစည်ကြောင့်ဟု ဝန်ခံရန် သတ္တိလိုသည်။ သို့သော် ထိုသို့ပြုခြင်းကား ယေဟောဝါနှင့်ဆက်ဆံမှုကောင်း ပြန်ရှိလာရန် ကြိုးစားခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ အင်္ဂလန်နိုင်ငံနေ ရှေ့ဆောင်တစ်ဦးဖြစ်သူ စတီးဖ်၏အဖြစ်အပျက်ကား ယင်းကိုသဘောပေါက်စေသည်။

စတီးဖ်သည် သမ္မာတရားမှ တစ်ခါမှမထွက်သွားခဲ့ဖူးသော်လည်း တစ်ချိန်တွင် မိမိဘဝသည် အဓိပ္ပာယ်မဲ့ပြီး ခိုင်မြဲသောယုံကြည်ခြင်းမဲ့သည်ဟု ခံစားခဲ့သည်။ သူတစ်ပါးကို ဟောပြောသည့်အခါ မိမိစကားများသည် မိမိအတွက်ပင် အဓိပ္ပာယ်မဲ့နေသည်။ ဝိညာဏညီကိုညီမများနှင့်အတူရှိသည့်အခါလည်း သူတို့အဝင်မဟုတ်ဘိသကဲ့သို့ နေရကျဉ်းကျပ်နေသည်။

တော်သေးသည်ကား ပြဿနာ၏အရင်းခံမှာ ကိုယ်ကိုယ်နှိုက်သာဖြစ်သည်ကို စတီးဗ်အသိအမှတ်ပြုခဲ့ခြင်းတည်း။ “မစုံလင်တဲ့လူသားအထဲမှာ အဖြေမှန်ပေးနိုင်တဲ့ တိုက်တွန်းမှုတစ်မျိုးမျိုးရှိတယ်အထင်နဲ့ ကိုယ့်ဟာကိုယ် တစ်ဦးတည်းစဉ်းစားဆုံးဖြတ်လိုက်မယ်ဆိုတဲ့ အမှားမျိုးကိုကျွန်တော်မလုပ်ခဲ့ဘူး” ဟုစတီးဖ်စားမြုံ့ပြန်သည်။ (ရောမ ၇:၁၈ နှင့်နှိုင်းယှဉ်ပါ။) ထိုအစား မိမိနှလုံးကိုစစ်ပြီး သမ္မာတရားမှ မိမိအားသွေဖည်စေနိုင်သည့် လှည့်ဖြားတတ်သောစိတ်ဆန္ဒများကို အမြစ်မှနှုတ်ယူပစ်ရမည်အကြောင်းသူအသိအမှတ်ပြုခဲ့သည်။ အခြေအမြစ်မှပြန်စ၍ ဘုရားသခင်အပေါ်မေတ္တာနှင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းပြန်ခိုင်မြဲလာရန် ကြိုးစားခဲ့သည်။ ယနေ့ စတီးဖ်သည် သာသနာပြုတစ်ဦးအဖြစ် ပျော်ရွှင်စွာအမှုထမ်းနေသည်။

အခြားသူများ မည်သို့ကူညီပေးနိုင်

သမ္မာတရားစွန့်လွှတ်သူ၊ သို့မဟုတ်သွေဖည်စပြုသူတိုင်း စတီးဖ်နည်းတူ အမြင်မရှင်းလင်းကြပေ။ အမှန်မှာ ဤဝိညာဏမြင်ကွင်း မသဲမကွဲဖြစ်ခြင်းမှ လုံးဝပျောက်သွားခြင်းဖြစ်လာသည်။ ဤအချိန်တွင် ခရစ်ယာန်ချင်းတို့က ကူညီပေးနိုင်ပါသည်။ (ရောမ ၁၅:၁။ ဂလာတိ ၆:၁) သို့သော် ယင်းကိုအကောင်းဆုံးနည်းဖြင့် မည်သို့ပြုလုပ်နိုင်မည်နည်း။

ဤသို့သောသူအား ပြန်လှည့်လာရန်ခေါ်ဖိတ်ရုံ၊ အားပေးရုံနှင့် မရကြောင်းထင်ရှားသည်။ တားဆီးမှုများကို သိရှိရန်စူးစမ်းပြီး ယင်းတို့ကိုဖယ်ပစ်ရမည်။ အားနည်းသွားသူ၊ သို့မဟုတ် မလှုပ်ရှားတော့သူ၏နှလုံးကို ထိမိရန်ကြိုးစားရမည်။ ပွင့်လင်း၍ တစ်ချိန်တည်း ကြင်နာသည့် ရင်ဖွင့်ဆွေးနွေးလျှင် အကူအညီဖြစ်ပေမည်။ ၁ တိမောသေ ၁:၁၉၊ ဟေဗြဲ ၃:၁၂ နှင့် ယေရမိ ၁၇:၉၊ ၁၀ ကဲ့သို့သောကျမ်းချက်များသည် သူ၏နှလုံးအတွင်းအထိ အမြစ်ကိုလှန်ကာ “အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွား” ရန် စိတ်ရှိစေသည်ကား အဘယ်အရာဖြစ်သည်ကို သိစေပေမည်။

အကြောင်းရင်းကိုသိရှိပြီဆိုလျှင် ယင်းတို့ကို ဖြေရှင်းရန်ကြိုးစားရမည်။ ရောဂါစွဲကပ်သောပကတိနှလုံးကို ဂရုစိုက်ပြုစုပေးရ၏။ လူနာအသက်ရှင်နိုင်ရေးအတွက် နာကျင်စွာ ခွဲစိတ်ခံရရန်လိုပေမည်။ ပုံဆောင်ရာ ရောဂါရှိနှလုံးအတွက်လည်း ထိုနည်းထပ်တူဖြစ်သည်။ နာယူလိုသောနှလုံးပြန်ဖြစ်လာစေရန် မှားယွင်းသော စိတ်ဆန္ဒများ၊ ကိုယ့်မင်းကိုယ့်ချင်းစိတ်ထားများ၊ သို့မဟုတ် နှလုံးကို သွေဖည်စေနိုင်သော အခြားအခြားအကြောင်းများကို ဖြတ်ထုတ်ပစ်ရန်လိုပေမည်။ လှုပ်ရှားတက်ကြွသောခရစ်ယာန်များသည် မလှုပ်ရှားတော့သည့်ခရစ်ယာန်နှင့်အတူ ဆုတောင်းရုံမက အကြီးအကဲများက လိုအပ်သည်အထင်ရှိသော သူနှင့် ကျမ်းစာပြန်လေ့လာရန်ပင်လိုပေမည်။ ဤနည်းများအားဖြင့်သာလျှင် နှလုံးကိုပြန်နှိုးဆော်ပေးပြီး ထိုသူအား ယေဟောဝါကိုချစ်မြတ်နိုးသူ ပြန်ဖြစ်လာစေနိုင်သည်။—သု၊ ၂:၁-၅။

ဒီအဲန်းကိစ္စတွင် ဤသို့ပြုခဲ့ပေးရသည်။ ပါရမီရင့်ကျက်သောခရစ်ယာန်များနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ယေဟောဝါကိုပြန်ချစ်မြတ်နိုးလာရန် သူဘာလုပ်ကိုင်ရမည်ကို သိရှိလာပေသည်။ ယေဟောဝါကို တရင်းတနှီးသိကျွမ်းရန် ပြန်ကြိုးစားဖို့လိုကြောင်းသူသိလာသည်နှင့် သူ့အားကမ်းလှမ်းသောအကူအညီကို ဒီအဲန်းလက်ခံယူသည်။ သမ္မာကျမ်းစာကို တစ်နှစ်ခန့်လေ့လာပြီးနောက် သူနှင့်သူ၏ခင်ပွန်းသည် ယေဟောဝါကိုတက်ကြွစွာချီးမွမ်းသူများ ပြန်ဖြစ်လာကြသည်။

ချစ်ခြင်းမေတ္တာနှင့် အကျင့် ဒွန်တွဲ၍နေသောကြောင့် ယေဟောဝါစေလိုရာကိုပြုလုပ်ခြင်း၊ ကိုယ်တော်၏မေတ္တာပါ အကူအညီကိုခံစားရခြင်းက အထိရောက်ဆုံးဖြစ်ပေသည်။ မှန်၏။ တက်ကြွလှုပ်ရှားနေပါက သူ၏နှလုံးကို စေ့ဆော်ခဲ့သော ချစ်ခြင်းကို ပြန်နှိုးဆော်ပေးသည်။ (ဆာလံ ၃၄:၈) မှားယွင်းသောစိတ်ဆန္ဒများကို အနိုင်ယူထိန်းသိမ်းခြင်း၊ သို့မဟုတ်နှလုံး၏မတော်လျော်သောစိတ်ထားများကို စပြုပြင်ပေးရန် လိုပေမည်။ ဤတိုက်ပွဲတွင် အောင်မြင်မှုတိုင်းကား နှလုံးသားကို ယေဟောဝါထံပြန်လှည့်စေရန် ပို၍အကူအညီဖြစ်စေမည်။ (သု၊ ၂၃:၂၆။ ၁ ပေတရု ၂:၁-၃) နှလုံးသားကို ပြန်သွေးဆောင်နိုင်ပြီဆိုလျှင် ယင်း၌ရှိရာတို့ကို သူတစ်ပါးအားဝေမျှရန် စေ့ဆော်ခံရပေမည်။ သို့ဖြစ်၍ တစ်ချိန်ကမလှုပ်မရှားခဲ့သော နိုင်ငံတော်ကြေညာသူများ အရည်အချင်းပြန်ရှိလာသည်နှင့် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရန် ကူညီပေးသင့်သည်။ အကြောင်းမူကား၊ “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။”—ရောမ ၁၀:၁၀။

ယေဟောဝါကိုမချစ်တော့ဟု ခံစားရသူများအတွက် ဘုရားဝတ်၌မွေ့လျော်ခြင်းလမ်းသည် ရှည်လျားပြီး ခဲယဉ်းပေမည်။ သို့နှင့်ပင် စတီးဖ်နှင့်ဒီအဲန်းတို့၏ ဝိညာဏနာလန်ထူလာခြင်းကိုထောက်၍ နှလုံးပြုပြင်ပြောင်းလဲလာနိုင်ကြောင်းထင်ရှားသည်။ ယေဟောဝါ၏ဝိညာဉ်တော်တိုက်တွန်းမှု၊ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုကျင့်သုံးခြင်း၊ ကိုယ်တော်.အဖွဲ့အစည်းနှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နာလန်ထနိုင်ပါသည်။ ဤကဲ့သို့သောသူတို့သည် ယေဟောဝါ၏ဝတ်ပြုရေးတွင် ရွှင်လန်းအားရစွာပြန်ပါဝင်ပြီး ယေဟောဝါကိုမြတ်နိုးသူများအနေနှင့် နှလုံးအပြည့်အမှုတော်ထမ်းသူများဖြစ်လာနိုင်ရန် စိတ်ရင်းစေတနာဖြင့် မျှော်လင့်၍ ဆုတောင်းပေးပါသည်။—မာကု ၁၂:၃၀။ ၁ ကောရိန္သု ၁၃:၈။ ၃ ယောဟန် ၁-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ