ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၈/၁၅ စာ. ၃-၄
  • ရာဇဝတ်မှု အဘယ်ကြောင့် ဤမျှများရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရာဇဝတ်မှု အဘယ်ကြောင့် ဤမျှများရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရာဇဝတ်မှုဆိုင်ရာပြဿနာကို ဖြေရှင်း၍ရနိုင်သလော
    နိုးလော့!—၂၀၀၈
  • ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှုကိုတိုက်လှန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၈/၁၅ စာ. ၃-၄

ရာဇဝတ်မှု အဘယ်ကြောင့် ဤမျှများရသနည်း

“အများသောရာဇဝတ်မှုသည် ဥစ္စာပစ္စည်းနှင့်စပ်လျဉ်းသည်” ဟုဗြိတိသျှအစိုးရစာစောင်တစ်စောင်ကတင်ပြသည်။ သို့ဖြစ်စေကာမူ ထိုနိုင်ငံတွင် လူတို့အားပြုသောရာဇဝတ်မှုသည် ပြစ်မှုအားလုံးတို့၏ ၅ ရာခိုင်နှုန်းမျှရှိသည်။ သို့သော်လည်း လူတို့ကိုပြုသည့် ရက်စက်ကြမ်းကြုတ်သောရာဇဝတ်သည် “အလျင်အမြန်ဆုံးတိုးများနေသည့် ရာဇဝတ်မှု” ဖြစ်နေကြောင်း သိရှိရသည်။

ဤအခြေအနေကား ကမ္ဘာချီရာဇဝတ်မှုတိုးတက်နှုန်းကိုတင်ပြသည်။ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်း၊ မုဒိမ်းမှုနှင့် အခြားအဓမ္မမှုများကို ကမ္ဘာ့သတင်း၌ မှန်မှန်ကြားသိနေရသည်။ အကြမ်းဖက်မှုမပါသည့် ရာဇဝတ်မှုများထက် ပို၍စိတ်ဝင်စားတတ်ကြသည်။ ထိုကြောင့် သင်နှင့် သင့်ပိုင်ဆိုင်ရာများသည် ရာဇဝတ်မှု၏ပစ်မှတ်ဖြစ်နိုင်ပေသည်။ သို့သော် အဘယ်ကြောင့်နည်း။ လူတို့အား ရာဇဝတ်ကောင်များဖြစ်စေသည်ကား အဘယ်နည်း။

ရာဇဝတ်သားများစွာတို့သည် အခွင့်အရေးသမားများဖြစ်ကြသည်။ ယင်းကြောင့် မိမိတို့ရပ်ကွက်အခြေအနေကို သတိပြုနေကြခြင်းဖြင့် ရာဇဝတ်မှုလှိုင်းလုံးကိုတားဆီးပေးရန် ပြောဆိုခွင့်ရှိသူတို့က အားပေးတိုက်တွန်းသည်။ ပြစ်မှုကို ကြိုးစားတားဆီးရန် ဤနည်းများအသုံးပြုကြသော်လည်း၊ ရာဇဝတ်ကောင်များဖြစ်မလာဘဲနေကြပါသလော။ မနေပါ။

ရာဇဝတ်သားများ၏အတွင်းဥပဓိရုပ်ကို များစွာစိစစ်သုံးသပ်ခဲ့ပေပြီ။ “ငါတို့နှင့်အတူလိုက်တော့။ သူ့အသက်ကိုသတ်အံ့သောငှာ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။ သင်္ချိုင်းတွင်းသို့ဆင်းသောသူတို့ကဲ့သို့ တစ်ကိုယ်လုံးပါလျက် အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာနိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ အဖိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။ ငါတို့နှင့်ပေါင်းဖေါ်တော့။ ရသောဥစ္စာကို အညီအမျှပိုင်ကြစို့” ဟုသွေးဆောင်ပြောဆိုသူများအကြောင်း လူပျိုတို့ကိုသတိပေးရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာကျမ်းစာက ပြစ်မှုပြုသူ၏အတွေးအခေါ်ကို ဖေါ်ပြပေးပုံကား စိတ်ဝင်စားစရာကောင်းသည်။ (သု၊ ၁:၁၁-၁၄) မှန်ပါသည်။ လောဘရမ္မက်၊ တပ်မက်စိတ်နှင့် ဥစ္စာရလိုသောသဘောသည် ရာဇဝတ်မှုကိုမွေးမြူပေးသည်။

ဤနှစ်ဆယ်ရာစုတွင် လူအများသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ပျော်ပါးဖို့သာအဓိကထားကြသည်။ ထိုကြောင့် အပိုသုံးစရိတ်များအတွက် ငွေလိုအပ်လာသည်။ ငွေရရှိရန် သူတစ်ပါးအား ထိခိုက်ဒဏ်ရာရစေရုံမက အသက်သတ်ဖို့ပင် ဝန်မလေးတော့ချေ။ ဤ ‘ခဲယဉ်း၍ ဆိုးယုတ်သောကာလ’ တွင် တိုးများလာနေသော “ဒုစရိုက်ပြုရာသို့ပြေး၍ လူအသက်ကိုသတ်ခြင်းငှာ လျင်မြန်” သူများ၏စိတ်ထားသည် ဤအတိုင်းပင်ဖြစ်နေသည်။—၂ တိမောသေ ၃:၁၊ ၃၊ ၄။ သု၊ ၁:၁၆။

ရာဇဝတ်မှုသည် “အထူးသဖြင့် စာရိတ္တကိုပြစ်မှုပြုခြင်းဖြစ်သည်” ဟု Webster’s Ninth New Collegiate Dictionary ကဆိုသည်။ သီလယိုယွင်းပျက်ပြားနေသောခေတ်တွင် ကျွန်ုပ်တို့အသက်ရှင်နေရကြသည်။ “ဉာဏ်အလင်းကွယ်သည်ဖြစ်၍ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့် ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်. . . ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှာ မိမိတို့ကို ကိလေသာလက်သို့အပ်လိုက်ကြ” သူများအကြောင်း ဧဖက်ခရစ်ယာန်များကို တမန်တော်ပေါလုသတိပေးခဲ့သည်။ ထိုနည်းတူစွာ ယနေ့ကျွန်ုပ်တို့လည်း သတိပြုလျက်နေရကြမည်။—ဧဖက် ၄:၁၇-၁၉။

ရက်စက်ကြမ်းကြုတ်သော ဗွီဒီယိုရုပ်ရှင်ကားများကို မြောက်မြားစွာထုတ်လုပ်ခြင်း၊ စစ်ကိုအမွှမ်းတင်ခြင်း၊ မတော်မတရားသော အပျော်အပါးများနောက် တကောက်ကောက်လိုက်ပါခြင်းဖြင့် အချို့ကိုရာဇဝတ်သားများဖြစ်စေ၍ အပြစ်မဲ့သူတို့အား ရာဇဝတ်မှုသားကောင်များဖြစ်စေသည်။ သို့သော် ရာဇဝတ်မှုအရှုပ်အထွေးကြား အခြားအစိတ်အပိုင်းတစ်ခုရှိသေးသည်။ ယင်းကားအဘယ်နည်း။

စာတန်မာရ်နတ်ဖြစ်သည်။ လက်ရှိလောကစနစ်၏အမှတ်အသားဖြစ်သော အဓိပ္ပာယ်မဲ့ရမ်းကားကြမ်းကြုတ်မှု၊ ရာဇဝတ်မှုမီးအရှိန်ကို သူ၏အမျက်က တောက်လောင်စေသည်။ (၁ ယောဟန် ၅:၁၉။ ဗျာဒိတ် ၁၂:၁၂) သူ့ရည်မှန်းချက်ကား မှန်သောဘုရားသခင် ယေဟောဝါထံတော်မှ လူသားအပေါင်းကို သွေဖည်သွားစေရန်ဖြစ်သည်။ များစွာသောသူတို့ကို သူလွှမ်းမိုးနိုင်မည်ဖြစ်သော်လည်း ဘုရားသခင့်စစ်မှန်သောကျေးကျွန်များ၏ သစ္စာသမာဓိကိုမူ သူဖျက်နိုင်မည်မဟုတ်ကြောင်း သမ္မာကျမ်းစာက ပရောဖက်ပြုထားပါသည်။ နောက်ဆုံးတွင် စာတန်ပယ်ရှင်းခြင်းခံရမည်။ စာတန်လုံးလုံးမရှိတော့သည့်အခါ ရာဇဝတ်မှုပပျောက်သွားမည်လော။ ရာဇဝတ်မှုကင်းမဲ့မည့်အချိန် ယခုနီးပြီလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ