ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၆/၁၅ စာ. ၅-၇
  • မကြာမီဖျားနာမှုနှင့်သေခြင်း ရှိတော့မည်မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြာမီဖျားနာမှုနှင့်သေခြင်း ရှိတော့မည်မဟုတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖျားနာခြင်းနှင့်သေခြင်း၏မူလ
  • မြေကြီးတွင်လော၊ ကောင်းကင်၌လော
  • အဘယ်ကြောင့်နီးကပ်
  • အားလုံးအတွက် ကျန်းမာရေးကောင်း—မကြာတော့!
    နိုးလော့!—၂၀၀၂
  • ဖျားနာမှု မရှိတော့ချိန်ဝယ်!
    နိုးလော့!—၂၀၀၇
  • ဗျာဒိတ် ၂၁:၄—“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၆/၁၅ စာ. ၅-၇

မကြာမီဖျားနာမှုနှင့်သေခြင်း ရှိတော့မည်မဟုတ်

မ ည်သူမှမဖျားလို၊ မသေလိုကြချေ။ ဆေးဘက်ဆိုင်ရာလူမှုရေးမှ ပရောဖက်ဆာတစ်ဦးက “ရာဇဝင်တစ်လျှောက်တွင် ကမ္ဘာတစ်ခုလုံးနီးပါးနှင့် အဖွဲ့အစည်းအများစုသည် အသက်ရှည်ရန်ရှာဖွေခဲ့ကြပုံရသည်။ ယင်းသည်အဓိက မျိုးမတုံးရေးနှင့်ဆက်နွယ်နေသည်။ . . . အသက်ရှည်ရေးအတွက် သူတို့၏ဘဝကိုအသုံးချ ရှာဖွေသူများတွင် အကျော်ကြားဆုံးမှာ ပေါန်စ်ဒီလီအွန်ဆိုသူတစ်ဦးသာဖြစ်သည်။ ဆေးသိပ္ပံ၏အများဆုံးကဏ္ဍသည် ရောဂါနှင့်သေခြင်းကိုတိုက်ဖျက်၍ အသက်ရှည်ရန်ကြိုးပမ်းခြင်းဖြစ်သည်။”

မိတ်ဆွေများနှင့် မိသားစုဝင်များသေဆုံးသောအခါ ကျွန်ုပ်တို့အား အလွန်ကြေကွဲစေသောကြောင့် ဓမ္မတာအတိုင်းပင်ယင်း၏ဒဏ်ချက်ကို ဖုံးအုပ်ရန်ကြိုးစားကြသည်။ Funeral Customs the World Over စာအုပ်က “မည်မျှရှေးကျ သို့မဟုတ် ယဉ်ကျေးသည့်အသိုင်းအဝိုင်းမဆို သူတို့အဝင်လူများ၏အလောင်းကို ပစ်ထားခြင်း၊ တတ်နိုင်သလောက် ထုံးတမ်းဖြင့်အသုဘမချသူဟူ၍မရှိချေ။ . . . ယင်းသည်လူအားလုံး၏နက်ရှိုင်းသော စေ့ဆော်ချက်ကို တင်းတိမ်စေသည်။ . . . [လူ] သည်သေဆုံးသူအား ထုံးတမ်းနှင့်မြှုပ်သည့်အတွက် ယင်းသို့ပြုခြင်းသည် ‘မှန်’ ပြီး၊ အထူးသဖြင့်မိသားစု၊ ခင်မင်သူ၊ အတူနေသူ၊ ဘဝတူ သို့မဟုတ် အခြားအကြောင်းတို့ဖြင့် နီးနီးကပ်ကပ်ဆက်နွယ်သူများသည် ထိုသို့မပြုလျှင် ‘မှား’ သည်ဟုရှုမြင်၍ ဓမ္မတာနှင့်ဆန့်ကျင်သောပျက်ကွက်မှု၊ တောင်းပန်သင့်သည့်အရာ သို့မဟုတ် ရှက်ဖွယ်ဖြစ်သည်” ဟုသုံးသပ်ထားသည်။

ဖျားနာခြင်းနှင့်သေခြင်း၏မူလ

ထို့ကြောင့်ဖျားနာခြင်းနှင့်သေခြင်းသည် တစ်နေ့ပယ်ဖျက်ခံရမည်ဟူ၍ တန်ခိုးပါသည့်အကြောင်းဖြစ်သည်။ သို့သော်ထိုသို့ယုံကြည်ရန် အကြောင်းရင်းရှိပါသလော။ အမှန်ပင်ရှိပြီး ယင်းသည်ကျိုးကြောင်းညီညွတ်ကာ၊ စိတ်ချနိုင်၍ မမှားယွင်းနိုင်ချေ။ ယင်းကားကျွန်ုပ်တို့ဖန်ဆင်းရှင်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော် သန့်ရှင်းသောသမ္မာကျမ်းစာဖြစ်သည်။

ထိုစာအုပ်သည် လူ့ဒုက္ခ၏ပင်ရင်းကို ရှင်းလင်းထားသည်။ ပထမဆုံးလူသားအာဒံကို ဘုရားရှင်ဖန်ဆင်းခဲ့ကာ အရှေ့အလယ်ပိုင်းတစ်နေရာတွင် တည်ရှိခဲ့သော ပရဒိသုဥယျာဉ်တွင် ထားခဲ့ကြောင်း ယင်းကပြောပြသည်။ အာဒံကိုစုံလင်စွာဖန်ဆင်းခဲ့ကာ ဖျားနာခြင်းနှင့်သေခြင်းကိုသူ မသိရှိခဲ့။ မကြာမီထပ်တူစုံလင်သောဇနီးတစ်ဦး သူနှင့်ပူးပေါင်းလာကာ သူတို့သည်မြေကြီးပေါ်တွင် ထာဝရအသက်မျှော်လင့်ချက်ရရှိထားသည်။—ကမ္ဘာဦး ၂:၁၅-၁၇၊ ၂၁-၂၄။

ထိုနှစ်လိုဖွယ်အခြေအနေသည် မတာရှည်ခဲ့ချေ။ အဘယ်ကြောင့်နည်း။ အာဒံသည် ဘုရားနှင့်ကင်းကွာသောအသက်တာလမ်းစဉ်ကို တစ်ကိုယ်ကောင်းဆန်စွာ ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။ ပင်ပန်းစွာလုပ်ရခြင်း၊ နာကျင်ခြင်း၊ ဖျားနာခြင်းနှင့် နောက်ဆုံးတွင် သေခြင်းကိုဖြစ်စေခဲ့သည်။ (ကမ္ဘာဦး ၃:၁၇-၁၉) သူ၏သားစဉ်မြေးဆက်သည် အာဒံရွေးချယ်ခဲ့သည့် ပျော်ရွှင်မှုမဲ့သော အသက်တာကိုအမွေခံခဲ့ကြသည်။ ရောမ ၅:၁၂ ကရှင်းပြသည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် သေခြင်းသို့ရောက်ကြ၏။” ရောမ ၈:၂၂ ကထပ်ဆင့်လိုက်သည်။ “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင်တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်။”

မြေကြီးတွင်လော၊ ကောင်းကင်၌လော

သို့ပင်ငြားလည်း၊ သမ္မာကျမ်းစာက ဘုရားရှင်သည်မကြာမီနာခံသောလူသားတို့အား အာဒံနှင့်ဧဝဆုံးရှုံးခဲ့သော ပျော်ရွှင်ဖွယ်အခြေအနေသို့ ပြန်လည်တည်ထောင်ပေးတော့မည်ဖြစ်ကြောင်း စိတ်ချစေသည်။ ဗျာဒိတ် ၂၁:၃၊ ၄ ကဆိုထားသည်။ “ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍၊ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။” ရှေးပရောဖက်တစ်ဦးကလည်း အလားတူပင် “မြို့သားကလည်း ‘ငါနာသည်ဟုမဆိုရ’” သောအချိန်ကို ကြို၍မြင်ခဲ့သည်။—ဟေရှာယ ၃၃:၂၄။

ဆေးရုံများ၊ သင်္ချိုင်းများနှင့်ပူဆွေးခြင်း မရှိသောကမ္ဘာကို သင်စဉ်းစားမိပါသလော။ နာကျင်ခြင်းနှင့်သေခြင်းပင်ကင်းမဲ့ကာ အစဉ်အသက်ရှင်သွားရန် သင်စဉ်းစားမိပါသလော။ မှန်ပါသည်၊ ဘုရားရှင်၏ကတိတော်သည် ကျွန်ုပ်တို့အားလုံး၏ အတွင်းကျကျစိတ်ပိုင်းဆိုင်ရာကိုထိမိသည်။ သို့သော်ဤထူးမြတ်လှသော အလားအလာသည် ကျွန်ုပ်တို့၏မြေကြီးဂြိုဟ်အတွက်ဖြစ်ပြီး၊ ကောင်းကင်အတွက်မဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့စိတ်ချနိုင်သနည်း။ စောစောကဖော်ပြခဲ့သောကျမ်းချက်၏ အထက်အောက်စကားကို သတိပြုပါ။ ဗျာဒိတ်အခန်းကြီး ၂၁ ၏ဦးဆုံးကျမ်းပိုဒ်များက “ကောင်းကင်သစ်နှင့်မြေကြီးသစ်” အကြောင်းဆိုထားသည်။ ဘုရားရှင်သည်လူသားများနှင့် အတူရှိမည်ဖြစ်ပြီး သူတို့သည်ကိုယ်တော်၏လူများဖြစ်ကြမည်ဟု ရှင်းလင်းစွာဖော်ပြထားသည်။ ဟေရှာယစာစောင်တွင် မည်သူမျှနာကျင်ရမည်မဟုတ်ဟူသည့် ဖော်ပြချက်နောက်တွင် “ထိုမြို့၌နေသောသူတို့သည် အပြစ်ဖြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်” ဟုဆိုထားလေသည်။

ထို့ကြောင့်ဤအားတက်ဖွယ်ကတိတော်များသည် မြေကြီးပေါ်အသက်တာကို ရည်ညွှန်းနေပါသည်တကား။ ယင်းသည်ယေရှုက မိမိခမည်းတော်အား “အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူသည့်ဆုတောင်းချက်နှင့်ညီလေသည်။—မဿဲ ၆:၁၀။

အဘယ်ကြောင့်နီးကပ်

ယေဟောဝါသက်သေများသည် သန်းပေါင်းများစွာအား ဤကတိတော်များသည် မကြာတော့သောအနာဂတ်တွင် ပြည့်စုံတော့မည်ဖြစ်ကြောင်း သိမြင်ရန်ကူညီပေးခဲ့သည်။ သို့သော်သူတို့သည် မည်သည့်အခြေခံပေါ်မူတည်၍ ယင်းကိုသူတို့ဤမျှလောက် စိတ်ချရသနည်း။ ကျွန်ုပ်တို့သည် လက်ရှိအစီအစဉ် သို့မဟုတ် မြေကြီးပေါ်ရှိ အစီအစဉ်၏ “နောက်ဆုံးကာလ” တွင်အသက်ရှင်နေကြောင်း များလှစွာသော အထောက်အထားများအပေါ်အခြေခံသောကြောင့်ဖြစ်သည်။ (၂တိမောသေ ၃:၁-၅) ယေရှု၏တပည့်များက အစီအစဉ်များ၏ဆုံးခန်းနိမိတ်သည် ဘာဖြစ်မည်ကိုမေးခဲ့သည်။ ပြန်လည်၍ယေရှုက ၁၉၁၄a ခုနှစ်ကမ္ဘာစစ်ကြီးဖြစ်သည်မှာစ၍ တဖြည်းဖြည်းပြင်းထန်လာသော ကမ္ဘာ့ဖြစ်ရပ်များကို တင်ကြို၍အသေးစိတ် ဟောခဲ့သည်။ ကိုယ်တော်က “ထိုနည်းတူ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင်လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်” ဟုထပ်ဆင့်လိုက်သည်။—မဿဲ ၂၄:၃၃၊ ၃၄။

ထို့ကြောင့် ၁၉၁၄ ခုနှစ်တွင်အသက်ရှင်နေသော လူမျိုးဆက်၏သက်တမ်းအတွင်း လက်ရှိလောကစနစ်၏ဆုံးခန်းသည် ရောက်လာမည်။ ယေဟောဝါဘုရားရှင်သည် မိမိသားတော်ခရစ်တော်ယေရှုအား ဤလှပသောမြေကြီးဂြိုဟ်မှ နာကျင်မှုနှင့်ပူဆွေးဖွယ်အကြောင်းရင်းအားလုံးကို သွား၍ဖျက်ဆီးရန် တာဝန်ပေးမည်။ သမ္မာကျမ်းစာက အဓမ္မမှုကိုပယ်ရှင်းခြင်းအား “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး . . . စစ်” ဟုဆိုထားသည်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။

ဘုရားရှင်ကိုကြောက်ရွံ့သူ လူစုကြီးသည် ဤစိုးရွံ့ဖွယ်ဖြစ်ရပ်ကိုလွတ်မြောက်ပြီး ခရစ်တော်ယေရှု၏ ငြိမ်းချမ်းသောအုပ်စိုးမှု အစပြုသည်ကိုမြင်တွေ့ရမည်။ (ဗျာဒိတ် ၇:၉၊ ၁၄။ ၂၀:၄) ကိုယ်တော်၏အုပ်ချုပ်ရေးသည် ကောင်းကင်မှဖြစ်မည်ဖြစ်သော်လည်း ယင်း၏အကျိုးကျေးဇူးများကို အာမဂေဒုန်စစ်ပွဲမှလွတ်မြောက်သူများနှင့် သေခြင်းမှထမြောက်လာမည့် သန်းပေါင်းများစွာသောသူများဖြစ်သည့် မြေကြီးပေါ်တွင်အသက်ရှင်နေသူများအားလုံး ခံစားရမည်။ ထိုအခါတွင် “ခရစ်တော်သည်ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့” ဟူသောကတိတော်သည် အကောင်အထည်ပေါ်လာလိမ့်မည်။—၁ ကောရိန္သု ၁၅:၂၅၊ ၂၆။

သို့ဖြင့်ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချစွာဖြင့် “မကြာမီဖျားနာခြင်းနှင့်သေခြင်းရှိတော့မည်မဟုတ်” ဟုကြွေးကြော်နိုင်မည်။ ယင်းသည်စိတ်ကူးယဉ် သို့မဟုတ် ဆန္ဒအတွေးသက်သက်မဟုတ်ချေ။ ယင်းသည် “မုသာမသုံးနိုင်သော” ယေဟောဝါဘုရားသခင်၏ သေချာသောကတိတော်ဖြစ်သည်။ ဤမျှော်လင့်ချက်တွင် သင်ကိုးစားမည်လော။ ယင်းသည်သင့်အား ထာဝရကောင်းကျိုးကိုဖြစ်ပေါ်စေပေမည်။—တိတု ၁:၂။

[အောက်ခြေမှတ်ချက်များ]

a နောက်ဆုံးကာလတွင် လူတို့အသက်ရှင်နေကြောင်း ထပ်ဆင့်အထောက်အထားအဖြစ် နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာအသင်းမှထုတ်ဝေသော သင်သည်မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်အခန်း ၁၈ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ