ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာခေတ်က လူနေမှုဘဝပုံစံ—သိုးထိန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သူတို့သည် သိုးငယ်တို့ကို ကရုဏာသက်စွာ ထိန်းကျောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ငါ့စိတ်နှလုံးနဲ့ကိုက်ညီတဲ့ သိုးထိန်းတွေ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ယေဟောဝါမြတ်နိုးသောသိုးများကို နူးညံ့စွာ ထိန်းကျောင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

▪ သု ၂၇:၂၃ ခရစ်ယာန်များအပါအဝင် ဝိညာဏသိုးထိန်းများအား မည်သည့်အခြေခံ သွန်သင်ချက်ပေးနေသနည်း။

ကျမ်းပိုဒ်တွင် “သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှာကြိုးစားလော့။ နွားစုတို့ကို စေ့စေ့ကြည့်ရှုလော့” ဟုဖတ်ရသည်။ (သု၊ ၂၇:၂၃) ဤကျမ်းပိုဒ်ကိုဝိညာဏသိုးထိန်းများ၊ အသင်းတော်ရှိခရစ်ယာန်များ၏ အခြေအနေ၊ ပြဿနာများနှင့် အကျွမ်းတဝင်ဖြစ်ရန် စိတ်ဝင်စားမှုပြဖို့ အားပေးလေ့ရှိသည်။ ထိုသို့သောအားပေးမှုမှာ လျောက်ပတ်သည်။ အကြောင်းမှာ၊ သမ္မာကျမ်းစာက အကြီးအကဲများကို သိုးထိန်းများနှင့်အသင်းတော်ကို သိုးအုပ်နှင့်နှိုင်းယှဉ်ထားသောကြောင့်ဖြစ်သည်။ (တမန်တော် ၂၀:၂၈၊ ၂၉။ ၁ ပေတရု ၅:၂-၄) သို့သော်၊ အထက်ပါမူသည်သက်ဆိုင်သော်လည်း ထိုကျမ်းပိုဒ်သည် အခြေခံအားဖြင့် ဝိညာဏသိုးထိန်းများအကြောင်း မဟုတ်ချေ။

ယင်းကျမ်းတွင် သွန်သင်ချက်အနှစ်သာရရှိသော သီးခြားကျမ်းပိုဒ် များစွာပါဝင်ရာ သု၊ ၂၇:၂၃ သည်ကျမ်းပိုဒ်များထဲမှ တစ်ခုဖြစ်လေသည်။ “သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှာကြိုးစားလော့။ နွားစုတို့ကိုလည်းစေ့စေ့ ကြည့်ရှုလော့။ စည်းစိမ်သည်အမြဲမတည်တတ်။ ရှင်ဘုရင်၏စည်းစိမ်သော်လည်း လူမျိုးအစဉ်အဆက် မတည်တတ်။ မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှားတတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။ သိုးသငယ်တို့သည် သင်ဝတ်စရာဖို့ ဆိတ်တို့လည်းမြေအဖိုးကို ဖြေစရာဖို့ဖြစ်၏။ သင်စားစရာဖို့ အိမ်သူအိမ်သားစားစရာဖို့ ကျွန်မိန်းမများကို ကျွေးစရာဖို့ဆိတ်နို့လောက်လိမ့်မည်။”—သု၊ ၂၇:၂၃-၂၇။

ဤမှုတ်သွင်းခံအပိုဒ်သည် အားထုတ်သော၊ ကြိုးပမ်းသော၊ ရိုးရှင်းသောဘဝပုံစံကို အမွှမ်းတင်ကာ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏မှီခိုမှုကို ပြသသည်။ ယင်းသည်စီးပွားရေးအရနှင့် အမြန်ချမ်းသာမှုအပေါ် အခြေခံသော အမွှမ်းတင်လွန်းသည့် အသက်တာနှင့် ဆန့်ကျင်လျက် ဣသရေလသိုးထိန်းတစ်ဦး၏ အသက်တာကိုပေါ်လွင်စေခြင်းဖြင့် တင်ပြသည်။

“စည်းစိမ်” (ဝါ) အမြန်စီးပွားရေးလုပ်ရပ်ကြောင့် ရရှိသောကြွယ်ဝမှုနှင့်အတူ ရရှိသောကျော်ကြားမှု (ရှင်ဘုရင်စည်းစိမ်) သည်အများကြုံတွေ့ခဲ့ရမည်ဖြစ်သည့်အတိုင်း လျင်မြန်စွာကွယ်ပျောက်နိုင်သည်။ သိုးအုပ်ကိုစောင့်ထိန်းသော ရှေးသိုးထိန်းများကဲ့သို့ ရိုးရှင်းသောအသက်တာအကြောင်း ပြောစရာများစွာရှိလေသည်။ ထိုသို့သောအသက်တာသည် အမှတ်မဲ့နေခြင်းဖြင့် ရိုးရှင်းခြင်းမဟုတ်ချေ။ သိုးထိန်းတစ်ဦးသည် မိမိ၏သိုးတော်စုအပေါ် အာရုံစိုက်ရန်လိုအပ်ပြီး၊ သိုးများကာကွယ်မှုအောက်ရှိကြောင်း သေချာအောင်ပြုရသည်။ (ဆာလံ ၂၃:၄) စောင့်ရှောက်နေစဉ်၊ ဖျားနာသော (ဝါ) ဒဏ်ရာရသိုးတစ်ကောင်ကို သူတွေ့လျှင် ဆီနှင့်လိမ်းပေးပေမည်။ (ဆာလံ ၂၃:၅၊ ယေဇကျေလ ၃၄:၄။ ဇာခရိ ၁၁:၁၆) အများအားဖြင့် မိမိ၏သိုးအုပ်ကို စူးစိုက်သော၊ အားထုတ်သည့်သိုးထိန်းသည် မိမိ၏ကြိုးပမ်းမှုရလဒ်များ ဖြစ်ထွန်းမှုဖြစ်သည့် သူ၏သိုးတော်စု တဖြည်းဖြည်းနှင့် တိုးပွားသည်ကို တွေ့ရမည်။

ကြိုးပမ်းအားထုတ်၍ ဂရုတစိုက်ရှိသောသိုးထိန်းတွင် မှီခိုနိုင်သောအကူအညီပင်ရင်းဖြစ်သည့် ယေဟောဝါရှိလေသည်။ မည်သို့နည်း။ အကြောင်းမှာ၊ သိုးတော်စုကိုကျွေးမွေးနိုင်သော အများအားဖြင့်ကျယ်ဝန်းသော မြက်ခင်းပြင်ဖြစ်ပေါ်စေသော ရာသီနှင့်သံသရာများကို ဘုရားရှင်စီမံပေးလေသည်။ (ဆာလံ ၁၄၅:၁၆) ရာသီပြောင်းလဲသောအခါ မြေနိမ့်တွင်စိမ်းသော မြက်ခင်းများပျောက်သွားသော်လည်း ပိုမိုမြင့်သောမြေတွင် များပြားစွာပေါက်နေမည်ဖြစ်ကာ ဂရုတစိုက်ရှိသောသိုးထိန်းသည် မိမိ၏တိရစ္ဆာန်များကို ရွှေ့ပြောင်းလိုက်နိုင်သည်။

သု၊ ၂၇:၂၆၊ ၂၇ ကထိုသို့သောကြိုးပမ်းမှုကြောင့် ရရှိသောအစာနှင့်အဝတ်အကြောင်း ဖော်ပြသည်။ ထူးခြားသောစားဖွယ်သောက်ဖွယ် သို့မဟုတ် နောက်ဆုံးပေါ်အဝတ် (ဝါ) အကောင်းဆုံးပိတ်စများရရှိစေမည်ဟု ဆိုလိုနေခြင်းမဟုတ်ချေ။ သို့သော်သူ့အနေနှင့် အားထုတ်ရန် အသင့်ရှိလျှင် သိုးထိန်းနှင့်သူ၏မိသားစုသည် သိုးအုပ်နို့မှ (ဒိန်ခဲ) နှင့်ခိုင်ခံ့သော အဝတ်များရက်လုပ်ရန် သိုးမွှေးများရရှိနိုင်ပေမည်။

ထို့ကြောင့်အကြံပြုချက်ဖြစ်သော “သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှာကြိုးစား” ခြင်းသည် ဝိညာဏကြီးကြပ်ရေးမှူးများအတွက် အဓိကမဟုတ်ချေ။ ယင်းသည်ခရစ်ယာန်များ အားလုံးအတွက်ဖြစ်သည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အားစွန့်ပစ်မည်မဟုတ်ဟုကိုးစားလျက် မှန်မှန်ကြိုးပမ်းခြင်းမှရရှိသော စားရန်၊ ဝတ်ရန်အပေါ် ကျွန်ုပ်တို့ရောင့်ရဲခြင်း၏တန်ဖိုးကို ယင်းကဖော်ပြထားသည်။ (ဆာလံ ၃၇:၂၃-၂၇။ ၂ သက်သာလောနိတ် ၃:၈၊ ၁၂။ ဟေဗြဲ ၁၃:၅) သု၊ ၂၇:၂၃-၂၇ကိုလုကာ ၁၂:၁၅-၂၁ နှင့် ၁တိမောသေ ၆:၆-၁၁ ရှိအကြံဉာဏ်များနှင့် နှိုင်းယှဉ်သောအခါ ဤကိစ္စရပ်တွင် ဘုရားရှင်၏အကြံဉာဏ်သည် မည်မျှကိုက်ညီကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ ထို့ကြောင့်ကျွန်ုပ်တို့တစ်ယောက်စီသည် သု၊ ၂၇:၂၃-၂၇ ကိုပြန်လည်ဖတ်ရှုကာ ‘ကျွန်တော်သည်ယင်းကိုနှလုံးသွင်းကာ ကျွန်တော်၏နေ့စဉ်အသက်တာတွင် အသုံးပြုနေပါသလော’ ဟုကိုယ့်ကိုယ်ကို မေးမြန်းပေမည်။

[Picture Credit Line on page 31]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ