သင်မှတ်မိသလော
နောက်ဆုံးထုတ် ကင်းမျှော်စင် စာစောင်များကို သင်ဖတ်ရှုရာ၌ လေးမြတ်ပါသလော။ အောက်ပါမေးခွန်းများကို သင်ဖြေနိုင်မဖြေနိုင်ကြည့်ပါလေ။
▫ နှင်ထုတ်ခံရသူအချို့သည် နောင်တရနိုင်စရာအကြောင်းရှိမရှိသိခြင်းငှာ ဝိညာဏသိုးထိန်းများသည် အစပြုလုပ်ဆောင်ရန် မည်သည့်အခြေခံအကြောင်းများ ရှိပါသနည်း။
ဣသရေလများသည် အကျဉ်းကျ၍ နောင်တမရသည့် အခြေအနေ၌ရှိစဉ်တွင်ပင် သိုးထိန်းတစ်ဦးပမာ ယေဟောဝါသည် သူတို့ကိုရှာဖွေပြီး၊ မိမိ၏ပရောဖက်များကို သူတို့ထံစေလွှတ်တော်မူ၏။ ခရစ်ယာန်သိုးထိန်းများသည် ပျောက်သောသိုးများနှင့်တူမည်ဖြစ်သော နောင်တရသူမည်သူမဆိုကို ကူညီရန်စိတ်ဝင်စားကြသည်။ (လုကာ ၁၅:၄-၇ နှင့်နှိုင်းယှဉ်။)—၄/၁၅၊ စာမျက်နှာ ၁၉-၂၂။
▫ တစ်ဦးဦးကို အသင်းတော်တွင်ပြန်လက်ခံသောအခါ ကျွန်ုပ်တို့၏သဘောထားနှင့် အပြုအမူမည်သို့ဖြစ်သင့်ကြောင်း ယေရှု၏ဖြုန်းတီးသောသားပုံဥပမာက မည်သို့တင်ပြသနည်း။ (လုကာ ၁၅:၂၂–၃၂)
ကျွန်ုပ်တို့၏ပန်းတိုင်သည် မိမိ၏ဖြုန်းတီးသောသား ပြန်လာသောအခါ ပျော်ရွှင်မှုပြခဲ့သောဖခင်ကို တုပရန်ဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ပြန်ဝင်လာသောညီအစ်ကိုနှင့် လွတ်လပ်စွာစကားပြောသင့်ပြီး၊ သမ္မာတရားတွင်တိုးတက်ရန် ယခုမှစ၍ သူ့ကိုအားပေးသင့်သည်။—၄/၁၅၊ စာမျက်နှာ ၂၄။
▫ ရာဇဝတ်ကောင်၏ ပစ်မှတ်ဖြစ်မလာရန် မည်သည့်လက်တွေ့ကျသော ကြိုတင်သတိမူမှု ရှိသင့်သနည်း။
ဖြစ်နိုင်သည့်အခါတိုင်း၊ ညပိုင်းတွင်အန္တရာယ်ရှိသော နေရာများကိုရှောင်ပါ။ သင်၏လက်ဝတ်ရတနာများကို ဝှက်ထားကာ၊ ကင်မရာကဲ့သို့သောအရာများကို ဈေးဝယ်အိတ်ထဲတွင် ထည့်ထားပါ။ ပလက်ဖောင်းအစွန်မှလျှောက်ခြင်းကို သတိပြုပါ။ အထူးသဖြင့်သင်သည် လက်ဆွဲအိတ် သို့မဟုတ် အိတ်ကိုင်ထား၊ လွယ်ထားလျှင်ဖြစ်သည်။ (သု၊ ၃:၂၁-၂၃ ကိုကြည့်ပါ။)—၅/၁၊ စာမျက်နှာ ၅-၆။
▫ ဇေဖနိ ၂:၃ ရှိပရောဖက်ပြုချက်က “[ယေဟောဝါ] အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည်ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်” ဟုအဘယ်ကြောင့်ဆိုသနည်း။
အသက်အတွက်ကယ်တင်ခြင်းသည် သစ္စာရှိမှုနှင့်ခံနိုင်ရည်အပေါ် မူတည်လေသည်။ (မဿဲ ၂၄:၁၃) ထို့ကြောင့်၊ ဘုရားရှင်၏ဖြောင့်မတ်သောစံချိန်များအတိုင်း ပုံသွင်းသူများနှင့် စင်ကြယ်သောဘာသာစကားကို ဆက်လက်ပြောဆိုနေသူများသာ ယေဟောဝါ၏အမျက်ထွက်ရာနေ့တွင် ပုန်းရှောင်ရာကို တွေ့ပေမည်။ (ဇေဖနိ ၂:၁၊ ၂။)—၅/၁၊ စာမျက်နှာ ၁၄၊ ၁၅။
▫ ဘုရားသခင်ကို မိသားစုအသက်တာတွင် ပထမထားခြင်း၌ ဘာပါဝင်သနည်း။
မိဘများနှင့်ကလေးများသည် ယေဟောဝါကိုကိုးကွယ်၍ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ကိုယ်တော်၏စံချိန်များအတိုင်း ပြည့်မီရမည်။—၅/၁၅၊ စာမျက်နှာ ၅၊ ၆။
▫ ယေဟောဝါသည် အပြစ်သားများကိုအဘယ်ကြောင့် ချက်ချင်းမဖျက်ဆီးသနည်း။
အကြောင်းရင်းတစ်ခုမှာ၊ ဘုရားရှင်၏နာမကို မြေကြီးတစ်ပြင်လုံးတွင် သိရှိစေရမည်ဖြစ်သည်။ (ရောမ ၉:၁၇ နှင့်နှိုင်းယှဉ်ပါ။) နောက်တစ်ခုမှာ ဘုရားရှင်၏အချုပ်အခြာအာဏာနှင့် စာတန်၏ပုန်ကန်မှုမှ ဖြစ်ပေါ်လာသော လူ၏သမာဓိစောင့်သိမှုအရေးကိစ္စကို ဖြေရှင်းဖို့အချိန်ပေးရန်ဖြစ်လေသည်။ ထို့ပြင်၊ ဘုရားရှင်၏စိတ်ရှည်ခြင်းသည် မှားယွင်းသူကိုနောင်တယူရန်နှင့် မိမိတို့၏လမ်းစဉ်ကိုပြုပြင်ရန် အခွင့်အရေးပေးလေသည်။ (၂ ပေတရု ၃:၉)—၅/၁၅၊ စာမျက်နှာ ၁၀-၁၂။
▫ သမ္မာကျမ်းစာသည် လူ့ထက်သာလွန်သော ပင်ရင်းမှလာကြောင်း မည်သည့်အချက်များက သက်သေထူသနည်း။
သမ္မာကျမ်းစာကိုလူ ၄၀ ခန့်ရေးသားခဲ့၍ ဘဝနောက်ခံမျိုးစုံမှသူများဖြစ်ပြီး၊ နှစ်ပေါင်း ၁၆၀၀ အတွင်းအသက်ရှင်ခဲ့သူများဖြစ်သည်။ သို့ပင်ငြားလည်း၊ ဤရေးသားသူအားလုံးသည် အခြေခံအဓိကအချက်တစ်ခုကိုသာ လိုက်လျှောက်သည်။ ဤသမ္မာကျမ်းစာ၏ အတွင်းသဘောညီညွတ်မှုသည်တိုက်ဆိုင်မှု သို့မဟုတ် လူ့ဦးဆောင်မှုအောက်၌သာထားရှိလျှင် ဖြစ်နိုင်ဖွယ်အကြောင်းမရှိချေ။—၆/၁၊ စာမျက်နှာ ၅။
▫ ဟေရှာယ ၂၈:၂၁ တွင်ကြိုတင်ဟောထားသည့် မည်သည့်ထူးခြားသော အပြုအမူနှင့်သာမန်မဟုတ်သည့်လုပ်ရပ်ကို ကျွန်ုပ်တို့လက်ထက်တွင် ယေဟောဝါပြုတော်မူမည်နည်း။
ဗျာဒိတ် ၁၇:၁၆ ရှိသတိပေးချက်က မဟာဗာဗုလုန်၏နိုင်ငံရေးလင်မြှောင်တို့သည် တစ်နေ့သောအခါတွင် သူ့အပေါ်လှည့်လာမည့်အကြောင်း ဖော်ပြသည်။ ရလဒ်အနေနှင့် ခရစ်ယာန်ဘောင်သည် အခြားမှောက်မှားသော ဘာသာရေးအားလုံးနှင့်အတူလုံးဝဖျက်ဆီးခံရမည်။ ယင်းသည်ကျွန်ုပ်တို့လက်ထက်အတွက် ယေဟောဝါ၏ထူးခြားသော အပြုအမူနှင့် ကိုယ်တော်၏သာမန်မဟုတ်သော လုပ်ရပ်ဖြစ်မည်။—၆/၁၊ စာမျက်နှာ ၂၆-၂၇။
▫ ခရစ်ယာန်မိန်းမများသည် လက်ဝတ်ရတနာ၊ မိတ်ကပ်သုံးခြင်းနှင့်စပ်လျဉ်း၍ စိတ်ထဲတွင် ဘာစွဲမှတ်ထားသင့်သနည်း။
သမ္မာကျမ်းစာက ထိုသို့သောအလှပစ္စည်းများ အသုံးပြုခြင်းကို မတားမြစ်ချေ။ (ထွက်မြောက်ရာ ၃၂:၂၊ ၃။ ဧသတာ ၂:၇၊ ၁၂၊ ၁၅) သို့သော်ဣန္ဒြေရှိသင့်သည်။ အမျိုးသမီးတစ်ဦးသည် နှုတ်ခမ်းနီ၊ ပါးနီအလွန်အကျွံဆိုးခြင်း (ဝါ) ယေဇဗေလကဲ့သို့ပင် မျက်ခွံဆေးဆိုးခြင်းတို့ဖြင့် လောကပုံစံကို တုပနိုင်သည်။ (၄ ဓမ္မရာဇဝင် ၉:၃၀) အလွန်အမင်းခြယ်သခြင်းနှင့် လက်ဝတ်တန်ဆာ လွန်ကဲစွာဝတ်ဆင်ခြင်းများတို့ကို သတိပြုသင့်သည်။—၆/၁၊ စာမျက်နှာ ၃၀-၃၁။
▫ ဣသရေလများသည် ရှေးအချိန်ကပျံ့နှံ့နေသော “အဲဂုတ္တုပြည်၏အနာဆိုး” တို့မှမည်သို့ လွတ်မြောက်ခဲ့သနည်း။ (တရားဟောရာ ၇:၁၅)
သူတို့သည် ထိုသို့သောရောဂါများမှ လွတ်မြောက်ရခြင်းတွင်အဓိကမှာ ပညတ်ပဋိညာဉ်တွင် ပညတ်ထားသော အဆင့်မြင့်သန့်ရှင်းမှုဆိုင်ရာလုပ်ရပ်များကို လိုက်နာသောကြောင့်ဖြစ်သည်။—၆/၁၅၊ စာမျက်နှာ ၄။
▫ ဘုရားရှင်သည် လူသားများအားသွေးမစားရန် အဘယ်ကြောင့်အမိန့်ထုတ်ခဲ့သနည်း။ (ကမ္ဘာဦး ၉:၃၊ ၄။ ဝတ်ပြုရာ ၁၇:၁၀၊ ၁၁။ တမန်တော် ၁၅:၂၂–၂၉)
အသက်သည် ဘုရားရှင်ထံမှဆုကျေးဇူးဖြစ်ပြီး၊ လူ့အသက်သည် သွေးဟုခေါ်သော အသက်ကိုထောက်မရာအရည်တွင် မူတည်သည်။ (ဆာလံ ၃၆:၉) သွေးကိုအထူးပစ္စည်းအဖြစ် လေးစားခြင်းဖြင့် လူတို့သည်အသက်အတွက် ဘုရားရှင်အပေါ် သူတို့၏မှီခိုလိုမှုကို ပြသသည်။ ထို့ကြောင့်၊ သွေးနှင့်စပ်လျဉ်း၍ ဘုရားပညတ်၏အဓိကအချက်မှာ သွေးကိုစားသုံးခြင်းသည် ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့်မဟုတ်ဘဲ သွေးသည်ဘုရားရှင်အတွက် အထူးအဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။—၆/၁၅၊ စာမျက်နှာ ၈-၉။
▫ ခရစ်ယာန်မိဘများနှင့်လူငယ်များသည် သွေးသွင်းခြင်းကို သူငယ်လက်မခံခြင်းအပေါ် လေးစားမှုရရှိရန် မည်သို့ပြင်ဆင်ကာကွယ်နိုင်သနည်း။
အရွယ်မရောက်သေးသော်လည်း ခရစ်ယာန်လူငယ်တစ်ဦးသည် သွေးသွင်းခြင်းကိုငြင်းဆန်ရခြင်း၏ ခိုင်မာသောဘာသာရေးအမြင်ကို ရှင်းလင်းစွာနှင့်အခိုင်အမာ ရှင်းပြနိုင်သင့်သည်။ သားသမီးများသည် မိမိတို့၏ယုံကြည်ချက်ကို ရှင်းပြရာတွင် အတွေ့အကြုံရရှိရန် မိဘများသည် သူတို့နှင့်လက်တွေ့လေ့ကျင့်သင့်သည်။—၆/၁၅၊ စာမျက်နှာ ၂၁-၂၂။
▫ ယေရှု၏မြေကြီးဆိုင်ရာ အမှုဆောင်ခြင်းတွင် အမျိုးသမီးများသည် မည်သို့ကြီးမြတ်သောကောင်းချီးများ ခံစားရသနည်း။
ယေရှုသည် လူအမျိုးအနွယ်အသီးသီးမှ အမျိုးသမီးများအား မျှော်လင့်ခြင်းနှင့် သိက္ခာအသစ်ရရှိစေသည့် လုပ်ငန်းတစ်ခုကို အစပြုခဲ့သည်။ ကိုယ်တော်သည် အမျိုးသမီးများအား နက်နဲသောဝိညာဏသမ္မာတရားများ သွန်သင်ပေးခဲ့သည်။ (ယောဟန် ၄:၇၊ ၂၄-၂၆) ကိုယ်တော်၏အမှုဆောင်ခြင်းတွင် ကိုယ်တော်သည်နယ်မြေတစ်ခွင် ခရီးသွားစဉ် အမျိုးသမီးများ၏ ပြုစုမှုကိုလက်ခံခဲ့သည်။ (မာကု ၁၅:၄၀၊ ၄၁)—၇/၁၊ စာမျက်နှာ ၁၇-၁၈။
▫ မိဘတို့သည် သူတို့၏သားသမီးများအတွက် ထိရောက်စေသည့် ယေရှု၏မည်သည့် သွန်သင်ခြင်းနည်းပညာများ ရရှိထားသနည်း။
မိဘများသည် သူတို့၏ငယ်ရွယ်သောကလေးများနှလုံးတွင် ခရစ်ယာန်သမ္မာတရား ဆွဲဆောင်မှုဖြစ်စေရန် ပုံဥပမာများကို ကောင်းကောင်းအသုံးပြုမည်။ သူတို့၏ပိုမိုအသက်ကြီးသောကလေးများ ဘာကိုတကယ်စဉ်းစားနေသည်ကိုသိရှိရန် ကောင်းစွာစဉ်းစားထားသော မေးခွန်းများကို အသုံးပြုပေမည်။ (မဿဲ ၁၇:၂၄-၂၇ နှင့်နှိုင်းယှဉ်။)—၇/၁၊ စာမျက်နှာ ၂၆။
▫ ကျွန်ုပ်တို့သည် ချစ်ခင်ကြင်နာခြင်းကို အဘယ်ကြောင့်လိုက်လျှောက်သင့်သနည်း။
ချစ်ခင်ကြင်နာသောအရည်အချင်းသည် ကျွန်ုပ်တို့အားဘုရားရှင်နှင့် အခြားသူများက နှစ်သက်စေသည်။ ယင်းသည်ဖော်ရွေပျူငှာမှုကိုဖြစ်စေပြီး ကျွန်ုပ်တို့အားပိုမို ထောက်ထားတတ်သူများဖြစ်စေသည်။ ယင်းသည် မိသားစုနှင့်ခရစ်ယာန်အသင်းတော်အတွင်း နှောင်ကြိုးကိုပိုမိုခိုင်မြဲစေသည်။ အချုပ်မှာချစ်ခင်ကြင်နာခြင်းသည် ယေဟောဝါအားဂုဏ်တင်စေသည်။—၇/၁၅၊ စာမျက်နှာ ၂၆။
▫ ခရစ်ယာန်တစ်ဦးသည် ပေါင်းသင်းမှုကိစ္စတွင် အဘယ်ကြောင့်လမ်းလွဲသွားရန် အကြောင်းရှိသနည်း။ (၁ ကောရိန္သု ၁၅:၃၃)
လူတစ်ဦးသည် ဖော်ရွေ၍စိတ်နှင့် တွေ့ပုံရပေမည်။ သို့သော်သူသည် ယေဟောဝါ၏အမှုဆောင်ခြင်းတွင် ခရစ်ယာန်စိတ်ဝင်စားမှုမတင်ပြပါက သို့မဟုတ် သမ္မာကျမ်းစာကိုပင်မယုံလျှင် သူသည်မကောင်းသော အပေါင်းအသင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူ၏အသက်တာသည် သီးခြားမူများအပေါ်တွင် အခြေခံနေပြီး ခရစ်ယာန်တစ်ဦးအတွက် အရေးကြီးသောအရာများသည် သူ့အတွက်အဓိပ္ပာယ်အနည်းငယ်သာ ရှိပေမည်။—၉/၁၊ စာမျက်နှာ ၈။
▫ တရားစီရင်ရာနေ့သည် အဘယ်ကြောင့်မျှော်လင့်ရာအချိန် ဖြစ်သနည်း။
တရားစီရင်ရာနေ့သည် အနှစ်တစ်ထောင်ချိန်ခါဖြစ်သည်။ ယင်းကိုဘုရားရှင်ကိုယ်နှိုက်နှင့် တရားသူကြီးအဖြစ် ဘုရားရှင်ခန့်အပ်ထားသော ကိုယ်တော်၏သားတော် ခရစ်တော်ယေရှုအားဖြင့် ဦးစီးမည်။ ယင်းသည်မိမိ၏ သားမြေးများအတွက် အာဒံဆုံးရှုံးခဲ့သော စုံလင်သောလူ့အသက်ကို လူသားတို့အတွက် တစ်ဖန်ပြန်လည်ထူထောင်သော အချိန်ဖြစ်မည်။ (၁ ကောရိန္သု ၁၅:၂၁၊ ၂၂)—၈/၁ စာမျက်နှာ ၄-၇။