ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁/၁ စာ. ၅-၇
  • ကိုးကွယ်သူများကိုရိတ်သိမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုးကွယ်သူများကိုရိတ်သိမ်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • “မြေတစ်ပြင်လုံး၌”
  • ‘သူတို့အသံသည်နှံ့ပြား၏’
  • “မြေကြီးစွန်းတိုင်အောင်”
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁/၁ စာ. ၅-၇

ကိုးကွယ်သူများကိုရိတ်သိမ်းခြင်း

“သ ခင်ဘုရား၏နေ့ရက်” တွင်ဖြစ်ပျက်လာမည့်ကမ္ဘာချီတုန်လှုပ်ဖွယ်အဖြစ်အပျက်များကို ရူပါရုံအားဖြင့် တမန်တော်ယောဟန်မြင်ခဲ့ရသည်။ ကောင်းကင်အရှင်ယေရှုခရစ်သည် ဖြောင့်မတ်ခြင်းစစ်ပွဲကိုပုံဆောင်သောမြင်းဖြူကိုစီး၍ “အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း” ထွက်သွားသည်ကိုသူမြင်ခဲ့သည်။ ဦးဆုံးထိုသခင်ပြုလုပ်သည့်အရာမှာ ဘုရားသခင့်မဟာရန်သူကြီးစာတန်ကို ကောင်းကင်မှကမ္ဘာ့ပတ်ဝန်းကျင်သို့ပစ်ချခြင်းဖြစ်သည်။ စာတန်က မကြုံစဖူးထူးခြားသည့်သတ်ဖြတ်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အနာရောဂါတို့ကိုဖြစ်စေခြင်းအားဖြင့်လူသားတို့ကိုကပ်သင့်စေသည်။ ယင်းတို့ကို မြင်းနီ၊ မြင်းနက်၊ မြင်းမွဲစီးသူများနှင့်ပုံဆောင်ထားသည်။ (ဗျာဒိတ် ၁:၁၀။ ၆:၁-၈။ ၁၂:၉-၁၂) ဤဘေးဒုက္ခများသည် ၁၉၁၄ ခုနှစ်မှစ၍ရုတ်တရက်ဖြစ်ပေါ်လာပြီး တစ်စတစ်စနှင့်ကြီးကျယ်ပျံ့နှံ့လာသည်။ မကြာမီယင်းတို့သည် ယေရှုဖော်ပြသည့် “ကမ္ဘာဦးမှစ၍ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” အချိန်တွင် အထွတ်အထိပ်ရောက်လိမ့်မည်။—မဿဲ ၂၄:၃-၈၊ ၂၁။

ထိုအချိန်တွင် ယေဟောဝါကိုကိုးကွယ်သူများမည်သို့ရင်ဆိုင်တွေ့ကြုံရမည်နည်း။ ဗျာဒိတ် အခန်းကြီး ၇၊ အခန်းငယ် ၁မှ၁၀တွင် ဤကိုးကွယ်သူများကိုစုသိမ်း၍မကုန်မီ ကောင်းကင်တမန်များသည်ဖျက်ဆီးခြင်းလေကို ‘မြဲမြဲကိုင်ထား’ ကြသည်ဟုဖော်ပြထားသည်။ ၁၉၁၄ ခုနှစ်အစပြုသည့်ကာလအတွင်း ၁၄၄,၀၀၀ အရေအတွက်ရှိ ဝိညာဏဣသရေလလူမျိုးမှနောက်ဆုံးကျန်ရှိသူများ စုသိမ်းခြင်းခံရကြသည်။ ထို့နောက် “အသီးသီးသောဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်း [လူအုပ်ကြီး၊ ကဘ ] ရှိသည်။ ဤလူအုပ်ကြီးသည် အရေအတွက်သန်းနှင့်ချီရှိသည်။ အပြစ်မဲ့သိုးသူငယ်ကဲ့သို့အသေသတ်ခြင်းခံရသောယေရှု၏ ရွေးနှုတ်သည့်အသွေးတွင် ထိုသူတို့သည် ယုံကြည်ခြင်းတင်ပြသဖြင့် ဘုရားသခင့်ပလ္လင်တော်ရှေ့တွင် မျက်နှာသာရအနေအထားဖြင့်ရပ်နေကြသည်။ “သူတို့ကလည်း‘ပလ္လင်ပေါ်မှာထိုင်တော်မူသောငါတို့ဘုရားသခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း’ ဟုကြီးသောအသံနှင့်ကြွေးကြော်ကြ၏။” ဤဇွဲရှိသောဝတ်ပြုကိုးကွယ်သူများသည် “ကြီးစွာသောဒုက္ခ” အတွင်းစုသိမ်းခံရမည့်သူများကို “လာခဲ့ပါ” ဟုခေါ်နေကြသည်။—ဗျာဒိတ် ၇:၁၄-၁၇၊ ၂၂:၁၇။

“မြေတစ်ပြင်လုံး၌”

ဤစွဲစွဲမြဲမြဲဝတ်ပြုသူများနှင့်ပတ်သက်၍ “သူတို့အသံသည်မြေတစ်ပြင်လုံး၌နှံ့ပြား၍ သူတို့၏စကားသည်မြေကြီးစွန်းတိုင်အောင်ရောက်လေပြီ” ဟုပြောနိုင်သည်။ (ရောမ ၁၀:၁၈) သူတို့၏ကြိုးစားလုပ်ဆောင်မှုသည် သိသာထင်ရှားသည့်အကျိုးရလဒ်ဖြင့်ကောင်းချီးခံစားနေရသည်။ ဥပမာအားဖြင့် - 

ယခုမက္ကဆီကိုနိုင်ငံသည် ယေဟောဝါကိုတက်ကြွထက်သန်စွာဝတ်ပြုကိုးကွယ်သူ၃၃၅,၉၆၅ ဦးမှတ်တမ်းတင်ပြရာ သုံးနှစ်အတွင်းထောင်ပေါင်းများစွာတိုးတက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဤမျှတိုးပွားရသနည်း။ အောက်ပါမှတ်တမ်းကရှင်းပြပါလိမ့်မည်။ အောရီးလီယို အမည်ရှိလူငယ်တစ်ဦးသည် ချာ့ချ်၌ဝတ်ကြီးဝတ်ငယ်ပြုသူတစ်ဦးဖြစ်သည်။ ထိုရွာသို့ယေဟောဝါသက်သေများရောက်လာတိုင်း သူတို့ကိုနားထောင်သူများအားအနှောင့်အယှက်ဖြစ်စေရန် ချာ့ချ်ခေါင်းလောင်းများကိုသူတီးသည်။ တစ်ချိန်တွင် ယေရုရှလင်ကျမ်းစာ [Jerusalem Bible] ကိုသူဝယ်ပြီး စတင်ဖတ်ရှုသည်။ သို့သော်သူနားမလည်ချေ။ တစ်နေ့သောအခါ သူ့သူငယ်ချင်းတစ်ယောက်လက်ထဲတွင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာ [New World Translation] ကိုတွေ့လိုက်သည်။ အောရီးလီယိုက သူ့သူငယ်ချင်းကိုအပြစ်တင်ပြီး ထိုကျမ်းစာသည် ‘အတု’ ဖြစ်ကြောင်းပြော၍ သူ့အိမ်မှကျမ်းစာအစစ်ကိုခေါ်သွားပြသည်။ သူ့သူငယ်ချင်းက “ထွက်မြောက်ရာ အခန်းကြီး ၂၀ ကိုဖတ်ကြည့်” ဟုသူ့ကိုပြောပြီးထွက်သွားသည်။

ထွက်မြောက်ရာ အခန်းကြီး တစ်မှစ၍ သူတောက်လျှောက်ဖတ်လာရာ အခန်းကြီး ၂၀၊ အခန်းငယ် ၄ နှင့် ၅ သို့ရောက်လာသည်။ သူ့ကျမ်းစာမှ ပြောထားသည့်အချက်ကိုသူဖတ်ရသောအခါ သူတုန်လှုပ်သွားသည်။ နောက်တနင်္ဂနွေ မတ်စ်အပြီးတွင်ကျမ်းချက်ကို သူ့ဂိုဏ်းအုပ်အားရင်ဆိုင်မေးမြန်းလေတော့သည်။ ပထမတွင်ဂိုဏ်းအုပ်က မိမိကိုယ်တိုင်ကိုးကွယ်ခြင်းမဟုတ်၊ ရိုသေကိုင်းရှိုင်းခြင်းမျှသာဖြစ်ကြောင်း ဖြေသည်။ အော်ရီလီယိုမကျေမနပ်ဖြစ်ကြောင်းဂိုဏ်းအုပ်မြင်လျှင် သူ့ကိုယေဟောဝါသက်သေများနှင့်လေ့လာနေသည်ဟုစွပ်စွဲလေတော့သည်။ အော်ရီလီယိုကမဟုတ်ကြောင်းဆက်လက်ငြင်းဆိုပြီး “ခုကျွန်တော်လေ့လာမယ်” ဟုဆက်ပြောသည်။

နောက်တစ်ကြိမ် ထိုရွာသို့ယေဟောဝါသက်သေများရောက်လာသောအခါ အော်ရီလီယိုသည်သူတို့နှင့်ဆက်သွယ်ပြီး ကျမ်းစာစတင်လေ့လာတော့သည်။ ချာ့ချ်တွင်အမှုဆောင်ခြင်းကိုရပ်ဆိုင်းလိုက်ပြီး သုံးလအတွင်း ယေဟောဝါသက်သေများနှင့်အတူ လူသိရှင်ကြားဓမ္မအမှုဆောင်ရန်အရည်အချင်းပြည့်မီလာသည်။ ဦးဆုံးသူဂိုဏ်းအုပ်ထံသွားသည့်အခါ ယခင်ချာ့ချ်အမှုဆောင်သူကို ဘုရားနိုင်ငံတော်သတင်းဟောပြောသူတစ်ဦးအနေနှင့်တွေ့လိုက်ရသောဂိုဏ်းအုပ်မှာ သူ့မျက်စိကိုမယုံနိုင်လောက်အောင်ပင်ဖြစ်သွားသည်။ ဂိုဏ်းအုပ်ကသူ့အား အသင်းမှနှင်ထုတ်မည်ဟုခြိမ်းခြောက်ရာ အော်ရီလီယိုက ချာ့ချ်ကိုသူကျောခိုင်းခဲ့ပြီဖြစ်ရာ ထိုသို့ပြုရန်မလိုကြောင်းပြန်ပြောသည်။ အော်ရီလီယို၏ရဲစွမ်းသတ္တိကြောင့် ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာနေသော သူနှင့်ထိုရွာသား ၂၁ ဦးတို့သည် နောက်ကျင်းပသည့်ခရိုင်စည်းဝေးပွဲကြီးတွင်နှစ်ခြင်းခံခဲ့ကြသည်။ ထို့ကြောင့် နှစ်ခြင်းခံရန်မေးခွန်းပြန်လည်ဆွေးနွေးရန်အကြီးအကဲတစ်ဦးသာရှိသောထိုဒေသသည် အလျင်အမြန်တိုးတက်နေသည်။

‘သူတို့အသံသည်နှံ့ပြား၏’

ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းမရောက်သည့်နေရာမရှိပါ။ အီတာလျံနိုင်ငံရှိလူတစ်ဦးသည် သူ့ထံယေဟောဝါသက်သေများရောက်လာတိုင်း စိတ်ညစ်ခဲ့သည်။ ထို့ကြောင့် သူ့အလုပ်ကုမ္ပဏီကသူ့ကို စင်္ကာပူနိုင်ငံသို့ပြောင်းရွှေ့လိုက်သောအခါ စိတ်ညစ်စရာအကြောင်းမရှိတော့ဟုသူထင်သည်။ ထိုတွင်လည်း သက်သေခံများကို သူအံ့သြစွာတွေ့ရှိရသည်။ ထို့ကြောင့် နောက်တစ်ကြိမ်လာသောသက်သေခံများကိုတိုက်ခိုက်ရန် ခွေးဆိုးနှစ်ကောင်သူမွေး ထားသည်။ သူ့အိမ်သို့သက်သေခံနှစ်ဦးရောက်လာချိန်တွင် ခွေးဆိုးများခုန်ထွက်လာသည်။ သက်သေခံအမျိုးသမီးများသည် အသက်ဘေးမှလွတ်ရန် အထိတ်တလန့်ဖြင့် လမ်းဆုံသို့တစ်ယောက်တစ်ကွဲပြေးထွက်ခဲ့ကြရသည်။ ခွေးဆိုးတစ်ကောင်က သက်သေခံတစ်ဦးအားမိသွားရာ သူမကအရဲစွန့်၍ မိမိအိတ်ထဲမှဘရိုရှာစာစောင်နှစ်ခုကိုအမြန်ဆွဲထုတ်ပြီး ဟနေသောခွေးပါးစပ်ထဲသို့ထိုးထည့်လိုက်သည်။ ထိုအခါ ခွေးသည်ဆက်မလိုက်တော့ဘဲ အိမ်သို့ပြန်လှည့်သွားသည်။

နောက်တစ်ပတ်တွင် ထိုသက်သေခံနှစ်ဦးသည် ထိုလမ်း၏အခြားတစ်ဖက်ရှိအိမ်တစ်အိမ်သို့ ပြန်လည်ပတ်ခဲ့သည်။ ခွေးပိုင်ရှင်သည် မိမိ၏ခြံထဲတွင်ရှိနေပြီး အံ့သြလောက်ဖွယ်ပင် အမျိုးသမီးနှစ်ဦးကိုလှမ်းနှုတ်ဆက်ပြီး သူ့အိမ်သို့လာလည်ရန်ခေါ်ဖိတ်သည်။ မိမိသည် မည်သည့်ယေဟောဝါသက်သေကိုမျှစကားမပြော၊ သူတို့၏စာပေကိုလည်းမဖတ်ကြောင်းသူပြောပြသည်။ သို့သော် ခွေးတစ်ကောင်၏ပါးစပ်ရှိ ရုပ်ပြစာစောင်ကိုသူတွေ့သောအခါ သူအံ့သြခဲ့ရသည်။ ထိုညနေတွင်ပင် ထိုစာစောင်ကိုသူဖတ်ရှုပြီး စိတ်ဝင်စားသွားသည်။ ထိုသူသည်တစ်သက်လုံးကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ခဲ့သော်လည်း ယေဟောဝါသက်သေတို့နှင့်ကျမ်းစာလေ့လာလိုကြောင်း တင်ပြခဲ့သည်။

ထိုသူသည် အီတလီနိုင်ငံသို့တစ်ဖန်ပြန်ပြောင်းရပြီး ထိုတွင်ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာရန် စီစဉ်ပေးကြသည်။ သူနှင့်သူ့ဇနီးတို့အစည်းအဝေးများစတက်လာကြသောအခါ ဂိုဏ်းအုပ်က ဒေါသတကြီးဖြင့်သူတို့ကိုလာ၍ခြိမ်းခြောက်သည်။ သူတို့၏ခြံကို တစ်စုံတစ်ယောက်ကမီးလာရှို့လိုက်သောအခါ ထိုဇနီးမောင်နှံသည် ချာ့ချ်နှင့်လုံးဝအဆက်အသွယ်ဖြတ်လိုက်တော့သည်။ ယခုထိုလူက “ယေဟောဝါဟာ မှန်သောဘုရားတစ်ဆူတည်းဖြစ်တဲ့အကြောင်း ပေးသိချင်တဲ့အတွက် ကျွန်တော့်မိသားစုအဝင်အားလုံးကို သက်သေခံပြီးနေပြီ” ဟုပြောသည်။

“မြေကြီးစွန်းတိုင်အောင်”

မြေကြီးစွန်းတစ်ခုမှလာသော အခြားတွေ့ကြုံမှုတစ်ခုက ဘုရားနိုင်ငံတော်သတင်းလေးမြတ်တန်ဖိုးထားခြင်းခံရပုံနှင့် ဘဝအသက်တာကိုပြောင်းလဲနိုင်ရန်ကူညီပေးခဲ့ပုံများကို တင်ပြသည်။ ဩစတြေးလျရှိသက်သေခံတစ်ဦးသည် သားဖွားရန်ဆေးရုံတက်နေစဉ် အကျင့်ဆိုးများစွာရှိအမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံသည်။ ကိုယ်ဝန်ရှိစဉ်ပင် ဆေးလိပ်ဖြတ်ရန်ငြင်းဆိုသူလည်း ဖြစ်သည်။ သက်သေခံသည် သူမ၏သဘောထားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူတို့နှစ်ဦးစလုံးတစ်ပြိုင်နက်မီးဖွားကြပြီး တစ်ခန်းတည်းတွင်ကျရာ စကားစမြည်ပြောဆိုခွင့်ရကြသည်။ သူမ,ကလေးဘဝက ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိခဲ့ပြီး ယခုအိမ်ထောင်ဖက်နှင့်လည်း ကွဲလုကွဲခင်ဖြစ်ကြောင်း သိလာရသည်။ ထို့ကြောင့် ဆေးရုံမှဆင်းပြီးနောက်ပိုင်း သက်သေခံက သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်ဖြင့် ထိုအမျိုးသမီးကိုကျမ်းစာသင်အံမှုပြုလုပ်ခဲ့သည်။

ထိုအမျိုးသမီး၏ခင်ပွန်းက ချွင်းချက်အနေနှင့် “ယေဟောဝါသက်သေများမှလွဲ၍” မှန်သောဘာသာနှင့်တွေ့ရန် ဆုတောင်းနေခဲ့သည်။ သို့သော် ယေဟောဝါသက်သေများနှင့် သူ့ဇနီးကျမ်းစာလေ့လာနေသည်ကိုတွေ့သောအခါ မေးခွန်းများစမေးလာပြီး သင်အံမှုတွင်သူပါဝင်ရန်ဖိတ်ခေါ်ခံရသည်။ မကြာမီ အသင်းတော်အစည်းအဝေးများကို သူတက်ရောက်လာသည်။ ယခု ဇနီးမောင်နှံနှစ်ဦးစလုံးနှစ်ခြင်းခံပြီး၍ အိမ်ထောင်ရေးအခြေအနေမှာလည်း အတိုင်းမသိတိုးတက်ကောင်းမွန်လာသည်။

ထိုစာအုပ်စာတမ်းများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ခြင်းအားဖြင့် ဝတ်ပြုသူလူသစ်များစွာကိုစုစည်းစေသည်။ ယေဟောဝါသက်သေများသည် တော်လှန်ရေး၊ ပြည်တွင်းစစ် သို့မဟုတ် အစိုးရပိတ်ပင်မှုများကို ရင်ဆိုင်ရသောဒေသများတွင် ကျမ်းစာသင်အံမှုတိုးပွားလျက်ရှိသည်။ အန်ဂိုလာနိုင်ငံတွင် နှစ်ပေါင်းများစွာပြည်တွင်းစစ်ဖြစ်ရာ သက်သေခံများသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ယမန်နှစ်အစောပိုင်းက ကြေညာသူ ၁၄,၀၀၀ ကကျမ်းစာသင်အံမှု ၄၀,၀၀၀ ကျော်မှတ်တမ်းသွင်းခဲ့ကြသည်။ သို့သော် ကြေညာသူများအတွက် ကျမ်းစာ,စာပေအလွန်နည်းပါးခဲ့သည်။ နယ်လှည့်ကြီးကြပ်မှူးများက အုပ်စုငယ်များဖွဲ့ပြီး နေ့စဉ်လယ်ကွင်းအမှုဆောင်ခြင်းနှင့် ညနေတိုင်းအစည်းအဝေးကျင်းပခြင်းကိုစီစဉ်ပေးခဲ့သည်။ စစ်ပြီးသောအခါ အလွန်လိုအပ်နေသောကျမ်းစာ,စာပေပေါင်း ၄၂ တန်သည် တောင်အာဖရိကမှရောက်ရှိလာသည်။ မည်မျှဝမ်းမြောက်ဖွယ်ဖြစ်ခဲ့မည်တကား။ ထိုညီအစ်ကိုများ၏မေတ္တာသည် “တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေ” ကြပြီး “သာ၍အရေးကြီးသောအရာကိုဆန်းစစ်” နိုင်ကြပြီဖြစ်သည်။ (ဖိလိပ္ပိ ၁:၉-၁၀။ ကဘ ) ကောင်းချီးကြွယ်ဝစွာဖြင့်ယေဟောဝါစီစဉ်ပေးထားရာများကို အပြည့်အဝအသုံးချရန် ကျမ်းစာသင်အံမှုအကူအညီမြောက်မြားစွာလက်ဝယ်ရရှိသူများအတွက် မည်မျှအားတက်ဖွယ်ပါတကား။—၁ တိမောသေ ၄:၁၅-၁၆။

ဤသစ္စာရှိဝတ်ပြုသူများ၏ပျော်ရွှင်မှုသည် တောင်ပေါ်ဒေသနာတွင် ယေရှုပြောခဲ့သည့်စကားများကို ပြန်လည်သတိရစေသည်။ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်းသတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။ . . . ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းခံရသူတို့သည် ပျော်ရွှင်၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။ . . . ဝမ်းမြောက်၍ ရွှင်လန်းခြင်းဖြင့်ခုန်ပေါက်လော့။ အကြောင်းမူကား၊ ကောင်းကင်တွင်သင်တို့၏ဆုလာဘ်သည် ကြီးမား၏။” (မဿဲ ၅:၃-၁၂။ ကဘ) အန်ဂိုလာနိုင်ငံတွင်ရိတ်သိမ်းပြီးစီးမှုကြီးပါတကား။

အခြားသောကမ္ဘာ့ဒေသများတွင်လည်း ယေဟောဝါသက်သေများ၏လုပ်ငန်းကိုပိတ်ပင်တားဆီးမှုများ လျှော့နည်း သို့မဟုတ် ရပ်ဆိုင်းသွားပြီဖြစ်သည်။ မိမိအချိန်ကယေရှုဤသို့မှတ်ချက်ချခဲ့သည်။ “ရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။” (မဿဲ ၉:၃၇) ယင်းအချက်သည် ယနေ့မည်မျှမှန်လိုက်လေခြင်း။ လုပ်သားများတိုး၍လိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့၏ဝတ်ပြုရေးတွင် ရိတ်သိမ်းခြင်းပါဝင်သည့်အတွက် ကျွန်ုပ်တို့ဝမ်းသာကြသည်။ ယနေ့ဤလောကတွင် အကျိုးဖြစ်ထွန်းသည့် ယေဟောဝါကိုဆက်ကပ်အပ်နှံထားသောလုပ်ငန်းထက် ကြီးမားသောရွှင်လန်းမှုမရှိနိုင်ပါ။

ယေဟောဝါကိုဝတ်ပြုသူများ ဤသို့သောရွှင်လန်းမှုနှင့်ဇွဲကိုတင်ပြနိုင်ရန် မည်သည့်အရာကလှုံ့ဆော်သနည်း။ ကြည့်ကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ