ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၈/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၈/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ယောဘအသက်ရှင်ချိန်တွင် သူတစ်ဦးတည်းသာ ယေဟောဝါကိုသစ္စာရှိသူဖြစ်သည်ဟု ယောဘ ၁:၈ မှနားလည်ရမည်လော။

မဟုတ်ပါ။ ယောဘ ၁:၈ ကထိုသို့ဆိုလိုသည်မဟုတ်။ ဆိုထားသည်က ဤသို့။

“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကလည်း ‘ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်’ ဟု စာတန်အားမိန့်တော်မူ၏။” ယောဘ ၂:၃ တွင်လည်း ထပ်တူဝေဖန်၍ စာတန်အားဤသို့မေးတော်မူသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကလည်း ‘ငါ့ကျွန်ယောဘကိုဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုပျက်စီးစေခြင်းငှာ သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်သောသဘောကိုစွဲလမ်းလျက်နေသည်’ ဟုစာတန်အားမိန့်တော်မူ၏။”

ယောဘသည် သစ္စာရှိသူအဖြစ်ဘုရားသခင်လက်ခံထားတော်မူသည့် အသက်ရှင်သူတစ်ဦးတည်းမဟုတ်ကြောင်း ယောဘဝတ္တုကိုယ်နှိုက်ကတင်ပြပါသည်။ အခန်းကြီး ၃၂ မှစ၍ ဧလိဟုအကြောင်းနှင့်ပတ်သက်၍ ဖတ်ရသည်။ သာ၍ငယ်ရွယ်သူတစ်ဦးဖြစ်ငြားလည်း ဧလိဟုသည် ယောဘမှားယွင်းသဖြင့် သူ့အားပြစ်တင်ဆုံးမပြီး စစ်မှန်သောဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေခဲ့သည်။—ယောဘ ၃၂:၆–၃၃:၆၊ ၃၁-၃၃။ ၃၅:၁–၃၆:၂။

ထိုကြောင့် ‘ယောဘနှင့်တူသောသူတစ်ယောက်မျှမရှိ’ ဟူသောဘုရားသခင့်မိန့်ဆိုချက်အရ ဖြောင့်မတ်သူတစ်ဦးအနေနှင့် ယောဘသည်အလွန်ထူးခြားပုံရှိကြောင်းကိုဆိုလိုနေခြင်းဖြစ်မည်။ အီဂျစ်ပြည်တွင် ယောသပ်သေဆုံးပြီး ဘုရားသခင့်ပရောဖက်တစ်ပါးအဖြစ် မောရှေအမှုမထမ်းမီ စပ်ကြားကာလအတွင်း ယောဘအသက်ရှင်ခဲ့ပေမည်။ ထိုအချိန်အတောအတွင်း အီဂျစ်နိုင်ငံတွင် ဣသရေလလူများစွာနေထိုင်ခဲ့သည်။ သူတို့အပေါင်းသည် သစ္စာမရှိ၊ ဘုရားသခင်လက်မခံနိုင်သူများဖြစ်ကြသည်ဟူ၍ ယူမှတ်စရာအကြောင်း လုံးဝမရှိပါ။ ယေဟောဝါကိုအားထားမှီခိုသူများစွာရှိခဲ့ပေမည်။ (ထွက်မြောက်ရာ ၂:၁-၁၀။ ဟေဗြဲ ၁၁:၂၃) မည်သို့ဆိုစေကာမူ ယောသပ်ကဲ့သို့ တစ်ယောက်မျှ မကျော်ကြားခဲ့ပါ။ စစ်မှန်သောဝတ်ပြုရေးဘက်တွင်လည်း ထိုဝတ်ပြုသူများသည် အီဂျစ်ပြည်မှ ဣသရေလလူမျိုးအား ဦးစီးဦးဆောင်မည့်မောရှေကဲ့သို့ ထူးခြားစွာပြုမူသူများလည်းမဟုတ်ကြပါ။

သို့သော် အခြားနေရာတစ်နေရာတွင် နေထိုင်သူတစ်ဦးမူကား ထူးခြားစွာသစ္စာသမာဓိစောင့်သိနေသည်။ “ယောဘအမည်ရှိသောသူတစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။”—ယောဘ ၁:၁။

ယင်းကြောင့် ယောဘအား ထူးခြားစွာယုံကြည်ခြင်း၊ သစ္စာတည်ကြည်ခြင်းပြသူအဖြစ် ယေဟောဝါဖော်ညွှန်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းထပ်တူ ကျမ်းရေးသူ ယေဇကျေလနှင့်ယာကုပ်တို့သည်လည်း ယောဘအား ဖြောင့်မတ်ခြင်းနှင့်သည်းခံခြင်းပုံသက်အဖြစ် နောက်ကြောင်းပြန်ဖော်ပြခဲ့ခြင်းဖြစ်သည်။—ယေဇကျေလ ၁၄:၁၄။ ယာကုပ် ၅:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ