ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၃/၁ စာ. ၂-၃
  • ဖင့်နွှဲခြင်းသည် သေဘေးသင့်စေခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖင့်နွှဲခြင်းသည် သေဘေးသင့်စေခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မီးတောင်မြုံ၏ အန္တရာယ်အရိပ်အောက်တွင် နေထိုင်ခြင်း
    နိုးလော့!—၂၀၀၇
  • ယခင်ကထက် ယခု ပို၍နိုးကြားနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားသခင့်သတိပေးချက်ကို သင်ဂရုပြုမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အမြွှာမျှော်စင် ပြိုကျသွားသော ထိုတစ်နေ့
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၃/၁ စာ. ၂-၃

ဖင့်နွှဲခြင်းသည် သေဘေးသင့်စေခဲ့

လူကြီးခုနစ်ဦးနှင့် ကလေးခြောက်ဦးပါ မိသားစုသုံးစုတို့သည် သေပြေးရှင်ပြေး ပြေးနေကြသည်။ ကြောက်မက်ဖွယ်တရစပ်ကျရောက်လာသည့် ကျောက်တုံးများ၏ဘေးမှ လွတ်မြောက်ရန်မျှော်လင့်လျက် တစ်စုံတစ်ဦး၏အိမ်မိုးအောက်သို့ ဝင်ရောက်ခိုလှုံရန် ဒရောသောပါးပြေးနေကြသည်မှာ သိသာသည်။ သို့သော် ကျောက်တုံးများပြိုကျလာသည့်အသံများငြိမ်သက်သွားသောအခါ အခြားအန္တရာယ်တစ်ခုကိုထပ်ကြုံရပြန်သည်။ အသက်ရှုမွန်းကြပ်စေသည့် မဲနက်သောမီးခိုးပြာထုကြီးကျရောက်လာပြန်သည်။ မဖြစ်မနေပြေးရကြပြန်သည်။

အိမ်စေဖြစ်ဟန်တူသူတစ်ဦးက ရိက္ခာထုပ်ကို ပခုံးပေါ်တွင်သိုင်းချည်ထားရင်း ရှေ့မှဦးဆောင်ပြေးသည်။ သူ့နောက်တွင် လေးနှစ်နှင့်ငါးနှစ်အရွယ်ခန့်ရှိ ကလေးနှစ်ဦးတို့က လက်ချင်းချိတ်ပြီးပြေးလိုက်နေကြသည်။ ကျန်လူများနောက်မှလိုက်ပြေးကြသည်။ ထိတ်ထိတ်ပျာပျာနှင့် အလုအယက်ပြေးကြ၊ တိုက်မိခိုက်မိကြနှင့် လွတ်လမ်းကို သေလုမြောပါးရှာနေကြသည်။ အသက်ရှုရန်သူတို့ကြိုးစားကြသော်လည်း လေအစားစိုထိုင်းသောပြာမှုန့်များကိုသာရှူမိကြသည်။ ထိုသူ ၁၃ ယောက်လုံးတို့သည် ကျရောက်လာသောပြာမှုန့်များကြောင့် တစ်ယောက်ပြီးတစ်ယောက်လဲကျသွားပြီး ငြိမ်သက်သွားကာ နောက်ဆုံးပြာမှုန့်များဖြင့်ဖုံးအုပ်သင်္ဂြိုဟ်ခံခဲ့ကြရသည်။ နောက်နှစ်ပေါင်း ၂,၀၀၀ နီးပါးကြာသောအခါ သူတို့သေခါနီးတွင်ဖြစ်ပျက်သောဝမ်းနည်းဖွယ်ကောင်းသည့် အသေးစိတ်အချက်အလက်များကို ရှေးဟောင်းသုတေသနပညာရှင်များ ပြန်လည်ဖော်ထုတ်နိုင်သည့်အချိန်အထိ သူတို့၏ကြေကွဲဖွယ်ရုပ်ကြွင်းများဖုံးကွယ်နေခဲ့သည်။

ထိုလူ ၁၃ ယောက်တို့သည် စီ၊ အီး ၇၉ ခုနှစ်၊ ဩဂုတ် ၂၄ ရက်က အီတလီနိုင်ငံ၏ ရှေးမြို့ဟောင်းပုံပေတွင် ဖျက်ဆီးခံခဲ့ရသော ခန့်မှန်းခြေလူပေါင်း ၁၆,၀၀၀ ထဲမှ မဆိုစလောက်မျှသာဖြစ်သည်။ ဗဆူးဗီးယပ်စ်မီးတောင်ပထမဆုံးအကြိမ်စတင်ပေါက်ကွဲစဉ်က မြို့ကိုစွန့်၍ထွက်ပြေးခဲ့သူများ လွတ်မြောက်ကြသည်။ သို့သော် ဖင့်နွှဲခဲ့သူ—အထူးသဖြင့်ချမ်းသာကြွယ်ဝသူများသည် မိမိတို့၏အိမ်ယာနှင့်ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ချင်သောကြောင့် ကျောက်နှင့်ပြာများအောက် ပေ ၂၀ အနက်တွင် မြုပ်နှံခံခဲ့ကြရသည်။

နှစ်ပေါင်း ၂,၀၀၀ နီးပါးအကြာက ပုံပေမြို့တွင်ဖြစ်ပျက်ခဲ့သည့်အရာများသည် ရှေးဟောင်းသမိုင်းသာလျှင်ဖြစ်ပေမည်။ သို့သော် ယင်း၌ ယနေ့လူသားတစ်ရပ်လုံး ရင်ဆိုင်နေရသည့်အခြေအနေနှင့် တူညီသည့်အချက်များစွာရှိသည်။ ဗဆူးဗီးယပ်စ်မီးတောင်၏ ထိတ်လန့်ဖွယ်မြည်ဟည်းသံထက် များစွာသာလွန်ဆိုးရွားသော ကမ္ဘာချီနိမိတ်တစ်ခုက ဤလက်ရှိလောကအစီအစဉ်သည် ပျက်စီးလုနီးနီးအခြေအနေတွင်ရောက်နေကြောင်း သတိပေးလျက်ရှိသည်။ လွတ်မြောက်နိုင်ရန် ကျွန်ုပ်တို့အဆောတလျင်လုပ်ဆောင်ကြရမည်။ ဖင့်နွှဲခြင်းသည် သေဘေးသင့်စေသည်။ ထိုနိမိတ်နှင့် ယင်းကိုကျွန်ုပ်တို့မည်သို့ ပညာရှိစွာတုံ့ ပြန်နိုင်ပုံတို့ကို နောက်ဆောင်းပါးတွင်ဖော်ပြထားသည်။

[Picture Credit Line on page 2]

Cover photo by National Park Service

[Picture Credit Line on page 3]

Soprintendenza Archeologica di Pompei

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ