ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁ စာ. ၆
  • အသက်၏မြင့်မြတ်မှုကိုလေးစားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်၏မြင့်မြတ်မှုကိုလေးစားခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆရာဝန်များနှင့် ယေဟောဝါသက်သေများစပ်ကြား ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေသော နှီးနှောဖလှယ်ပွဲ
    နိုးလော့!—၁၉၉၇
  • သွေး၏မြင့်မြတ်မှုကို ထိန်းသိမ်းရာတွင် အကူအညီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သောဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • မျက်မမြင်ဖြစ်နေစဉ်ကျွန်တော်မျက်စိပွင့်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁ စာ. ၆

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

အသက်၏မြင့်မြတ်မှုကိုလေးစားခြင်း

သွေးသည် ဘုရားသခင့်အမြင်တွင် တန်ဖိုးကြီးမားပြီး ယင်းကိုအလွဲသုံးခြင်းအား ကိုယ်တော်ရှုတ်ချတော်မူကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။ (ဝတ်ပြုရာ ၁၇:၁၄; တမန်တော် ၁၅:၁၉၊ ၂၀၊ ၂၈၊ ၂၉) သမ္မာကျမ်းစာပါဤညွှန်ကြားချက်များကြောင့် ယေဟောဝါသက်သေများသည် သွေးသွင်းခြင်းကို လက်မခံကြပါ။

ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ ဘာသာရေးဆိုင်ရာရပ်တည်မှုကို ဆရာဝန်များနှင့် ဆေးရုံအမှုထမ်းများအား နားလည်အောင်အကူအညီဖြစ်စေရန်နှင့် သက်သေခံများသည် အခြားသောကုသနည်းများကိုလက်ခံကြောင်း ရှင်းလင်းစွာသဘောပေါက်စေရန်တို့အတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းသည် နိုင်ငံအသီးသီးတွင် ဆေးရုံကြားခံကော်မတီများ (ဆကက) ကို ဖွဲ့စည်းပေးထားသည်။ ဤကော်မတီ၏အဖွဲ့ဝင်များသည် ဆေးဝန်ထမ်းများနှင့်စကားပြောဆိုရန် ဆေးရုံသို့သွားရောက်လည်ပတ်ကြသည်။ မကြာသေးမီက ပိုလန်နိုင်ငံတွင် မြို့ ၁၂ မြို့၌ အဓိကအားဖြင့် အထူးကုဆေးရုံအုပ်များ သို့မဟုတ် အဆောင်အုပ်များဖြစ်ကြသည့် ဆေးပညာဒေါက်တာဘွဲ့ရသူ ၅၀၀ ကျော်ပါဝင်သည့် အစည်းအဝေးပေါင်း ၂၀၀ ကျော်ကျင်းပခဲ့သည်။ လည်ပတ်မှုတစ်ခုတွင် အောက်ပါအတိုင်းဖြစ်ခဲ့သည်–

“ဇပ္ပဇေမြို့ရှိနှလုံးခွဲစိတ်ကုသသည့်ဆေးရုံတွင် ပြုလုပ်ခဲ့သည့်အစည်းအဝေးသည် အောင်မြင်မှုအရှိဆုံးဖြစ်ခဲ့သည်။ ၁၉၈၆ ခုနှစ်ကတည်းက ထိုဆေးဝန်ထမ်းအဖွဲ့သည် ကျွန်ုပ်တို့၏ညီအစ်ကိုများကို သွေးမသွင်းဘဲ ခွဲစိတ်ကုသပေးလာခဲ့သည်။ ယခုအခါ ထိုကဲ့သို့သောခွဲစိတ်မှု ၄၀ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ပိုလန်နိုင်ငံတစ်ခွင်လုံးနှင့် နိုင်ငံခြားမှလူနာများကို လက်ခံကုသရန် ထိုဆေးရုံကအသင့်ရှိသည်။ မိနစ် ၅၀ ဆွေးနွေးပြီးနောက် လက်ထောက်ဆေးရုံအုပ်က ဆကက အဖွဲ့ဝင်များကို လူနာများနှင့်မိတ်ဆက်ပေးပြီး ဤသို့ပြောခဲ့သည်–‘ဒီလူတွေက ယေဟောဝါသက်သေတွေပဲ။ သူတို့ဟာ ကျွန်တော်တို့ဆေးရုံနဲ့ပူးပေါင်းလုပ်ဆောင်ပြီး ကျွန်တော်တို့ကို အကူအညီပေးကြတယ်။ သူတို့ရဲ့အကူအညီအားဖြင့် သူတို့ရဲ့ယုံကြည်သူချင်းတွေသာမက တခြားလူနာအားလုံးလည်း အကျိုးရရှိကြတယ်။ ယေဟောဝါသက်သေတွေရဲ့အကူအညီကြောင့် သွေးမပါဘဲ အရေးကြီးတဲ့နှလုံးခွဲစိတ်ကုသမှုတွေကို ပြုလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့အခိုင်အမာယုံကြည်လာကြတယ်။

“‘ဥပမာအားဖြင့် ဒီအမျိုးသမီး [လူနာကိုညွှန်ပြ] ကို ကျွန်တော်တို့ခွဲစိတ်ခဲ့တယ်။ တနင်္လာနေ့ဆိုရင် သူဆင်းတော့မယ်။ အန္တရာယ်ဖြစ်နိုင်လို့ ခုဆိုရင် အရင်တုန်းကလောက် သွေးကိုကျွန်တော်တို့သုံးလေ့သုံးထမရှိတော့ဘူးလို့ ကျွန်တော်မှတ်ချက်ချပါရစေ။ သွေးဟာ အိပ်ချ်အိုင်ဗွီပိုး၊ အသည်းရောင်အသားဝါ၊ ပြန်လည်ကျန်းမာဖို့တာရှည်ခြင်းတွေနဲ့ တွဲဖက်နေလို့ပဲ။

“‘ကျွန်တော်ဟာ ကက်သလစ်ဘာသာဝင်တစ်ဦးပါ။ ဒါပေမဲ့ ကျွန်တော်တို့အိမ်မှာ တခြားသူတွေရဲ့အမြင်ကို အမြဲလက်ခံတယ်။ တစ်နေ့မှာ ကျွန်တော့်ကလေးတွေနဲ့အတူ ရှလော်န်စကီးအားကစားရုံဘက်ကို လမ်းလျှောက်သွားကြတယ်။ အရင်ကဆိုရင် ဒီအားကစားရုံကိုပစ်ထားတာပဲ။ ဒါပေမဲ့ ခုတော့ မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားတာကို ကျွန်တော်တို့သတိထားမိလိုက်တယ်။ ဘယ်လိုပြောင်းလဲသွားတာလဲလို့ အလုပ်သမားတစ်ယောက်ကိုကျွန်တော်မေးလိုက်တယ်။ အုပ်ချုပ်ရေးအဖွဲ့က အားကစားရုံကို ပြန်ဆောက်ဖို့စိတ်ပျက်သလောက်ဖြစ်နေတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကိုငှားလိုက်တော့ သူတို့က အဲဒါကိုပြန်ပြင်ဆောက်လိုက်ကြတယ်လို့ သူကျွန်တော့်ကိုပြောပြတယ်။

“‘ဒါကြောင့် ကျွန်တော်တို့အားလုံး ဒီလူတွေဆီက အများကြီးသင်ခန်းစာယူနိုင်တယ်။ ဒီအဆောင်မှာ တခြားသူတွေရဲ့အမြင်ကို ကျွန်တော်တို့လက်ခံသင့်တယ်လို့ ကျွန်တော်ထင်တယ်။’ ထို့နောက် ရက်အနည်းငယ်အတွင်း ခွဲစိတ်ခံရမည့်သက်သေခံတစ်ဦးကိုညွှန်ပြကာ ‘ဒီအမျိုးသမီးဟာ ယေဟောဝါသက်သေတစ်ယောက်ပဲ။ သွေးမပါဘဲ ခွဲစိတ်ခံရမဲ့သူပဲ။’”

ယေဟောဝါသက်သေများသည် မိမိတို့၏ယုံကြည်ချက်များကို အခြားသူများအား အတင်းအကြပ်မသွတ်သွင်းဘဲ မိမိတို့ကိုယ်တိုင်က “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ခဲ့ကြသည့် တမန်တော်များ၏ပုံသက်သေကို လိုက်လျှောက်ကြသည်။ (တမန်တော် ၅:၂၉) ယင်းတွင် သွေးကိုလေးမြတ်ခြင်းပါဝင်သည်။ ဤကိစ္စနှင့်ပတ်သက်သော သူတို့၏ဘာသာရေးယုံကြည်မှုကို အခြားသူများက လေးစားမှုတင်ပြသောအခါ သူတို့ကျေးဇူးတင်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ