ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၅/၁၅ စာ. ၂၁-၂၃
  • သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သည်းခံမှုမရှိသော ကျွန်ုပ်တို့၏ခေတ်သစ်လောက
  • သင့်သည်းခံခြင်းကို ယေဟောဝါခိုင်ခံ့စေနိုင်
  • ကိုယ်ကိုကိုယ်နှင့်အခြားသူများအား လျောက်ပတ်သည့်အမြင်
  • သည်းခံမှုသည် ကြွယ်ဝသောကောင်းချီးများကို ဖြစ်ထွန်းစေ
  • ဆက်ပြီး စိတ်ရှည်ကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါ၏သည်းခံခြင်းကို တုပကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စိတ်ရှည်ခြင်း—မျှော်လင့်ချက်ဖြင့် ခံနိုင်ရည် တင်ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၅/၁၅ စာ. ၂၁-၂၃

သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော

ယေဟောဝါက အာဗြံအားပြောသည်မှာ– “သင်၏ပြည် . . . ထဲကထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့။ ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။” (ကမ္ဘာဦး ၁၂:၁၊ ၂) ထိုအချိန်က အာဗြံအသက် ၇၅ နှစ်ရှိသည်။ သူနာခံခဲ့ပြီး ကျန်ရှိသည့်သူ့အသက်တာတွင် သည်းခံမှုကိုကျင့်သုံးကာ ယေဟောဝါအားစောင့်ဆိုင်းခဲ့သည်။

နောက်ဆုံးတွင် ဘုရားသခင်သည် သည်းခံသည့်အာဗြဟံ (အာဗြံ) အား ဤသို့ကတိပေးခဲ့သည်– “ငါသည် သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင့်ကို အစဉ်အမြဲပွားများစေမည်။” တမန်တော်ပေါလု ဤသို့ဆက်ပြောသည်– “ထိုသို့နှင့်အညီ အာဗြဟံသည် သည်းခံလျက်စောင့်နေပြီးမှ ကတိတော်ကိုဝင်စားလေ၏။”—ဟေဗြဲ ၆:၁၃-၁၅။

သည်းခံခြင်းကား အဘယ်နည်း။ အဘိဓာန်များက “တစ်စုံတစ်ခုကို ငြိမ်သက်စွာ စောင့်မျှော်နိုင်သည့်” အရည်အချင်း သို့မဟုတ် “အမျက်ဒေါသ သို့မဟုတ် တင်းမာမှုအောက်တွင် ကြံ့ကြံ့ခံခြင်း” ကို တင်ပြခြင်းဟု ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် တစ်စုံတစ်ခု သို့မဟုတ် တစ်ဦးတစ်ယောက်ကို စောင့်ဆိုင်းရသည့်အခါ၌ဖြစ်စေ၊ သင်အမျက်ဒေါသထွက်နေသည့်အခါ သို့မဟုတ် ဖိစီးမှုခံရသည့်အခါ၌ဖြစ်စေ သင့်သည်းခံမှုစမ်းသပ်ခံရသည်။ ထိုကဲ့သို့သောအခြေအနေတွင် သည်းခံသောသူသည် တည်တည်ငြိမ်ငြိမ်ရှိပြီး သည်းမခံသောသူသည် ကမူးရှူးထိုးနှင့် မခံချိမခံသာဖြစ်နေပေမည်။

သည်းခံမှုမရှိသော ကျွန်ုပ်တို့၏ခေတ်သစ်လောက

အထူးသဖြင့် မြို့ကြီးပြကြီးများတွင် သည်းခံခြင်းအပေါ်မဟုတ်ဘဲ အလျင်အမြန်လုပ်ခြင်းအပေါ်ဖိအားပေးကြသည်။ လူနေထူထပ်သောမြို့ကြီးများရှိ လူသန်းပေါင်းများစွာတို့အတွက် နံနက်နာရီအချက်ပေးသံကြားသည်နှင့် နေ့တစ်နေ့စတော့သည်။ ယင်းက တစ်နေရာရာသို့ရောက်ရန်၊ တစ်စုံတစ်ယောက်ကိုတွေ့ရန်၊ တစ်ခုခုကိုပြီးမြောက်ရန်—အားကြိုးမာန်တက်ပြေးပွဲကို တာလွှတ်လိုက်သည်။ လူများစွာတို့ ခက်ထန်ပြီးသည်းခံမှုမရှိသည်မှာ အဆန်းမဟုတ်ပါလေ။

အခြားသူတို့၏ချွတ်ယွင်းချက်ကို ရင်ဆိုင်ရသောအခါ သင်စိတ်အနှောင့်အယှက်ဖြစ်သလော။ “အချိန်တိကျမှုမရှိရင် ကျွန်တော်မကြိုက်ဘူး” ဟု အဲလ်ဘတ်ဆိုသူကပြောသည်။ ရောက်ချိန်တန်လျက် မရောက်သေးသော လူတစ်ယောက်ကိုစောင့်ရလျှင်၊ အထူးသဖြင့် အချိန်အတိအကျချိန်းထားလျှင် အနှောင့်အယှက်ဖြစ်ရသည်ကို လူများစွာတို့က သဘောတူပေမည်။ နယူးကာစလ်မြို့စားဖြစ်သည့် ၁၈ ရာစုနှစ်ဗြိတိသျှနိုင်ငံရေးသမားတစ်ဦးနှင့်ပတ်သက်၍ ဤသို့အဆိုရှိသည်– ‘မနက်ပိုင်းတွင် သူနာရီဝက် နောက်ကျကာ တောက်လျှောက်နောက်ကျသည့်အကျင့်ဖြစ်နေသည်။’ ထိုကဲ့သို့သောသူကို နေ့စဉ်ရက်ဆက်အမှီသဟဲပြုနေရလျှင် သင်ဆက်သည်းခံနိုင်တော့မည်လော။

ကားမောင်းသည့်အခါ သင်ဒေါသထွက်မြန်သလော၊ မစောင့်နိုင်မဆိုင်းနိုင်ဖြစ်သလော၊ သို့မဟုတ် အမြန်မောင်းရန်ဆွဲဆောင်ခံရသလော။ ယင်းသို့သောအခြေအနေမျိုးတွင် သည်းမခံခြင်းသည် ဒုက္ခရောက်စေလေ့ရှိသည်။ ၁၉၈၉ ခုနှစ်က ယခင်အနောက်ဂျာမနီနိုင်ငံတွင် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုဖြစ်စေသော အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားသည့် မတော်တဆမှုပေါင်း ၄၀၀,၀၀၀ ကျော်ရှိခဲ့သည်။ ယင်းအမှု ၃ မှုအနက် ၁ မှုသည် မြန်နှုန်းကျော်မောင်းခြင်း သို့မဟုတ် ရှေ့၌သွားနေသောယာဉ်နှင့် အလွန်ကပ်မောင်းခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ၁၃၇,၀၀၀ ယောက်သောသူတို့ သေဆုံးရခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့သည် သည်းခံမှုမရှိသောကြောင့်ဖြစ်ရကြောင်း အနည်းဆုံးတစ်စိတ်တစ်ဒေသမှန်ကန်သည်။ သည်းမခံနိုင်ခြင်းကား အဖိုးအခကြီးလှပါတကား!

“တစ်ယောက်ယောက်က တစ်ချိန်လုံးနှောင့်ယှက်နေရင်၊ ဒါမှမဟုတ် တရားလွန်ကြွားလုံးထုတ်နေရင်တော့ ကျွန်မသည်းခံနိုင်မှာမဟုတ်ဘူး” ဟု အဲန်ကညည်းသည်။ ကားလ်ဟဲမန်းက “လူကြီးများကို ရိုသေလေးစားမှုမရှိသည့်လူငယ်များ” ကြောင့် မိမိ၏သည်းခံမှုစိန်ခေါ်ခံရသည်ဟု ဝန်ခံခဲ့သည်။

ယင်းနှင့်အခြားသောအခြေအနေများက သင့်အား သည်းခံမှုကင်းမဲ့စေနိုင်သည်။ သို့ဆိုလျှင် သည်းခံခြင်းကို သင်မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။

သင့်သည်းခံခြင်းကို ယေဟောဝါခိုင်ခံ့စေနိုင်

သည်းခံခြင်းသည် မပြတ်သားခြင်း သို့မဟုတ် အားနည်းခြင်းကိုဖော်ပြကြောင်း လူများစွာတို့က ထင်မှတ်ကြသည်။ သို့သော် ယေဟောဝါအတွက်မူ ယင်းသည် ခွန်အား၏အမှတ်လက္ခဏာဖြစ်သည်။ ကိုယ်တော်တိုင်သည် “အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍ . . . သည်းခံတော်မူ၏။” (၂ ပေတရု ၃:၉) ထို့ကြောင့် သင့်ကြံ့ကြံ့ခံရပ်တည်ခြင်းကိုအားဖြည့်ရန် ယေဟောဝါအားတွယ်ကပ်နေပြီး သင့်နှလုံးရှိသမျှဖြင့် ကိုယ်တော်ကိုအားထားပါ။ ဘုရားသခင်နှင့်သင့်ဆက်ဆံရေးကို တိုးတက်ခိုင်ခံ့စေခြင်းသည် သည်းခံသည့်စိတ်တိုးပွားရန် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရေးအကြီးဆုံးအရာဖြစ်သည်။

ထို့အပြင် ကမ္ဘာနှင့်လူသားများအတွက် ယေဟောဝါ၏ရည်ရွယ်ချက်ကို သိရှိရန်အရေးကြီးသည်။ အာဗြဟံသည် “ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ [ဘုရားသခင့်နိုင်ငံတော်] ကို မျှော်လင့်သတည်း။” (ဟေဗြဲ ၁၁:၁၀) ထိုနည်းတူ ဘုရားသခင့်ကတိတော်များကို အမြင်ရှင်းစွာရှိပြီး ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ရောင့်ရဲနေလျှင် အကျိုးဖြစ်စေသည်။ သည်းခံခြင်းသည် တွန့်ဆုတ်ခြင်း၏အမှတ်လက္ခဏာနှင့် လုံးဝကွာခြားလျက် စစ်မှန်သောဝတ်ပြုရေးသို့ လူများကို အမှန်ပို့ဆောင်ပေးသည်။ ထို့ကြောင့် “ငါတို့သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်ဟု မှတ်ကြလော့။”—၂ ပေတရု ၃:၁၅။

သင့်ကိုယ်ပိုင်အခြေအနေများက သင်မခံမရပ်နိုင်လောက်သည့်အထိ သင့်သည်းခံခြင်းအတွက် စမ်းသပ်မှုဖြစ်နေသည်ဆိုလျှင် မည်သို့နည်း။ မယုံကြည်သူများက သင့်အား အလွန်အကျွံစိတ်အနှောင့်အယှက်ဖြစ်စေသည့် တင်းမာမှုအောက်ရောက်စေသလော။ မဆုံးနိုင်ဖွယ်ကြာညောင်းစွာ သင်ဖျားနာနေသလော။ ထိုအခြေအနေမျိုးတွင် တပည့်တော်ယာကုပ်ရေးသားခဲ့သည့်အချက်ကို သတိရပါ။ ပရောဖက်များတင်ပြခဲ့ကြသည့် သည်းခံခြင်းပုံသက်သေအကြောင်း သူပြောပြီးနောက် ပြင်းထန်သည့်ဖိစီးမှုအောက် တည်တည်ငြိမ်ငြိမ်ဆက်လက်နေနိုင်သည့်လျှို့ဝှက်ချက်ကို သူဖော်ထုတ်ပြသည်။ ယာကုပ်ဤသို့ပြောသည်– “သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။”—ယာကုပ် ၅:၁၀၊ ၁၃။

သင့်သည်းခံမှုကိုမြဲမြံစေရန်နှင့် စုံစမ်းခြင်းအောက်တွင် သင့်စိတ်ဓာတ်ကိုထိန်းချုပ်နိုင်ရန် ဘုရားသခင်ထံ အားတက်သရောဆုတောင်းပါ။ ယေဟောဝါအား ထပ်ခါထပ်ခါအကူအညီတောင်းလျှင် သင်၏အေးဆေးတည်ငြိမ်မှုကို ခြိမ်းခြောက်သည့် အခြေအနေများ သို့မဟုတ် အခြားသူတို့၏အမူအကျင့်များကို သင်ခွဲခြားသိမြင်နိုင်ရန် အကူအညီပေးမည်။ အပြင်းအထန်စမ်းသပ်မခံရမီ ဆုတောင်းခြင်းသည် သင့်အားတည်ငြိမ်မှုရှိစေရန် အကူအညီပေးနိုင်သည်။

ကိုယ်ကိုကိုယ်နှင့်အခြားသူများအား လျောက်ပတ်သည့်အမြင်

နူးညံ့ငြိမ်သက်သည့်စိတ်သဘောကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မိမိကိုယ်နှင့်သူတစ်ပါးအား တော်လျော်သည့်သဘောဖြင့် ရှုမြင်ရမည်။ သမ္မာကျမ်းစာလေ့လာလျှင် ယင်းသို့ဖြစ်နိုင်သည်။ အကြောင်းမှာ လူတိုင်းသည် မွေးရာပါမစုံလင်မှုပါသောကြောင့် အမှားအယွင်းအနည်းအကျဉ်းရှိကြောင်း ယင်းကဖော်ပြသောကြောင့်ဖြစ်သည်။ ထို့အပြင် ကျမ်းစာအသိပညာက သင့်မေတ္တာကြီးပွားရန် အကူအညီပေးမည်။ အခြားသူများအား သည်းခံမှုတင်ပြနိုင်ရန် ဤအရည်အချင်းသည် မရှိမဖြစ်လိုအပ်သည်။—ယောဟန် ၁၃:၃၄၊ ၃၅; ရောမ ၅:၁၂; ဖိလိပ္ပိ ၁:၉။

မေတ္တာနှင့် ခွင့်လွှတ်ရန်စိတ်အားထက်သန်ခြင်းတို့သည် သင်စိတ်ဗလောင်ဆူနေသောအခါတွင် သင့်အား စိတ်အေးသွားအောင်လုပ်နိုင်သည်။ တစ်စုံတစ်ဦးသည် သင့်အားမခံမရပ်နိုင်အောင်ဖြစ်စေသည့် အမူအကျင့်များရှိနေလျှင် သင့်စိတ်နှင့်မတွေ့သောအရာသည် လူမဟုတ်ဘဲ အကျင့်ကိုသာဖြစ်ကြောင်း မေတ္တာက သင့်အားသတိပေးပေမည်။ မကြာခဏဆိုသလို သင့်အားနည်းချက်သည် ဘုရားသခင့်သည်းခံမှုကိုစုံစမ်းပြီး အခြားသူများအား မည်မျှအမျက်ထွက်စေမည်ကို စဉ်းစားကြည့်ပါ။

ကိုယ့်ကိုယ်ကို အမြင်မှန်ရှိခြင်းကလည်း သည်းခံစောင့်ဆိုင်းရန် အကူအညီဖြစ်စေသည်။ ဥပမာ၊ ယေဟောဝါ၏လုပ်ငန်းတော်အခွင့်အရေးများကို သင်လက်လှမ်းသော်လည်း စိတ်ပျက်စရာနှင့်သာ ကြုံတွေ့ရဖူးသလော။ သင့်သည်းခံမှုသည် ကမ်းကုန်သွားသည်ဟု သင်ခံစားရသလော။ ယင်းသို့ဖြစ်လျှင် သည်းခံမှုကင်းမဲ့ခြင်းတို့သည် မာနနှင့်အမြစ်တွယ်လာသည်ကို သတိရပါ။ “အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက် သာ၍ကောင်း၏” ဟု ရှောလမုန်ပြောသည်။ (ဒေသနာ ၇:၈) မှန်ပါသည်၊ သည်းခံမှုကိုပျိုးထောင်ရာတွင် မာနသည် အဓိကအတားအဆီးတစ်ခုဖြစ်သည်။ နှိမ့်ချမှုရှိသူအတွက် တည်ငြိမ်စွာစောင့်ဆိုင်းရန် လွယ်ကူသည်မဟုတ်ပေလော။ ထို့ကြောင့် နှိမ့်ချမှုကိုပျိုးထောင်ပါ။ သို့ပြုလျှင် နှောင့်နှေးမှုကို ငြိမ်သက်သည့်စိတ်ဖြင့် သာ၍လက်ခံလာနိုင်မည်။—သု. ၁၅:၃၃။

သည်းခံမှုသည် ကြွယ်ဝသောကောင်းချီးများကို ဖြစ်ထွန်းစေ

အာဗြဟံသည် မူလအားဖြင့် သူ၏ယုံကြည်ခြင်းကြောင့် ထင်ရှားသူဖြစ်သည်။ (ရောမ ၄:၁၁) သို့ဖြစ်စေကာမူ သည်းခံခြင်းက သူ၏ယုံကြည်ခြင်းကို တည်တံ့မြဲမြံစေခဲ့သည်။ ယေဟောဝါကိုစောင့်ဆိုင်းခြင်းမှ သူမည်သည့်ဆုကျေးဇူးရခဲ့သနည်း။

ယေဟောဝါ၏တိုးပွားယုံကြည်စိတ်ချမှုကို အာဗြဟံရခဲ့သည်။ သို့နှင့် အာဗြဟံသည် နာမည်ကြီးလာပြီး သူမှဆင်းသက်လာသူများသည် အားကြီးသောလူမျိုးဖြစ်လာသည်။ သူ၏မျိုးနွယ်အားဖြင့် မြေကြီးပေါ်ရှိလူမျိုးအားလုံး မိမိတို့ကိုယ်ကိုကောင်းချီးပေးနိုင်သည်။ အာဗြဟံသည် ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ဆောင်ပြီး ဖန်ဆင်းရှင်၏နမူနာအဖြစ်ပင် ထမ်းဆောင်ခဲ့သည်။ အာဗြဟံသည် သူ၏ယုံကြည်ခြင်းနှင့် သည်းခံခြင်းတို့အတွက် အခြားသာ၍ကြီးမြတ်သည့်ဆုလာဘ်ရှိနိုင်ဦးမည်လော။

ယေဟောဝါသည် စုံစမ်းခြင်းကို သည်းခံစွာခံရပ်သည့်ခရစ်ယာန်များအား “အလွန်သနားစုံမက်တော်မူသည်။” (ယာကုပ် ၅:၁၀၊ ၁၁) ထိုသူတို့သည် ကိုယ်တော့်အလိုတော်ကိုဆောင်သောကြောင့် ကြည်လင်သည့်သြတ္တပ္ပစိတ်ကို ခံစားကြရသည်။ သင့်ကိစ္စတွင်လည်း ယေဟောဝါကိုစောင့်ဆိုင်းပြီး သည်းခံမှုရှိစွာဖြင့် စုံစမ်းခြင်းများကိုခံရပ်လျှင် သင်၏ကြံ့ကြံ့ခံခြင်းသည် ယေဟောဝါ၏သဘောကျနှစ်သက်မှုနှင့် ကောင်းချီးတို့ကို ဖြစ်ထွန်းစေမည်။

သည်းခံခြင်းသည် ဘုရားသခင့်လူများ၏ ဘဝကဏ္ဍတိုင်းတွင် အကျိုးဖြစ်ထွန်းစေသည်။ ခရစ္စတီယန်နှင့်အဂ္ဂနက်စ်အမည်ရှိ ယေဟောဝါ၏ကျေးကျွန်နှစ်ဦးတို့သည် စေ့စပ်ကြောင်းလမ်းရန် ဆုံးဖြတ်ချက်ချသောအခါ ယင်းကိုတွေ့ရှိခဲ့ကြသည်။ အဂ္ဂနက်စ်အကြောင်းသိရန် အချိန်ယူရမည့် ခရစ္စတီယန်၏မိဘများကို လေးစားသောအားဖြင့် စေ့စပ်ကြောင်းလမ်းခြင်းကို သူတို့ရွှေ့ဆိုင်းထားကြသည်။ ဤအပြုအမူက မည်သည့်အကျိုးဖြစ်ထွန်းစေသနည်း။

“ကျွန်တော်တို့ရဲ့သည်းခံမှုဟာ ကျွန်တော့်မိဘတွေအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ နောက်ပိုင်းကျမှ ကျွန်တော်တို့သိလာရတယ်။ ကျွန်တော်တို့ရဲ့ သည်းခံစောင့်ဆိုင်းမှုဟာ ကျွန်တော်နဲ့ကျွန်တော့်ဇနီးတို့ကြား ဆက်ဆံရေးကို မပြတ်တောက်သွားစေခဲ့ပါဘူး။ အဲဒါက ကျွန်တော့်မိဘတွေနဲ့ ကျွန်တော်တို့ရဲဆက်ဆံရေးရဲ့ ပထမဆုံးအုတ်မြစ်ဖြစ်တယ်” ဟု ခရစ္စတီယန်က ရှင်းပြသည်။ မှန်ပါသည်၊ သည်းခံခြင်းသည် ကြွယ်ဝသည့်အကျိုးအမြတ်ကိုပေးသည်။

သည်းခံခြင်းသည် ငြိမ်သက်ခြင်းကိုလည်း တိုးပွားစေသည်။ သင့်မိသားစုနှင့်မိတ်ဆွေတို့က သူတို့၏အမှားအယွင်းတိုင်းကို သင်ပြဿနာမလုပ်သောကြောင့် သင့်အားကျေးဇူးတင်ကြပေမည်။ သူတစ်ပါးက အမှားပြုမိသည့်အခါ သင့်တည်ငြိမ်အေးဆေးခြင်းနှင့် နားလည်မှုရှိခြင်းတို့က စိတ်အနှောင့်အယှက်ဖြစ်စရာများကို တားဆီးပေးသည်။ တရုတ်စကားပုံတစ်ခုက ဤသို့ဆိုသည်– “ဒေါသထွက်ချိန်၌ သည်းခံခြင်းသည် ပြင်းထန်စွာပူပင်သောကရောက်ရမည့် ရက်ပေါင်းတစ်ရာမှ သင့်ကိုလွတ်မြောက်စေသည်။”

သည်းခံခြင်းသည် သင့်ဥပဓိရုပ်ကို မြှင့်တင်ပေးပြီး ရလဒ်အနေနှင့် အခြားအရည်အချင်းကောင်းများကို စွဲမြဲခိုင်ခံ့မှုဖြင့် အရောင်တင်ပေးမည်။ ယင်းက သင့်ယုံကြည်ခြင်းကို တည်တံ့မြဲမြံစေပြီး သင့်ငြိမ်သက်ခြင်းကို ကြာရှည်ခံစေကာ သင့်မေတ္တာကို မယိမ်းယိုင်နိုင်အောင်ဖြစ်စေမည်။ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းတို့ကို ကျင့်သုံးစဉ် သည်းခံခြင်းက သင့်အားရွှင်လန်းရန် အကူအညီဖြစ်စေမည်။ သည်းခံခြင်းကိုကျင့်သုံးခြင်းက စိတ်ရှည်ခြင်းနှင့် ကိုယ်ကိုကိုယ်ချုပ်တည်းခြင်းတို့ကို ပြုစုပျိုးထောင်ရန် လိုအပ်သည့်ခွန်အားကို တိုးပွားစေသည်။

ထို့ကြောင့် ယေဟောဝါ၏ကတိတော်များပြည့်စုံခြင်းကို သည်းခံစောင့်ဆိုင်းပါ။ သို့ပြုလျှင် ထူးမြတ်သည့်အနာဂတ်ကို သင်စိတ်ချနိုင်မည်။ သင်သည် အာဗြဟံကဲ့သို့ “ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရ” ပါစေ။—ဟေဗြဲ ၆:၁၂။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အာဗြဟံကဲ့သို့ သည်းခံခြင်းကိုတင်ပြနိုင်ရန် ယေဟောဝါနှင့်ရင်းနှီးသည့်ဆက်ဆံရေးက သင့်အားအကူအညီပေးမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ