ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁ စာ. ၃-၄
  • သမ္မာကျမ်းစာ—ယင်း၏တန်ဖိုးအစစ်အမှန်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာ—ယင်း၏တန်ဖိုးအစစ်အမှန်ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာရှိသမျှသည် သွန်သင်ခြင်းကျေးဇူးကိုပြုတတ်၏
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင်နှစ်သက်လက်ခံသည့် စစ်မှန်သောသွန်သင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သမ္မာကျမ်းစာ —ဘုရားသခင်ဆီကစာအုပ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁ စာ. ၃-၄

သမ္မာကျမ်းစာ—ယင်း၏တန်ဖိုးအစစ်အမှန်ကား အဘယ်နည်း

“သမ္မာကျမ်းစာဟာ တကယ်နက်နဲတဲ့စာအုပ်၊ သဘောပေါက်နားလည်နိုင်ဖို့ရည်ရွယ်ထားတဲ့စာအုပ်မဟုတ်ဘူး” ဟုအိမ်ရှင်တစ်ဦး ဆိုသည်။ အခြားတစ်ဦးက ဤသို့ရှုမှတ်သည်– “သမ္မာကျမ်းစာဟာ အရေးကြီးတဲ့စာအုပ်ဆိုတာလောက်ကိုပဲ သိတယ်။ သဘောပေါက်နားလည်ရ ခက်တယ်။”

“သမ္မာကျမ်းစာကို မသိနားမလည်သောခရစ်ယာန် များသည်” ဟု The Toronto Star သတင်းစာက ဆိုသည်။ ကက်သလစ်အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မမှာ သမ္မာကျမ်းစာရှိလို့ စိတ်ချမ်းသာတယ်။ အတွင်းစိတ် ငြိမ်သက်မှုရတယ်။” “သမ္မာကျမ်းစာဟာ မုန်တိုင်းထန်တဲ့ဘဝခရီးစဉ်မှာ လုံခြုံတဲ့နေရာကိုရောက်ဖို့ လမ်းညွှန်ပေးတဲ့ အိမ်မြှောင်နဲ့တူတယ်” ဟုတံငါသည်တစ်ဦးက ပြောသည်။ ဟိန္ဒူဘာသာဝင် ဖြစ်ခဲ့ဖူးသူတစ်ဦးက ဤသို့ဆိုသည်– “သမ္မာကျမ်းစာဟာ ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်တယ်။ လူတွေအတွက် ဘုရားပေး လက်ဆောင်၊ ဝိညာဏဝေဒနာတွေအတွက် ဆေးဝါးပဲ။”

သမ္မာကျမ်းစာ၏ တန်ဖိုးအစစ်အမှန်အပေါ် သဘောထားများ အမျိုးမျိုးအဖုံဖုံဖြစ်နေသည်။ သို့သော် ယင်း၏တန်ဖိုးအစစ်အမှန်က အဘယ်နည်း။

ရှိရှိသမျှစာအုပ်များတွင် သမ္မာကျမ်းစာသည် အရေးအကြီးဆုံးနှင့် ကျယ်ပြန့်စွာ ဖြန့်ဝေထားသောစာအုပ်ဖြစ်သည်။ လူသားကြုံတွေ့ခဲ့ရသည့် သို့မဟုတ် ကြုံတွေ့ရမည့် အရှုပ်ထွေးဆုံးပြဿနာများအတွက် ဖြေရှင်းချက်ကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်သည်။ ဤမျှလက်တွေ့ကျသော သမ္မာကျမ်းစာသြဝါဒမျိုး မရှိနိုင်ပါ။ ၎င်းထောက်ခံသော စာရိတ္တစံနှုန်းသည် ပြိုင်စံရှား၏။ ယင်း၏သတင်းတရားသည် တန်ခိုးပါ၍ အကျိုးပြုသည်။ မနှိုင်းယှဉ်နိုင်သောတန်ဖိုးရှိ ဤစာအုပ်ကို စာအုပ်စင်ပေါ်မှယူပြီး အသေးစိတ်စိစစ်လေ့လာသင့်ပါသည်။

သမ္မာကျမ်းစာသည် လုံးလုံးလျားလျားတိကျမှန်ကန်၊ စိတ်ချယုံကြည်နိုင်ဖွယ်ဖြစ်ပြီး ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်းကို သံသယကင်းစွာဖြင့် ဖွင့်ဖတ်နိုင်ပါသည်။ ၎င်းရှိ သမိုင်းဝင်အဖြစ်အပျက်များကို လောကသမိုင်းကပါ ထောက်ခံသည်။ သမ္မာကျမ်းစာသည် ဖြစ်ရပ်မှန်များကို တိကျမှန်ကန်စွာ တင်ပြထားကြောင်း ရှေးဟောင်းသုတေသန တွေ့ရှိချက်တို့က အကြိမ်ကြိမ်ထောက်ခံနေသည်။ ၄၀ ဝန်းကျင်ရှိ ကျမ်းရေးသူများ၏ ပွင့်လင်းမှုက သူတို့သည် ရိုးသားပြီး သမာဓိရှိသူများဖြစ်ကြောင်းကို သက်သေထူသည်။ သမ္မာကျမ်းစာ၏ ကလောင်ရှင်သည် လူသားမဟုတ်ကြောင်း ယင်း၏ အတွင်းသဘောညီညွတ်မှုက ဖော်ပြသည်။ ထိုတွင်ပါသော အဖြစ်အပျက်တို့သည် တကယ့်အဖြစ်အပျက်များဖြစ်သည်။ ၎င်းတွင် ဖော်ပြထားသူများသည် တကယ်အသက်ရှင်ခဲ့သူများဖြစ်သည်။ ကိုးကားထားသော နေရာဌာနများသည်လည်း တကယ်ရှိသည်။ ထို့ပြင် သမ္မာကျမ်းစာ၏ ကလောင်ရှင်သည် ယေဟောဝါဘုရားသခင်ဖြစ်တော်မူကြောင်းကို မလွဲမသွေထောက်ခံသည့် ထူးခြားထင်ရှားသောပရောဖက်ပြုချက်များလည်း ပါရှိသည်။—၂ ပေတရု ၁:၂၁။

မဟာသွန်သင်ရှင်က မိမိ၏အလိုတော်နှင့် ရည်ရွယ်တော်မူချက်များကို သိလိုသူများ သိကျွမ်းနိုင်ရန် စီစဉ်ထားတော်မူသည်။ အမှန်မှာ လူအပေါင်းတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာပြီး “သမ္မာတရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိစေခြင်းငှာ” ယေဟောဝါ အလိုရှိတော်မူကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားတော်မူသည်။ (၁ တိမောသေ ၂:၃၊ ၄၊ ကဘ; သု. ၁:၅၊ ၂၀-၃၃) ဤအမှုသည် ကျွန်ုပ်တို့အသက်တာဘဝတွင် လုပ်ကိုင်နိုင်သည့်အရေးအကြီးဆုံးအမှုတစ်ခုဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ကျွန်ုပ်တို့တာဝန်ရရှိထားသည်။ ယင်းကို ရှေးခရစ်ယာန်များ သဘောပေါက်နားလည်ခဲ့ကြသည်။ သူတို့ထဲမှတစ်ယောက်က ဤသို့ပြောဆိုရန် တိုက်တွန်းခံခဲ့ရ၏– “ငါဆုတောင်းသောအချက်ဟူမူကား၊ သင်တို့၏မေတ္တာသည် တိကျမှန်ကန်သောအသိပညာ၊ ပြည့်ဝသောထိုးထွင်းဉာဏ်ဖြင့် တိုး၍တိုး၍ပြည့်စုံလျက်၊ . . . သာ၍အရေးကြီးသောအရာများကို သင်တို့သေချာစွာသိနိုင်မည်အကြောင်းတည်း။”—ဖိလိပ္ပိ ၁:၉၊ ၁၀၊ ကဘ; ကောလောသဲ ၁:၉၊ ၁၀။

လူ့အိမ်ထောင်စုအား ဖန်ဆင်းရှင်၏ အလိုတော်နှင့် ရည်ရွယ်တော်မူချက်ကို သိရှိစေရန် ကိုယ်တော်၏အဓိကနည်းကား သမ္မာကျမ်းစာအားဖြင့်ဖြစ်သည်။ ထိုရည်ရွယ်ချက်တွင် ကျွန်ုပ်တို့တစ်ဦးစီသည် မည်သို့အံဝင်ခွင်ကျကြောင်းကို ယင်းကရှင်းပြထားသည်။ ထိုတွင် အတိတ်ကအဖြစ်အပျက်များကို မှတ်တမ်းတင်ထားရုံမက အနာဂတ်ကိုလည်း ပီပီပြင်ပြင်ဖော်ပြထားပါသည်။ သမ္မာကျမ်းစာသည် မှန်ကန်သောအယူဝါဒကို အကြမ်းဖျင်းဖော်ပြပေးပြီး ကျွန်ုပ်တို့ယုံသင့်၊ မယုံသင့်ရာများကို သဘောပေါက်နားလည်စေသည်။ (တမန်တော် ၁၇:၁၁; ၂ တိမောသေ ၃:၁၆၊ ၁၇) ကျွန်ုပ်တို့လိုက်လျှောက်ကျင့်သုံးသင့်သည့် စည်းကမ်းမူများကိုပေး၍ အောင်မြင်ပျော်ရွှင်သောလမ်းစဉ်၌ လူတို့အား လမ်းညွှန်ပေးသည်။ (မဿဲ အခန်းကြီး ၅ မှ ၇) လူသားအပေါင်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက်သည် ဘုရားသခင်၏နိုင်ငံတော်ဖြစ်ကြောင်း အလေးအနက်ဖော်ပြပြီး ကိုယ်တော်၏အုပ်ချုပ်မှုအားဖြင့် နာမတော်သည် သန့်ရှင်းမြင့်မြတ်ကြောင်း ထင်ရှားလာ၍ ပိုင်သအုပ်စိုးခွင့်ကိုလည်း သင်္ကာယနကင်းရှင်းစေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်ပေးပိုင်ရှင် ယေဟောဝါနှင့် ရင်းနှီးချစ်ခင်သောဆက်ဆံမှုရှိနိုင်ရန် လိုက်လျှောက်ရမည့်လမ်းစဉ်ကို သမ္မာကျမ်းစာ ရှင်းပြပါသည်။

ထို့ပြင် ပရဒိသုကမ္ဘာမြေကြီးပေါ်တွင် စုံလင်သူများအဖြစ် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်သော လူသားရရှိမည့် ဆုတကာတို့တွင် အကြီးမြတ်ဆုံးဆုကျေးဇူးကို သင့်အားရရှိစေနိုင်သော တစ်ခုတည်းသောစာအုပ်မှာ သမ္မာကျမ်းစာဖြစ်သည်။ (ရောမ ၆:၂၃) ယေဟောဝါ၏ တစ်ပါးတည်းသောသားတော်က ကျွန်ုပ်တို့အား ဤသို့မိန့်တော်မူသည်– “ထာဝရအသက်ဟူမူကား၊ တစ်ဆူတည်းသောဘုရားမှန်ဖြစ်သောကိုယ်တော်နှင့် စေလွှတ်တော်မူသောယေရှုခရစ်နှင့်ဆိုင်သောအသိပညာကို သူတို့ဆည်းပူးယူခြင်းတည်း။” (ယောဟန် ၁၇:၃၊ ကဘ) ထာဝရအသက်ဆုကျေးဇူးကိုရရှိနိုင်ရန် ကျွန်ုပ်တို့ပြုလုပ်ရမည့်အမှုကို သင်ယူဖို့ ဤမျှကြီးမားသောတန်ဖိုးရှိစာအုပ်သည် ကျွန်ုပ်တို့အား လှုံ့ဆော်တိုက်တွန်းပေးသင့်သည်။ သမ္မာကျမ်းစာသည် သဘောပေါက်နားလည်နိုင်ဖို့ရည်ရွယ်ထားသောစာအုပ်ဖြစ်ကြောင်း နောက်ဆက်တွဲဆောင်းပါးက ဖော်ပြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ