ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁၅ စာ. ၃-၄
  • သေလွန်သူကို ကြောက်ရွံ့စိတ် ပျံ့နှံ့နေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေလွန်သူကို ကြောက်ရွံ့စိတ် ပျံ့နှံ့နေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေလွန်သူကို ကြောက်ရွံ့သင့်သလော
    နိုးလော့!—၂၀၀၉
  • သေလွန်သူများကို သင် ကြောက်ရွံ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင်မနှစ်သက်သော ထုံးတမ်းများကို သတိပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လူသေရင် ဘာဖြစ်သွားသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁၅ စာ. ၃-၄

သေလွန်သူကို ကြောက်ရွံ့စိတ် ပျံ့နှံ့နေ

နေဝင်ပြီးသည်မှာ ကြာနေပြီ။ အိမ်ပြန်လိုသည့်အချိန်တွင် မပြန်နိုင်ဘဲ အနည်းငယ်နောက်ကျသွားသည်။ အရပ်သုသာန်ကို သင်ဖြတ်သန်းသွားရမည်ဖြစ်၍ နှလုံးအနည်းငယ်တုန်လာသည်။ မှောင်မိုက်သောည၏ ဆိတ်ငြိမ်မှုကြောင့် မဖြစ်စလောက်အသံဗလံများကိုပင် သင်ကြားနေရသည်။ ရုတ်တရက်၊ အဝေးမှ စူးရှထိတ်လန့်သံတစ်သံကို သင်ကြားလိုက်၏။ သင့်အိမ်ရိပ်၏ခိုလှုံမှုအောက် အမြန်ရောက်ရန် သုတ်ခြေတင်သွားစဉ် သင့်သွေးခုန်နှုန်းလည်း လျင်မြန်လာပေသည်။

သုသာန်တစ်ခုအတွင်း သို့မဟုတ် အနီးအနားတွင် ရောက်ရှိသည့်အခါ စိုးရိမ်တကြီး ဖြစ်ဖူးပါသလော။ ထိုသို့ဖြစ်ဖူးမည်ဆိုလျှင် လူသေတို့၏ ဝိညာဉ်သည် အသက်ရှင်သောသူတို့ကို ကူညီပေးနိုင်သည် သို့မဟုတ် ဒုက္ခပေးနိုင်သည်ဟူသော ကမ္ဘာတစ်ဝန်းတွင် လူအများ ယုံကြည်ကြသည့် အယူအဆ၏သြဇာလွှမ်းမိုးမှုကြောင့် ဖြစ်ပေမည်။

လူသေတို့သည် အသက်ရှင်သောသူတို့၏အကူအညီကို လိုအပ်သည်၊ သို့မဟုတ် သူတို့အား ချင်ရဲပြေအောင်မပြုလုပ်ပေးလျှင် အသက်ရှင်သောသူတို့ကို ဒုက္ခပေးနိုင်သည်ဟု ယူဆခြင်းကြောင့် အယူသီးသော ဓလေ့ထုံးစံအမျိုးမျိုး ဖြစ်ပေါ်လာခဲ့သည်။ ဥပမာ၊ လက်တင်အမေရိကန်နိုင်ငံအချို့တွင် မတော်တဆဖြစ်မှုတစ်ခုကြောင့် သေဆုံးခဲ့သောနေရာတွင် လက်ဝါးကပ်တိုင်ပါ အိမ်ငယ်ကလေးတစ်လုံးကို လူတို့ဆောက်လုပ်ထားတတ်ကြသည်။ လူသေ၏ဝိညာဉ်ကို ကူညီလို၍လည်းကောင်း၊ စိတ်ဝင်စားကြောင်း တင်ပြလို၍လည်းကောင်း ထိုအိမ်ငယ်တွင် ဖယောင်းတိုင်များ ထွန်းခြင်း၊ ပန်းထိုးထားခြင်းတို့ကို ပြုတတ်ကြသည်။ တစ်ခါတစ်ရံ “အံ့ဖွယ်နည်း” ဖြင့်ဆုတောင်းပြည့်သွားသည့်သတင်းများ ပျံ့လွင့်လာသဖြင့် အာနီမီတာခေါ် လူသေ၏ဝိညာဉ်တည်ရှိရာ ထိုအိမ်ငယ်ကလေးသို့ လူတို့အရောက်အပေါက်များလာတတ်သည်။ ထိုတွင် ကိစ္စတစ်ခုခုကို ဖြစ်မြောက်အောင်မြင်စေမည်၊ သို့မဟုတ် အံ့ဖွယ်နည်းဖြင့် ရောဂါကုသပေးမည် ဆိုလျှင် လူသေကို ကျေးဇူးဆပ်ပါမည်ဟု မန်ဒါ့စ် ခေါ်ကတိသစ္စာပြုချက်များကို ပြုလုပ်တတ်ကြသည်။ အခြားတစ်ဖက်တွင်မူ ညမှောင်မိုက်ချိန်တွင် လူသေ၏ဝိညာဉ်ထင်ရှားပြီး ခြောက်လှန့်တတ်သည်ဟူ၍လည်း ပြောဆိုတတ်ကြသည်။ ဤဝိညာဉ်များသည် ပီနန်ဒိုဖြစ်၍ ယခင်ကအဖြစ်အပျက်တစ်ခုခုကြောင့် အသက်ရှင်သောသူများကို နှောင့်ယှက်နေခြင်းဖြစ်သည်ဟု ဆိုကြပြန်သည်။

တိုင်းနိုင်ငံများစွာတွင် လူသေတို့၏ “ဝိညာဉ်များ” ကိုချင်ရဲပြေစေရန် အမျိုးမျိုးကြိုးစားအားထုတ်တတ်ကြသည်။ လူသေ၏ဝိညာဉ်သည် လာမနှောင့်ယှက်စေရန် အကြီးအကျယ်တည်ခင်းကျွေးမွေးကြသည်၊ ပူဇော်ပသကြသည်၊ မန္တန်သရဇ္စျာယ်ပြုတတ်ကြသည်။ ဝိညာဉ်ကို ဖျောင်းဖျနိုင်ခြင်းအားဖြင့် ကျန်ခဲ့သောသူများအတွက် ဆုကျေးဇူးများ၊ ကောင်းချီးများ ခံစားစေမည်ဟူ၍လည်း ယူမှတ်ကြသည်။

“မည်သည့်အမှုမျှ ‘သာမန် သို့မဟုတ် အလိုလို’ ဖြစ်သည်မဟုတ်ဟု လူအများ ယူမှတ်” ကြောင်း အာဖရိကမှ သတင်းတစ်ရပ်ကဆိုသည်။ “ဖျားနာခြင်း၊ ဘေးဒုက္ခကြုံခြင်း၊ ကလေးမမွေးနိုင်ခြင်း၊ စီးပွားရေး ကျပ်တည်းခြင်း၊ မိုးများခြင်း သို့မဟုတ် ခေါင်ခြင်း၊ မတော်တဆဖြစ်ခြင်း၊ မိသားစု စည်းလုံးမှုမရှိခြင်း၊ သေခြင်း အစရှိသည့်အဖြစ်အပျက်တို့သည် လူထက်တန်ခိုးကြီးသော မျက်မြင်မရဝိညာဉ်တို့ကြောင့် ဖြစ်ပျက်ရသည်။” အခြားသတင်းတစ်ခုက ဤသို့ဆိုသည်– “ဘိုးဘေးများ၏ ဝိညာဉ်တို့သည် ကောင်းကင်တွင်ရှိ၍ ကမ္ဘာပေါ် ကျန်ရစ်သူများကို အမြဲဂရုစိုက်ကြည့်ရှုနေသည်ဟု လူတို့ယူဆကြသည်။ လူသေကို ဆွေမျိုးတို့က ဂါရဝပြုခြင်း၊ သို့မဟုတ် ဥပေက္ခာပြုခြင်း အပေါ်မူတည်ပြီး သာမန်ထက်ထူးခြားသော တန်ခိုးရှိသည့် ဘိုးဘေးတို့သည် ၎င်းတို့ကိုအသုံးပြုပြီး ကမ္ဘာပေါ်ရှိ ဆွေမျိုးများကို ကောင်းချီးပေး၍ ကာကွယ်စောင့်ရှောက်နိုင်သည်၊ သို့မဟုတ် ဒဏ်ခတ်နိုင်သည်ဟု ယူဆကြသည်။”

သို့သော် ယင်းတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ညီညွတ်ပါသလော။ သင် မည်သို့ထင်သနည်း။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ချီလီနိုင်ငံရှိ “အာနီမီတာ” တစ်ခု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ