ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁ စာ. ၃-၄
  • လူ့ဒုက္ခဆင်းရဲ—တစ်နေ့အဆုံးတိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူ့ဒုက္ခဆင်းရဲ—တစ်နေ့အဆုံးတိုင်မည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင်းရဲဒုက္ခ
    နိုးလော့!—၂၀၁၅
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁ စာ. ၃-၄

လူ့ဒုက္ခဆင်းရဲ—တစ်နေ့အဆုံးတိုင်မည်လော

ကြိတ်ကြိတ်တိုးနေသည့် ဆာရာယေဗိုဈေးတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီးနောက် ထိတ်လန့်စရာမြင်ကွင်းများ; ရဝမ်ဒါတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ် ဝရုန်းသုန်းကားဖြစ်မှု; ဆိုမာလီတွင် အစာအတွက် အငမ်းမရတောင်းခံနေသော ငတ်ပြတ်နေသည့်ကလေးများ; လော့စ်အိန်ဂျလိစ်တွင် မြေငလျင်တစ်ခုလှုပ်ပြီးနောက်ပိုင်း ဆုံးရှုံးမှုများကို ရေတွက်နေသည့် နားဝေတိမ်တောင်ဖြစ်နေသော မိသားစုများ; ဘင်္ဂလားဒေ့ရှ် ရေလွှမ်းပျက်စီးမှု၏ အကူအညီမဲ့နေသော သားကောင်များ။ လူ့ဒုက္ခဆင်းရဲ၏ ဤကဲ့သို့သောမြင်ကွင်းများသည် တီဗွီပေါ်တွင် သို့မဟုတ် မဂ္ဂဇင်းများနှင့် သတင်းစာများတွင် နေ့စဉ်တွေ့နေရသည်။

လူ့ဒုက္ခဆင်းရဲ၏ဝမ်းနည်းဖွယ် ထိခိုက်မှုမှာ အချို့သောသူများအား ဘုရားသခင်၌ယုံကြည်ခြင်းကို ပျက်ပြားဆုံးရှုံးစေခြင်းဖြစ်သည်။ အမေရိကန်တွင်ရှိ ဂျူးရပ်ကွက်တစ်ခုက ပုံနှိပ်ထုတ်ဝေသည့် ဖော်ပြချက်တစ်ခုအရ “မကောင်းမှုတည်ရှိနေခြင်းက ယုံကြည်ခြင်းအတွက် အဆိုးရွားဆုံး ဆီးတားနှောင့်ယှက်မှုကို ဖြစ်ပေါ်စေပြီ” ဟုဆိုသည်။ စာရေးဆရာများက အော့ဇ်ဝစ်ကဲ့သို့သော နာဇီချွေးတပ်စခန်းများတွင် နှင့် ဟီရိုရှီးမားမြို့ပေါ်ပေါက်ကွဲခဲ့သည့် အလားတူဗုံးများကြောင့်သေခဲ့သူများကိုထောက်၍ ကိုးကားကြသည်။ “ဖြောင့်မတ်ပြီး အစွမ်းတန်ခိုးရှိသော ဘုရားတစ်ပါးသည် ဤမျှများစွာသော အပြစ်မဲ့သူများဖျက်ဆီးပစ်ခြင်းကို မည်သို့ခွင့်ပြုနိုင်ခဲ့သည်နှင့်ပတ်သက်သော မေးခွန်းက ဘာသာရေးကိုင်းရှိုင်းသူ၏ ဩတ္တပ္ပစိတ်ကို အနှောင့်အယှက်ပေးကာ အလွန့်အလွန်စိတ်ရှုပ်ထွေးစေသည်” ဟု စာရေးဆရာများက ဆိုကြသည်။

ဝမ်းနည်းစရာကား အတောမသတ်နိုင်သည့် ပူဆွေးဖွယ်သတင်းများက လူ့စိတ်အာရုံခံစားမှုများကို ထုံထိုင်းသွားစေခဲ့ပေမည်။ မိတ်ဆွေများနှင့် ဆွေမျိုးများပါဝင်ပတ်သက်မှုမရှိသေးသ၍ အခြားသူများ၏ဒုက္ခဆင်းရဲကြောင့် လှုံ့ဆော်ခံရခဲကြောင်း လူအများတွေ့ရှိကြသည်။

သို့သော် ကျွန်ုပ်တို့သည် အနည်းဆုံးမိမိချစ်မြတ်နိုးရသူများအတွက် ကြင်နာမှုခံစားနိုင်သည်ဟူသော အချက်က ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပြုလုပ်ဖန်တီးရှင်အကြောင်း တစ်ခုခုပြောပြသင့်သည်။ ကျမ်းစာက လူသည် “တစ်ညီတစ်သဏ္ဌာန်တည်း” နှင့် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရကြောင်း ဆိုထားသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ယင်းလူသားများသည် ဘုရားသခင်နှင့် ရုပ်အသွင်တွင်တူသည်ဟု မဆိုလိုပါ။ ဘုရားသခင်သည် “နာမ်ဝိညာဉ်ဖြစ်တော်မူ၏၊” “နာမ်ဝိညာဉ်၌ အသားနှင့် အရိုးများမရှိ” ကြောင်း ယေရှုရှင်းပြခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ (ယောဟန် ၄:၂၄; လုကာ ၂၄:၃၉၊ ကဘ) ဘုရားသခင်နှင့် တစ်ညီတစ်သဏ္ဌာန်တည်း ပြုလုပ်ခံထားရခြင်းက ဘုရားကဲ့သို့သောအရည်အသွေးများကို တင်ပြရန်အတွက် ကျွန်ုပ်တို့၏စွမ်းရည်ကို ရည်ညွှန်းသည်။

သို့ဖြစ်၍ ဒုက္ခခံရသူအတွက် ကြင်နာစာနာတတ်သည့် လူ့သဘောသဘာဝကြောင့် လူ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ကြင်နာစာနာတတ်ပြီး ဒုက္ခဆင်းရဲခံနေရသော မိမိ၏လူသတ္တဝါတို့အတွက် ရင်နင့်အောင်ခံစားရကြောင်း ကျွန်ုပ်တို့ကောက်ချက်ချရမည်။—လုကာ ၁၁:၁၃ နှိုင်းယှဉ်။

ဘုရားသခင်သည် မိမိ၏ကြင်နာမှုကိုပြသည့် နည်းတစ်နည်းမှာ ဒုက္ခဆင်းရဲဖြစ်ပေါ်စေသည့် အကြောင်းနှင့်ပတ်သက်၍ ရေးသားထားသောရှင်းလင်းချက်ကို လူသားများအား စီမံပေးခြင်းအားဖြင့် ဖြစ်သည်။ ယင်းကိုမိမိ၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် ကိုယ်တော်ပြုစုခဲ့ပြီ။ လူကို ဒုက္ခခံစားရန်မဟုတ်ဘဲ ဘဝကိုမွေ့ပျော်ရန် ဘုရားသခင်ဖန်ဆင်းခဲ့ကြောင်း ကျမ်းစာက ရှင်းလင်းစွာပြသည်။ (ကမ္ဘာဦး ၂:၇-၉) ပထမလူသားတို့သည် ဘုရားသခင့်တော်မှန်သော အုပ်စိုးမှုကို ငြင်းပယ်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို ဒုက္ခဆင်းရဲရောက်စေခဲ့ကြောင်း ယင်းကဖွင့်ပြသည်။—တရားဟောရာ ၃၂:၄၊ ၅; ရောမ ၅:၁၂။

သို့ဖြစ်လင့်ကစား ဘုရားသခင်သည် ဒုက္ခခံလူသားမျိုးနွယ်အတွက် ကြင်နာစာနာမှုထားတုန်းပင်ဖြစ်သည်။ လူ့ဒုက္ခဆင်းရဲကို အဆုံးတိုင်စေမည့် ကိုယ်တော့်ကတိတော်တွင် ယင်းကိုရှင်းလင်းစွာဖော်ပြထားသည်။ “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄; ဟေရှာယ ၂၅:၈; ၆၅:၁၇-၂၅; ရောမ ၈:၁၉-၂၁ လည်းရှု။

ဤအံဩဖွယ်ကောင်းသောကတိတော်များက ဘုရားသခင်သည် လူတို့၏ဒုက္ခဆင်းရဲကို သိမြင်ခံစားရကြောင်းနှင့် ယင်းကိုအဆုံးတိုင်စေရန် ကိုယ်တော် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း သက်သေထူသည်။ သို့သော် ကနဦးတွင် လူသား၏ဒုက္ခဆင်းရဲကို အမှန်စတင်သည်ကားဘာဖြစ်ပြီး ကျွန်ုပ်တို့အချိန်ထိ ဘုရားသခင်အဘယ်ကြောင့် ဆက်ခွင့်ပြုထားရပါသနည်း။

[Picture Credit Line on page 2]

Cover and page 32: Alexandra Boulat/​Sipa Press

[Picture Credit Line on page 3]

Kevin Frayer/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ