ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၃-၄
  • ကတိတော်ထားရာ သာ၍ကောင်းသောအသက်တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကတိတော်ထားရာ သာ၍ကောင်းသောအသက်တာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်အသက်တာမျိုးကို သင်ပို၍နှစ်သက်သနည်း
  • ဘုရားသခင့်မိတ်ဆွေများ ပရဒိသု၌ နေထိုင်ကြမည်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • မြေကြီးပရဒိသု
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • အာမဂေဒုန်အပြီး၊ ပရဒိသု မြေကြီးတစ်ခု
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကိုသင်ပိုင်ဆိုင်နိုင်သည်!
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၃-၄

ကတိတော်ထားရာ သာ၍ကောင်းသောအသက်တာ

အသက်တာကိုခက်ခဲစေသော ပြဿနာများမှ သင်လွတ်မြောက်လိုသလော။ ဤမဂ္ဂဇင်း၏ရှေ့နှင့်နောက်ကျောဖုံးတွင် ပုံဖော်ထားသည့် နောက်ခံရှုခင်းကဲ့သို့သော သာယာကြည်နူးဖွယ်ကောင်းသည့်အသက်တာမျိုးဖြင့် အသက်ရှင်ရမည့် ကမ္ဘာပေါ်တွင် သင်မနေချင်ပေလော။ ရုပ်ပုံကိုကောင်းစွာကြည့်ပါ။ လူတိုင်းတွင် စားသောက်ဖွယ်အလျှံပယ်ရှိသည်။ သူတို့သည် အမှန်ပင် ထိုချိုမြိန်သော အစားအစာကို နှစ်သက်ကြမည်။ လူတိုင်းပျော်ရွှင်နေကြသည်။ ကွဲပြားသည့်လူမျိုးများမှ လူများသည် တစ်ယောက်နှင့်တစ်ယောက်သင့်မြတ်စွာရှိနေကြသည်။ တိရစ္ဆာန်များပင် သင့်မြတ်စွာရှိနေကြသည်! ခိုက်ရန်ဖြစ်နေသူတစ်ဦးတစ်ယောက်မျှမရှိပါ။ ဆင်းရဲသူတစ်ဦးမျှမရှိပါ။ ဖျားနာသူတစ်ဦးမျှမရှိပါ။ ထိုတွင် နှစ်လိုဖွယ်အသိုင်းအဝိုင်းများ၊ လှပသည့်သစ်ပင်နှင့် သန့်ရှင်းကြည်လင်သည့်ရေတို့ရှိသည်။ အလွန်ခမ်းနားလှပသည့် နောက်ခံရှုခင်းပါတကား!

ဤကမ္ဘာကြီးသည် ထိုကဲ့သို့ဖြစ်ပါဦးမည်လော။ အမှန်ပင် ပရဒိသုတစ်ခုဖြစ်လာပါလိမ့်မည်။ (လုကာ ၂၃:၄၃) ကမ္ဘာကြီးကိုဖန်ဆင်းခဲ့သော ဘုရားသခင်သည် ပရဒိသုကမ္ဘာပေါ်တွင် လူသားများ သာ၍ကောင်းသောအသက်တာ၌ မွေ့လျော်ကြရန် ရည်ရွယ်ထားတော်မူသည်။ ထိုတွင် အသင်ရှိနိုင်ပါသည်!

အဘယ်အသက်တာမျိုးကို သင်ပို၍နှစ်သက်သနည်း

အနာဂတ်မြေကြီးပရဒိသုသည် ယခုကျွန်ုပ်တို့နေထိုင်နေသောကမ္ဘာနှင့် မည်သို့ကွာခြားမည်နည်း။ လောလောဆယ်၌ နေ့စဉ် သန်းပေါင်းတစ်ထောင်ကျော်သောလူတို့ အငတ်ဘေးကြုံနေကြရသည်။ သို့ရာတွင် ကမ္ဘာကြီးအတွက် ဘုရားသခင်ရည်ရွယ်ထားသော ပရဒိသုတွင် လူတိုင်းအတွက် အစားအသောက်အလျှံပယ်ရှိမည်။ သမ္မာကျမ်းစာက “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ . . . ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ . . . စီရင်တော်မူလိမ့်မည်” ဟု ကတိပြုထားသည်။ (ဟေရှာယ ၂၅:၆) အစားအစာပြတ်လပ်မှု ရှိလိမ့်မည်မဟုတ်၊ အကြောင်းမှာ သမ္မာကျမ်းစာက “ပြည်တော်၌များစွာသောစပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်” ဟု ပြောထားသောကြောင့်ဖြစ်သည်။—ဆာလံ ၇၂:၁၆။

ယနေ့အချိန်တွင် များစွာသောသူတို့သည် တဲကုပ်နှင့် ဆင်ခြေဖုံးရပ်ကွက်တို့တွင် နေထိုင်နေရကြသည်၊ သို့မဟုတ် ငှားရမ်းခအတွက် ငွေပေးချေရန် ရုန်းကန်လှုပ်ရှားနေရကြသည်။ အခြားသူများမူ အိမ်မရှိ၍ လမ်းပေါ်တွင် အိပ်ရကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏အလိုအရ ကမ္ဘာပေါ်ရှိကလေး သန်း ၁၀၀ ခန့်မျှသည် အိုးမဲ့အိမ်မဲ့များဖြစ်ကြသည်။ သို့သော် ရောက်လာတော့မည့်ပရဒိသုတွင် လူတိုင်း၌ ကိုယ်ပိုင်အိမ်ရှိကြမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၁။

များစွာသောသူတို့သည် သူတို့မကြိုက်သောအလုပ်များတွင် ပင်ပန်းစွာလုပ်နေရကြသည်။ မကြာခဏပင် သူတို့သည် ကြာမြင့်စွာပင်ပင်ပန်းပန်းလုပ်ရသော်လည်း အနည်းငယ်သာပြန်ရကြသည်။ ကမ္ဘာပေါ်တွင် လူ ၅ ယောက်တိုင်းတွင် ၁ ယောက်သည် တစ်နှစ်လျှင် ဒေါ်လာ ၅၀၀ အောက်တွင်ရှိသော ဝင်ငွေဖြင့် အသက်ရှင်နေရကြသည်။ သို့ရာတွင် လာမည့်ပရဒိသုတွင် လူများသည် သူတို့၏အလုပ်များ၌မွေ့လျော်ကြပြီး ယင်းမှအကျိုးရလဒ်ကောင်းများကို ရရှိကြမည်။ ဘုရားသခင်က “သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ” ဟု ကတိပေးတော်မူသည်။—ဟေရှာယ ၆၅:၂၂၊ ၂၃။

ယခုအချိန်၌ နေရာတိုင်းတွင် ဖျားနာမှုနှင့် ရောဂါဘယတို့ ဖြစ်နေကြသည်။ မျက်စိမမြင်သူအများရှိကြသည်။ အချို့ နားမကြားရ။ အခြားသူများမူ လမ်းမလျှောက်နိုင်။ သို့သော် ပရဒိသုတွင် လူတို့သည် ဖျားနာမှုနှင့် ရောဂါဘယတို့မှ ကင်းလွတ်ကြမည်။ ယေဟောဝါ ဤသို့မိန့်တော်မူသည်– “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ။” (ဟေရှာယ ၃၃:၂၄) ရှေးမဆွကပင် ဒုက္ခိတများဖြစ်ကြသောသူများအတွက် သာယာကြည်နူးဖွယ်ကောင်းသည့် ကတိတော်မှာ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်” ဟူ၍ ဖြစ်၏။—ဟေရှာယ ၃၅:၅၊ ၆။

ယနေ့ ဒုက္ခဆင်းရဲနှင့် နာကျင်မှု၊ ပူဆွေးသောကနှင့် သေခြင်းတို့ဖြစ်နေကြသည်။ သို့သော် ပရဒိသုကမ္ဘာပေါ်တွင် ဤအရာအားလုံးရှိလိမ့်မည်မဟုတ်! မှန်ပါသည်၊ သေခြင်းပင် ရှိတော့မည်မဟုတ်! သမ္မာကျမ်းစာ ဤသို့ဆိုသည်– “ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ . . . တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။

ထို့ကြောင့် ရှင်းနေသည်မှာ ယေဟောဝါကတိထားရာမြေကြီးပရဒိသုသည် လူသားများအတွက် သာ၍ကောင်းသောအသက်တာဖြစ်စေမည် ဟူ၍ဖြစ်သည်။ သို့သော် ယင်းအမှန်ပင်ရောက်လာမည်ကို ကျွန်ုပ်တို့မည်သို့သေချာနိုင်မည်နည်း။ မည်သည့်အချိန်တွင်လာ၍ မည်သို့လာမည်နည်း။ ထိုတွင်ရှိရန် သင်ဘာလုပ်ရမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ