နှစ်ပတ်လည်အစည်းအဝေး အောက်တိုဘာ ၅၊ ၁၉၉၆
ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာ အသင်းသားများ၏နှစ်ပတ်လည် အစည်းအဝေးကို ၁၉၉၆ အောက်တိုဘာ ၅ တွင် ၂၉၃၂၊ ကယ်နီဒီ ဘိုလီဗတ်၊ ဂျာစီစီးတီး၊ နယူးဂျာစီရှိ ယေဟောဝါသက်သေများ၏စည်းဝေးခန်းမ၌ ကျင်းပမည်။ အသင်းဝင်သူများအတွက်သာဖြစ်သည့် ပဏာမအစည်းအဝေးသည် နံနက် ၉:၁၅ အချိန်တွင် စတင်ပြီး နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို နံနက် ၁၀:၀၀ တွင်ဆက်လက်ကျင်းပါမည်။
ဤကော်ပိုရေးရှင်း၏အသင်းဝင်သူများသည် လွန်ခဲ့သောနှစ်အတွင်း မိမိတို့လိပ်စာအပြောင်းအလဲရှိပါက အတွင်းရေးမှူးရုံးသို့ အကြောင်းကြားစာများ ကြိုတင်ပို့ထားမှသာလျှင် ဇူလိုင်လအတွင်း ပုံမှန်နို့တစ်စာများနှင့် လွှဲစာများ ရောက်ရှိနိုင်ပါလိမ့်မည်။
နှစ်ပတ်လည်အစည်းအဝေးနို့တစ်နှင့်အတူ အသင်းဝင်သူများထံ ပူးတွဲပေးပို့မည့် လွှဲစာများကို အသင်းမ၏အတွင်းရေးမှူးရုံးသို့ ဩဂုတ် ၁ ရက်နေ့ထက်နောက်မကျဘဲ ပြန်ပို့ပေးရန်ဖြစ်သည်။ အသင်းဝင်သူတစ်ဦးစီသည် မိမိ၏လွှဲစာကို ဖြည့်စွက်ပြီး ချက်ချင်းပြန်ပို့ပေးသင့်သည်။ စည်းဝေးသို့ ကိုယ်တိုင်ရောက်မရောက် အကြောင်းကြားအပ်ပါသည်။ ဤအချက်ကို လွှဲစာတွင် အတိအကျဖော်ပြပေးရမည်။ ယင်းအပေါ်အမှီပြု၍ မည်သူတို့ကိုယ်တိုင်ရှိမည်၊ မရှိမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
စည်းမျဉ်းအရ လုပ်ငန်းဆိုင်ရာ စည်းဝေးနှင့် ပြန်တမ်းများအပါအဝင် စည်းဝေးအစီအစဉ်တစ်ခုလုံးသည် မွန်းလွဲ ၁:၀၀ အချိန်၊ သို့မဟုတ် ယင်းဝန်းကျင်တွင် ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ပါသည်။ မွန်းလွဲပိုင်းတွင် အခြားအစီအစဉ်ရှိမည်မဟုတ်ပါ။ နေရာထိုင်ခင်း အကန့်အသတ်ရှိသည့်အတွက် လက်မှတ်ဖြင့်သာ တက်ရောက်ခွင့်ရှိပါသည်။ အခြားခန်းမများသို့ တယ်လီဖုန်းဖြင့် နှစ်ပတ်လည်အစည်းအဝေးကို ဆက်သွယ်ပေးရန်အစီအစဉ်များ ပြုလုပ်မည်မဟုတ်ပါ။