ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၂/၁၅ စာ. ၃-၄
  • ခရစ်ဝင်ကျမ်းအပေါ် ပညာရှင်များ၏အဆို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ဝင်ကျမ်းအပေါ် ပညာရှင်များ၏အဆို
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုအပေါ် “ပညာရှင်ပီသသော” အမြင်
  • စာတွေ့သက်သက်မဟုတ်
  • ခရစ်ဝင်ကျမ်းများ—အငြင်းပွား ခံနေရဆဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေရှု အစစ်အမှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သတင်းကောင်းကျမ်းများသည် မည်မျှ စိတ်ချအားထားရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုအကြောင်း အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၂/၁၅ စာ. ၃-၄

ခရစ်ဝင်ကျမ်းအပေါ် ပညာရှင်များ၏အဆို

“လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်း။” (လုကာ ၉:၁၈) နှစ်ပေါင်းနှစ်ထောင်နီးပါးက ယေရှုသည် တပည့်တော်များကို ဤသို့မေးတော်မူခဲ့သည်။ ယင်းမေးခွန်းသည် ထိုစဉ်က အငြင်းပွားစရာဖြစ်ခဲ့သည်။ ယခုလည်း ယေရှုကိုအဓိကထားသည်ဟုဆိုကြသော အထူးသဖြင့်ခရစ္စမတ်ပွဲကျင်းပချိန်ပိုင်းတွင် ထိုသို့သာ၍ဖြစ်ပုံရှိသည်။ ယေရှုသည် လူသားကိုရွေးနုတ်ရန် ကောင်းကင်မှစေလွှတ်ခံရသည်ဟု လူအများယုံကြည်ကြသည်။ အသင်လည်း ဤသို့ယူမှတ်သလော။

ပညာရှင်အချို့က အခြားယူဆချက်တစ်ခုကို အဆိုပြုကြသည်။ ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုင်ရာပါမောက္ခ မားကပ်စ် ဂျေ. ဘောဂ်က “ယေရှုသည် လောကသားတို့၏အပြစ်အတွက် အသေခံရမည့် ဘုရားသခင်၏သားတော်မှာ မိမိဖြစ်သည်ဟု သွန်သင်တော်မူခဲ့သောအရှင်သခင်ဖြစ်ကြောင်း ခံယူထားကြခြင်းသည် သမိုင်းအရမမှန်ကန်ပါ” ဟုဆိုပါသည်။

အခြားပညာရှင်များကမူ တကယ့်ယေရှုသည် သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရှုရသောယေရှုနှင့် မတူဟုဆိုကြ၏။ အချို့ကျပြန်လျှင် ခရစ်ဝင်ကျမ်းအားလုံးတို့ကို ယေရှုကွယ်လွန်ပြီးနောက် နှစ်ပေါင်းလေးငါးဆယ်ကျော်ကြာမှရေးသားခဲ့ရာ ထိုအချိန်တိုင်လေသော် ကိုယ်တော့်အားအမွှမ်းတင်ထားကြပြီဖြစ်သည်ဟု ယုံကြည်ကြသည်။ ပြဿနာတက်စေသည်မှာ ခရစ်ဝင်ကျမ်းရေးသူများ၏မှတ်ဉာဏ်မဟုတ်ဘဲ သူတို့၏အနက်ဖွင့်ဆိုချက်ဖြစ်သည်ဟု ပညာရှင်များက အဆိုပြုကြပါသည်။ ယေရှုကွယ်လွန်ပြီးနောက် တပည့်တော်များက ကိုယ်တော်ကို ခြားနားစွာ—ဘုရားသခင်၏သားတော်၊ ကယ်တင်ရှင်၊ မေရှိယသခင်အဖြစ်—ယူမှတ်လာကြသည်။ အချို့က ယေရှုသည် ခြေဦးတည့်ရာ လျှောက်သွားတတ်သောပညာရှင်၊ လူမှုတော်လှန်ရေးသမားတစ်ဦးမျှဖြစ်သည်ဟု အခိုင်အမာအဆိုပြုကြ၏။ ယင်းသည်ကား အကြွင်းမဲ့စစ်မှန်သောသမ္မာတရားဖြစ်သည်ဟု ပညာရှင်များကဆိုကြသည်။

ယေရှုအပေါ် “ပညာရှင်ပီသသော” အမြင်

ဝေဖန်သူများသည် သူတို့၏ “ပညာရှင်ပီသသော” အမြင်ကိုခုခံကာကွယ်ရန် ယေရှုနှင့်ပတ်သက်၍ သဘာဝလွန်ဟန်ရှိသမျှကို ဖယ်ထုတ်ပစ်ဖို့စိတ်ထက်သန်ကြပုံရှိသည်။ ဥပမာ၊ အချို့က အပျိုစင်မီးဖွားခြင်းသည် ယေရှု၏တလင်းသားအဖြစ်ကို ဖုံးကွယ်ထားခြင်းသာဖြစ်သည်ဟုဆိုသည်။ အခြားသူများကမူ ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်ပတ်သက်သော ယေရှု၏ပရောဖက်ပြုချက်များသည် “ပြည့်စုံ” ပြီးနောက်မှသာ ယင်းတို့ကိုခရစ်ဝင်ကျမ်းထဲသို့ထည့်သွင်းရေးသားသည်ဟု အခိုင်အမာဆိုကာ ၎င်းတို့ကို ငြင်းပယ်ကြသည်။ အချို့သူများက ယေရှု၏ကုသမှုများသည် ကိုယ်စိတ်ဆက်စပ်မှု—စိတ်ကကိုယ်အပေါ် အကျိုးသက်ရောက်ခြင်း—သက်သက်ဖြစ်သည်ဟူ၍ပင်ဆိုသည်။ ဤအဆိုပြုချက်များသည် ခိုင်လုံသည် သို့မဟုတ် အဓိပ္ပာယ်မဲ့သည်ဟု သင်ယူမှတ်သလော။

ပညာရှင်အချို့က ယေရှု၏တပည့်တော်များသည် သူတို့၏လှုပ်ရှားမှု မရပ်ဆိုင်းသွားစေရန် ရှင်ပြန်ထမြောက်ခြင်းကို လုပ်ကြံဖန်တီးခဲ့သည် ဟူ၍ပင်ဆိုကြသည်။ အမှန်ဆိုလျှင် ယေရှု၏နောက်လိုက်များသည် ကိုယ်တော်မရှိလျှင် အစွမ်းအစကင်းမဲ့ကြမည်ဖြစ်သောကြောင့် သူတို့၏သခင်ကို ဇာတ်လမ်းထဲပြန်ရေးထည့်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပညာရှင်များကအကြောင်းပြကြသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ရှင်ပြန်ထမြောက်လာသည်ကား ခရစ်တော်မဟုတ် ခရစ်ယာန်ဘာသာတရားဖြစ်သည်ဟု သူတို့ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဆိုခြင်းသည် ပညာရှင်ဆန်ဆန် အပြင်းအထန်ဝေဖန်ခြင်းဖြစ်ပုံရှိမည်ဆိုလျှင် ယေရှုသည် လုံးဝအသတ်မခံရဟူသော ကျမ်းပညာရှင် ဘာဘရာသီးရင်း၏အဆိုပြုချက်ကို မည်သို့ဆိုမည်နည်း။ ယေရှုသည် နှက်တိုင်တင်ခံရပြီးနောက် မသေဘဲ အိမ်ထောင်နှစ်ဆက်ရှိ၍ ကလေးသုံးယောက်အဖေဖြစ်ခဲ့သည်ဟု သူမယုံကြည်သည်။

ဤအခိုင်အမာပြောဆိုချက်အားလုံးတို့သည် ယေရှုအား ပညာရှင်များစွာ လက်ခံနိုင်မည့်အဆင့်သို့ ဆွဲချလိုက်သည်– ကိုယ်တော်အား “လူများအတွက် ရွေးနုတ်ရာအဖြစ်နှင့် အသက်ကိုစွန့်ဖို့ရန်ကြွလာ” သောဘုရားသခင်၏သားတော်အဖြစ်မှလွဲ၍ အခြား—ပညာရှိ၊ ဂျူးအသိုင်းအဝိုင်းတွင်မဝင်ဆန့်သူ၊ လူမှုရေးပြုပြင်ပြောင်းလဲသူ—မည်သည့်အဆင့်မဆိုဖြစ်စေသည်။—မဿဲ ၂၀:၂၈၊ ကဘ။

နှစ်စဉ်ဤအချိန်ပိုင်းတွင် နွားစားခွက်ထဲယေရှုမွေးဖွားခဲ့ခြင်းအကြောင်းကို ခရစ်ဝင်ကျမ်းများမှ သင်ဖတ်ရှုခဲ့ဖူးမည်။ သို့မဟုတ် ယင်းအကြောင်းကို ချာ့ချ်တွင်ကြားဖူးခဲ့ပေမည်။ ခရစ်ဝင်ကျမ်းမှတ်တမ်းကို တန်ဖိုးရှိယုံနိုင်ဖွယ်ရာမှတ်တမ်းအဖြစ် သင်လက်ခံခဲ့သလော။ ထိုသို့ဆိုလျှင် ဤထိတ်လန့်ဖွယ်အခြေအနေကို သတိပြုပါ။ ပညာရှင်တစ်စုသည် ယေရှု၏စကားများ စစ်မှန်မမှန် ဆုံးဖြတ်ဝေဖန်ရန် ၁၉၈၅ ခုနှစ်ကတည်းက တစ်နှစ်လျှင်နှစ်ကြိမ် ယေရှုအကြောင်းနှီးနှောဖလှယ်ပွဲဟုခေါ်တွင်သော အစည်းအဝေးတစ်ခုကိုကျင်းပခဲ့ကြပြီ။ ယေရှုမြွက်ဆိုသည်ဟု သမ္မာကျမ်းစာက ယူမှတ်စေသောစကားများကို ကိုယ်တော်အမှန်ပင်မိန့်တော်မူခဲ့သလော။ နှီးနှောဖလှယ်ပွဲဝင်များသည် မိန့်ဆိုချက်တစ်ခုစီကို ရောင်စုံပုတီးစေ့များနှင့် မဲဆန္ဒပေးကြသည်။ ပုတီးစေ့အနီရောင်သည် ယေရှုမိန့်တော်မူသောစကား အမှန်ဖြစ်သည်ကိုဆိုလို၏; ပုတီးစေ့ပန်းရောင်ကား ယေရှုမိန့်တော်မူနိုင်ခြေရှိသည်ကိုဆိုလို၍ မီးခိုးရောင်ပုတီးစေ့ကား သင်္ကာမကင်းခြင်းကိုဆိုလိုပြီး ပုတီးစေ့အနက်ရောင်မှာမူ လိမ်လည်မှုဖြစ်ခြင်းကိုဆိုလိုပါသည်။

ယေရှုအကြောင်းနှီးနှောဖလှယ်ပွဲက ယေရှုမိန့်မြွက်တော်မူသည်ဟု ယူမှတ်ခဲ့သောစကား ၈၂ ရာခိုင်နှုန်းသည် ကိုယ်တော်မိန့်တော်မူသောစကား မဖြစ်တန်ရာဟု ကြေညာခဲ့ကြောင်းသိရ၍ သင်စိတ်အနှောင့်အယှက်ဖြစ်ချင်ဖြစ်မည်။ မာကုခရစ်ဝင်ကျမ်းမှကိုးကားချက်တစ်ခုကိုသာ စိတ်ချနိုင်သည်ဟုဆိုသည်။ လုကာခရစ်ဝင်ကျမ်းမူကား ဝါဒဖြန့်မှုများလွန်းသဖြင့် “မူရင်းပျောက်အစမပေါ်” သည့်တိုင်ဖြစ်သည်ဟုဆိုသည်။ ယောဟန်ခရစ်ဝင်ကျမ်းမှ စာကြောင်းသုံးကြောင်းမှတစ်ပါး အားလုံးသည် လိမ်လည်မှုကိုဆိုလိုသော ပုတီးအနက်ရောင်ဆန္ဒမဲပေးခံရပါသည်။ ကျန်အပိုင်းအနည်းငယ်ကို သင်္ကာမကင်းခြင်း မီးခိုးရောင်ပုတီးပေးပါသည်။

စာတွေ့သက်သက်မဟုတ်

ဤပညာရှင်များနှင့် အသင်သဘောတိုက်ဆိုင်ပါသလော။ သူတို့သည် ယေရှုအကြောင်းကို သမ္မာကျမ်းစာထက် ပိုမိုတိကျမှန်ကန်စွာ သရုပ်ဖော်ပြထားပါသလော။ ဤမေးခွန်းများသည် ပညာရှင်ဆန်ဆန် အချေအတင်ပြောဆိုကြရမည့်အကြောင်းမျှသာမဟုတ်ပါ။ ကျမ်းစာအရ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်းတင်ပြသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ” ယေရှုကို ဘုရားသခင်စေလွှတ်တော်မူခဲ့ကြောင်း နှစ်စဉ်ဤအချိန်ပိုင်းတွင် သင်သတိပေးခံရလိမ့်မည်။—ယောဟန် ၃:၁၆၊ ကဘ။

ယေရှုသည် ခြေဦးတည့်ရာ လျှောက်သွားလေ့ရှိသောပညာရှင်တစ်ဦးမျှဖြစ်ပြီး ကိုယ်တော့်အကြောင်း များများစားစားမသိထားရပါက ကိုယ်တော်အား “ယုံကြည်ကြောင်းတင်ပြ” ခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်ပါ။ တစ်ဖက်မှကြည့်ပြန်လျှင် ယေရှုအကြောင်း သမ္မာကျမ်းစာ၏တင်ပြချက်သည် မှန်ကန်မည်ဆိုလျှင် ကျွန်ုပ်တို့၏ထာဝရကယ်တင်ခြင်းနှင့်ပတ်သက်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သိရှိရန် လိုအပ်သည်ကား သမ္မာကျမ်းစာတွင် ယေရှုအကြောင်း အမှန်တရားပါရှိသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ