ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၂/၁၅ စာ. ၂၂-၂၄
  • အာကုလနှင့်ပြစ်ကိလ—စံပြမောင်နှံစုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာကုလနှင့်ပြစ်ကိလ—စံပြမောင်နှံစုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တဲရှင်ချုပ်သူများ
  • ဧည့်ဝတ်ပျူငှာခြင်း၏စံနမူနာ
  • ပေါလုအတွက် ‘မိမိတို့၏အသက်ကိုစွန့်’
  • ရင်းနှီးကျွမ်းဝင်သော မောင်နှံစုံ
  • တပည့်များဖြစ်စေရန် ဟောပြောလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “ဆက်သာ ဟောပါ။ လက်မလျှော့နဲ့”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ခရစ်ယာန်များ တစ်ဦးကိုတစ်ဦး လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၂/၁၅ စာ. ၂၂-၂၄

အာကုလနှင့်ပြစ်ကိလ—စံပြမောင်နှံစုံ

“ငနှင့်အတူ ယေရှုခရစ်၏အမှုတော်ကိုဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကိုနှုတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကိုချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။”—ရောမ ၁၆:၃၊ ၄။

ရောမရှိခရစ်ယာန်အသင်းတော်ထံရေးသော တမန်တော်ပေါလု၏ ထိုစကားစုများက ဤဇနီးမောင်နှံကို သူအလွန်လေးမြတ်၍ ရင်းနှီးကျွမ်းဝင်ကြောင်း တင်ပြသည်။ သူတို့၏အသင်းတော်သို့စာရေးသောအခါ သူတို့ကိုလျစ်လျူမရှုကြောင်း သူတင်ပြခဲ့လေသည်။ သို့သော် ပေါလုနှင့်အတူ “အမှုတော်ကိုဆောင်ရွက်သောသူ” ဖြစ်သည့် ထိုနှစ်ဦးကား မည်သူများနည်း၊ သူနှင့် အသင်းတော်အပေါင်းတို့က သူတို့အားအဘယ်ကြောင့် အလွန်ချစ်ခင်လေးမြတ်ကြသနည်း။—၂ တိမောသေ ၄:၁၉။

အာကုလသည် အရပ်ရပ်သို့ကွဲပြားရောက်ရှိနေသော (ကွဲလွင့်နေသော) ဂျူးတစ်ဦးဖြစ်၍ အာရှမိုင်းနားမြောက်ဘက်ရှိ ပုန္တုပြည်သားဖြစ်သည်။ သူနှင့်သူ့ဇနီးပြစ်ကိလ (ပြစ်က) သည်ရောမတွင် အခြေချနေထိုင်ခဲ့ကြသည်။ ဘီ.စီ.အီး. ၆၃ ခုနှစ်တွင် ယေရုရှလင်ကို ဗိုလ်ချုပ်ပေါင်ပေသိမ်းပိုက်ကာ သုံ့ပန်းမြောက်မြားစွာကို ရောမသို့ကျွန်အဖြစ်ခေါ်ဆောင်သွားပြီးကတည်းက ထိုမြို့တွင် အတော်အတန်ကြီးကျယ်သော ဂျူးအသိုင်းအဝိုင်းတစ်ခုရှိလာခဲ့သည်။ ထိုရှေးဟောင်းမြို့တွင် တရားဇရပ်များ တစ်ဒါဇင် သို့မဟုတ် ထိုထက်ပို၍တည်ရှိကြောင်း ရောမကမ္ပည်းစာများက အမှန်ပင်ဖော်ပြသည်။ စီ.အီး. ၃၃ ခုနှစ်တွင် ရောမမှဂျူးအချို့တို့သည် ယေရုရှလင်မြို့ရှိ ပင်တေကုတ္တေပွဲနေ့သို့ရောက်ရှိနေချိန်၌ သတင်းကောင်းကိုကြားခဲ့ကြသည်။ သူတို့အားဖြင့် ခရစ်ယာန်သတင်းတရားသည် ရောမအင်ပါယာ၏မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ဟန်ရှိသည်။—တမန်တော် ၂:၁၀။

သို့သော်လည်း စီ.အီး. ၄၉ ခုနှစ် သို့မဟုတ် ၅၀ ပြည့်နှစ်အစောပိုင်းတွင် ဧကရာဇ်ကလောဒိ၏အမိန့်အားဖြင့် ဂျူးများရောမမှမောင်းထုတ်ခံခဲ့ရသည်။ သို့ဖြစ်၍ တမန်တော်ပေါလုသည် အာကုလနှင့်ပြစ်ကိလကို ဂရိနိုင်ငံရှိကောရိန္သုမြို့တွင် ဆုံစည်းခဲ့သည်။ ကောရိန္သုမြို့သို့ပေါလုရောက်သောအခါ အာကုလနှင့်ပြစ်ကိလတို့သည် သူ့အားဧည့်ဝတ်ပျူငှာရုံသာမက တဲရှင်ချုပ်ခြင်းအလုပ်အကိုင်ကိုပါပေးခဲ့သည်။—တမန်တော် ၁၈:၂၊ ၃။

တဲရှင်ချုပ်သူများ

ဤကား လွယ်ကူသောလုပ်ငန်းမဟုတ်ပါ။ တဲရှင်ချုပ်ခြင်းဆိုရာတွင် မာကျောကြမ်းတမ်းသောပိတ်စ သို့မဟုတ် သားရေကိုညှပ်ခြင်းနှင့် အပိုင်းအစများကိုစုစည်း၍ချုပ်ခြင်းတို့ပါဝင်သည်။ သမိုင်းပညာရှင်ဖနန်းဒိုဘေအာက တဲရှင်ချုပ်သူများသည် “ခရီးထွက်စဉ် နေပူခြင်းနှင့်မိုးရွာခြင်းမှအကာအကွယ်ရဖို့ ယာယီနေထိုင်ရာအဖြစ်အသုံးပြုရန် သို့မဟုတ် သင်္ဘောဝမ်းမှကုန်ပစ္စည်းများကိုထုပ်ပိုးရန်အတွက် ကြမ်းတမ်း၍မာကျောသော အထည်အလိပ်များကို” ချုပ်ရသောကြောင့် ယင်းသည် “အထူးကျွမ်းကျင်ရန်နှင့် ဂရုစိုက်ရန်လိုအပ်သောလုပ်ငန်းတစ်ခုဖြစ်သည်” ဟုဆိုထားသည်။

ယင်းက မေးခွန်းတစ်ခု ပေါ်ပေါက်စေသည်။ ပေါလုသည် ‘ဂါမလျေလ ခြေရင်းတွင်သင်ကြားခံရသည်’ ဟုပြောခဲ့သည်မဟုတ်လော၊ သို့ဖြစ်၍ သူ့အတွက် ဂုဏ်ရှိသောအသက်မွေးဝမ်းကြောင်းလုပ်ငန်းရရှိရန် အခွင့်အလမ်းပေါ်စေသည်မဟုတ်လော။ (တမန်တော် ၂၂:၃၊ သမ) ယင်းသည်မှန်သော်လည်း လုလင်ပျိုတစ်ဦးသည် အဆင့်မြင့်ပညာရေးကိုသင်ယူရမည်ဖြစ်လင့်ကစား သူ့ကို လက်မှုပညာတစ်ခုခုသင်ပေးခြင်းသည် ဂုဏ်ယူစရာဖြစ်သည်ဟု ပထမရာစုရှိဂျူးများ ယူဆခဲ့ကြသည်။ ထို့ကြောင့် အာကုလနှင့်ပေါလုတို့သည် တဲရှင်ချုပ်ခြင်းအတတ်ကို ငယ်စဉ်ကပင် ဆည်းပူးခဲ့ကြဟန်တူသည်။ ယင်းသည် နောက်ပိုင်းတွင် အလွန်အသုံးဝင်ခဲ့သည်။ သို့သော် ယင်းသို့သောလောကီလုပ်ငန်းသည် ခရစ်ယာန်များအတွက် အဓိကဖြစ်သည်ဟုသူတို့မယူမှတ်ကြပါ။ ကောရိန္သုမြို့တွင် အာကုလ၊ ပြစ်ကိလတို့နှင့်အတူ ပေါလုလုပ်ဆောင်ခဲ့သောလုပ်ငန်းသည် ‘မည်သူ့အပေါ်တွင်မျှ ကြီးလေးသောဝန်မဖြစ်စေရန်’ မိမိ၏အဓိကဆောင်ရွက်မှုဖြစ်သည့် သတင်းကောင်းကြေညာခြင်းကို ထောက်ပံ့ဖို့သာဖြစ်ကြောင်း သူရှင်းပြခဲ့သည်။—၂ သက်သာလောနိတ် ၃:၈၊ သမ; ၁ ကောရိန္သု ၉:၁၈; ၂ ကောရိန္သု ၁၁:၇။

ပေါလု၏သာသနာပြုလုပ်ငန်း ချောမွေ့လွယ်ကူရေးအတွက် အာကုလနှင့်ပြစ်ကိလတို့သည် တတ်နိုင်သမျှကူညီပေးလိုကြကြောင်း ထင်ရှားသည်။ ထိုမိတ်ဆွေသုံးဦးတို့သည် အလုပ်လုပ်စဉ်အတွင်း ခေတ္တရပ်နားကာ ဖောက်သည်များ သို့မဟုတ် ဖြတ်သွားဖြတ်လာပြုသူများကို ကြိမ်ဖန်များစွာ အလွတ်သဘောသက်သေခံကြပေမည်! သူတို့၏တဲရှင်ချုပ်ခြင်းလုပ်ငန်းသည် နိမ့်ကျ၍မောပန်းဖွယ်ဖြစ်သော်လည်း ယင်းကိုသူတို့နှစ်သက်ကြကာ ဘုရားသခင်၏အမှုရေးရာများကို တိုးမြှင့်နိုင်ရန် ‘နေ့ရောညပါ’ အလုပ်လုပ်ကြသည်နည်းတူ ယနေ့လည်း ခရစ်ယာန်များစွာတို့သည် အချိန်ပိုင်း သို့မဟုတ် ရာသီလိုက်လုပ်ငန်း လုပ်ကိုင်ကာ ကျန်အချိန်များတွင် သတင်းကောင်းကို အခြားသူများကြားနာနိုင်ရန် ကူညီပေးရာ၌အသုံးပြုကြသည်။—၁ သက်သာလောနိတ် ၂:၉; မဿဲ ၂၄:၁၄; ၁ တိမောသေ ၆:၆။

ဧည့်ဝတ်ပျူငှာခြင်း၏စံနမူနာ

ကောရိန္သုမြို့တွင်နေခဲ့သည့် ၁၈ လအတွင်း ပေါလုသည် သူ၏သာသနာပြုလုပ်ငန်းများအတွက် အာကုလ၏အိမ်ကို အခြေစိုက်ရာနေရာအဖြစ်အသုံးပြုခဲ့ပေမည်။ (တမန်တော် ၁၈:၃၊ ၁၁) မာကေဒေါနိပြည်မှလာကြသောသိလ (သိလွာနု) နှင့်တိမောသေတို့ကို ဧည့်သည်အဖြစ်လက်ခံကြသောအခါ၌လည်း အာကုလနှင့်ပြစ်ကိလတို့သည် ပျော်ရွှင်ခဲ့ကြပေမည်။ (တမန်တော် ၁၈:၅) နောက်ပိုင်းတွင် သမ္မာကျမ်းစာ၏ကျမ်းစောင်များဖြစ်လာသော သက်သာလောနိတ်အသင်းတော်ထံရေးသည့် ပေါလု၏စာနှစ်စောင်သည် အာကုလနှင့်ပြစ်ကိလတို့နှင့်အတူနေထိုင်စဉ် ရေးသားခဲ့ခြင်းဖြစ်ပေမည်။

ထိုအချိန်၌ အာကုလနှင့်ပြစ်ကိလတို့အိမ်သည် သီအိုကရက်တစ်လုပ်ငန်း၏ ဗဟိုဌာနတစ်ခု အမှန်ပင်ဖြစ်ကြောင်း မြင်ယောင်နိုင်ပါသည်။ ချစ်မြတ်နိုးရသောမိတ်ဆွေများဖြစ်ကြသည့် အခါယပြည်တွင် ဦးဆုံးခရစ်ယာန်များဖြစ်လာသော ပေါလုကိုယ်တိုင်နှစ်ခြင်းပေးခဲ့သည့် သတေဖနာနှင့်သူ့မိသားစု၊ မိမိအိမ်တွင်ဟောပြောချက်များပေးရန် ပေါလုကိုအခွင့်ပေးသောယုတ္တု၊ မိမိအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ သမ္မာတရားကိုလက်ခံခဲ့သောတရားဇရပ်မှူးကရိပ္ပုတို့သည် မကြာခဏရောက်ကြပေမည်။ (တမန်တော် ၁၈:၇၊ ၈; ၁ ကောရိန္သု ၁:၁၆) ထို့အပြင် အခါယကုနှင့်ဖော်တုနတ်; သူ၏အိမ်တွင် အသင်းတော်အစည်းအဝေးများကျင်းပခဲ့ဖွယ်ရှိသောဂါယု; မြို့စာရေးဧရတ္တု; ပေါလုအတွက်ရောမစာစောင်ကို ရေးပေးခဲ့သောတေရတိ နှင့် ကောရိန္သုမှ ရောမသို့ထိုစာကိုယူသွားကောင်းယူသွားပေးမည့် ကင်ခြေမြို့အသင်းတော်မှ သစ္စာရှိသောညီအစ်မဖိဗေလည်းရှိသည်။—ရောမ ၁၆:၁၊ ၂၂၊ ၂၃; ၁ ကောရိန္သု ၁၆:၁၇။

မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များသည် နယ်လှည့်ကြီးကြပ်မှူးတို့ကို ဧည့်ဝတ်ပြုခွင့်ရရှိခြင်းမှ အားပေးမှုနှင့် အမှတ်တရမည်မျှဖြစ်ကြောင်းသိနိုင်သည်။ ယင်းအခြေအနေများနှင့်ဆက်နွှယ်၍ တည်ဆောက်မှုဖြစ်စေသောတွေ့ကြုံမှုများက အားလုံးအတွက် အမှန်ပင် ဝိညာဏလန်းဆန်းမှု၏ အရင်းအမြစ်ဖြစ်နိုင်သည်။ (ရောမ ၁:၁၁၊ ၁၂) အာကုလနှင့်ပြစ်ကိလပြုသကဲ့သို့ပင် မိမိတို့၏နေအိမ်များကို အသင်းတော်စာအုပ်ကြီးသင်တန်းဖြစ်ကောင်းဖြစ်မည့် အစည်းအဝေးများအတွက် အသုံးပြုခွင့်ပေးသူများသည် ဤနည်းဖြင့်စစ်မှန်သောဝတ်ပြုမှု တိုးတက်စေရန် ပါဝင်နိုင်ခြင်းမှ ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှုကိုရရှိကြသည်။

အာကုလနှင့်ပြစ်ကိလတို့သည် ပေါလုနှင့် အလွန်ခင်မင်ရင်းနှီးသောကြောင့် စီ.အီး. ၅၂ ခုနှစ်နွေဦးတွင် ကောရိန္သုမြို့မှသူထွက်ခွာလာသောအခါ ဧဖက်မြို့အထိလိုက်ပါခဲ့ကြသည်။ (တမန်တော် ၁၈:၁၈-၂၁) သူတို့သည် ထိုမြို့တွင်နေထိုင်ကာ တမန်တော်၏နောက်တစ်ခေါက်လည်ပတ်မှုအတွက် အခြေခံအုတ်မြစ်ချထားပေးကြသည်။ အရည်အချင်းပြည့်သော ထိုသတင်းကောင်းသွန်သင်သူတို့သည် ဤနေရာ၌ ယုဒလူအာပေါလုကို “အိမ်သို့ခေါ်ဖိတ်၍” “ထာဝရဘုရား၏လမ်းစဉ်အကြောင်းကို ပိုမိုတိကျစွာ” ရှင်းလင်းပေးကြရာ ပျော်ရွှင်မှုရရှိခဲ့ကြသည်။ (တမန်တော် ၁၈:၂၄-၂၆၊ သတင်းကောင်း) စီ.အီး. ၅၂/၅၃ ခုနှစ်ဆောင်းဥတုဝန်းကျင်လောက်တွင် ပေါလု၏တတိယအကြိမ်သာသနာပြုခရီးစဉ်အတွင်း ဧဖက်မြို့သို့ပြန်လည်ပတ်သောအခါ အားတက်သရောရှိသည့်ဤမောင်နှံစုံ ပျိုးထောင်ခဲ့သောလယ်ကွင်းသည် ရိတ်သိမ်းရန်အဆင်သင့်ရှိနေပြီဖြစ်သည်။ ထိုနေရာတွင် ပေါလုသည် “လမ်းစဉ်တော်” အကြောင်းကို သုံးနှစ်ခန့် ဟောပြောသင်ကြား၍ ဧဖက်အသင်းတော်အစည်းအဝေးများကို အာကုလ၏အိမ်တွင်ကျင်းပခဲ့ကြသည်။—တမန်တော် ၁၉:၁-၂၀၊ ၂၆၊ သတင်းကောင်း; ၂၀:၃၁; ၁ ကောရိန္သု ၁၆:၈၊ ၁၉။

နောက်ပိုင်းတွင် ရောမသို့သူတို့ပြန်လာကြသောအခါ ပေါလု၏ထိုမိတ်ဆွေနှစ်ဦးတို့သည် “ဧည့်သည်ဝတ်ကိုကြိုးစား၍ပြုကြ” ကာ မိမိတို့၏အိမ်ကို ခရစ်ယာန်အစည်းအဝေးများအတွက် အသုံးပြုကြသည်။—ရောမ ၁၂:၁၃; ၁၆:၃-၅။

ပေါလုအတွက် ‘မိမိတို့၏အသက်ကိုစွန့်’

ပေါလုသည် ဧဖက်မြို့တွင်ရှိစဉ် အာကုလနှင့်ပြစ်ကိလတို့၏အိမ်၌ တည်းခိုခဲ့ပေမည်။ ငွေပန်းထိမ်သမားများအုတ်အုတ်သဲသဲပြုချိန်တွင် သူသည်သူတို့နှင့်အတူရှိနေခဲ့သလော။ တမန်တော် ၁၉:၂၃-၃၁ တွင်ဖော်ပြထားသောမှတ်တမ်းအရ ရုပ်တုများပြုလုပ်သည့်လက်မှုပညာသည်များ သတင်းကောင်းကိုဆန့်ကျင်တော်လှန်ချိန်တွင် ပေါလုသည်မိမိအသက်ကိုစွန့်ကာ လူအုပ်ရှေ့သို့ထွက်မည်ကို ညီအစ်ကိုများကတားမြစ်ခဲ့ကြသည်။ ယင်းသည် ‘အသက်ရှင်နိုင်ရန် မျှော်လင့်ချက်မရှိ’ ဟုပေါလုယူမှတ်ခဲ့ကာ အာကုလနှင့်ပြစ်ကိလတို့က သူအတွက် ‘သူတို့၏အသက်ကိုရင်း’ ၍တစ်နည်းနည်းဖြင့်ကြားဝင်ခဲ့ရသော ဤအန္တရာယ်ရှိသည့်အခြေအနေမျိုးတွင်ဖြစ်ရမည်ဟု ကျမ်းစာဋီကာဆရာအချို့က တွေးတောယူဆခဲ့ကြသည်။—၂ ကောရိန္သု ၁:၈; ရောမ ၁၆:၃၊ ၄။

“ထိုရုန်းရင်းခတ်သောအမှုငြိမ်းသောအခါ” ပေါလုသည်ပညာရှိစွာဖြင့် ထိုမြို့မှထွက်ခွာခဲ့သည်။ (တမန်တော် ၂၀:၁) အာကုလနှင့်ပြစ်ကိလတို့သည် အတိုက်အခံပြုခြင်းနှင့်ကဲ့ရဲ့သရော်ခြင်းကို ရင်ဆိုင်ခဲ့ရမည်မှာ သံသယရှိစရာမလိုပေ။ ယင်းသည် သူတို့အားစိတ်ဓာတ်ကျဆင်းစေသလော။ ဝေးလေစွ၊ အာကုလနှင့်ပြစ်ကိလတို့သည် ရဲရင့်စွာဖြင့် သူတို့၏ခရစ်ယာန်ကြိုးပမ်းမှုများတွင် ဆက်လက်ရပ်တည်ခဲ့ကြသည်။

ရင်းနှီးကျွမ်းဝင်သော မောင်နှံစုံ

ကလောဒိအုပ်ချုပ်မှုပြီးဆုံးသည်နောက် အာကုလနှင့်ပြစ်ကိလတို့သည် ရောမသို့ပြန်ခဲ့ကြသည်။ (ရောမ ၁၆:၃-၁၅) သို့သော်လည်း သူတို့အကြောင်းကိုကျမ်းစာတွင်နောက်ဆုံးဖော်ပြချက်မှာ ဧဖက်မြို့သို့သူတို့ပြန်ရောက်နေချိန်ဖြစ်သည်။ (၂ တိမောသေ ၄:၁၉) ဤတွင်လည်း အခြားသောရည်ညွှန်းကျမ်းချက်အားလုံးနည်းတူ ဤဇနီးမောင်နှံကို အတူတကွဖော်ပြထားသည်။ အလွန်ရင်းနှီးမှုနှင့် စည်းလုံးမှုရှိသောမောင်နှံစုံပါတကား! ပေါလုသည် ဤမျှနှစ်သက်ဖွယ်ကောင်းလှသော ညီအစ်ကိုအာကုလအကြောင်းစဉ်းစားမိတိုင်း သစ္စာရှိစွာပူးပေါင်းဆောင်ရွက်ခဲ့သည့် သူ၏ဇနီးကိုလည်း သတိမရဘဲနေမည်မဟုတ်ပေ။ ခင်မင်ရင်းနှီးမှုရှိသော ကြင်ဖက်တစ်ဦး၏သစ္စာရှိစွာထောက်ပံ့မှုက လူတစ်ဦးကို “သခင်ဘုရား၏အမှုတော်ကို” များစွာဆောင်ရွက်နိုင်စေကာ တစ်ခါတစ်ရံ တစ်ကိုယ်ရေသမားများထက်ပင် သာ၍လုပ်ဆောင်စေနိုင်သောကြောင့် ယနေ့ ခရစ်ယာန်ဇနီးမောင်နှံများအတွက် ပုံသက်သေကောင်းတစ်ခုဖြစ်ပေသည်။—၁ ကောရိန္သု ၁၅:၅၈။

အာကုလနှင့် ပြစ်ကိလတို့သည် အသင်းတော်များစွာတို့တွင် အမှုဆောင်ခဲ့ကြသည်။ သူတို့ကဲ့သို့ပင် ဇွဲရှိသော မျက်မှောက်ခေတ် ခရစ်ယာန်များစွာတို့သည် သာ၍လိုအပ်သောနေရာများသို့ပြောင်းရွှေ့ကာ မိမိတို့ကိုယ်ကိုအသုံးခံရန်အသင့်ရှိကြသည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်အမှုရေးရာများ တိုးတက်ခြင်းကိုမြင်တွေ့ရခြင်းနှင့် ရင်းနှီးကောင်းမွန်သောခရစ်ယာန်မိတ်သဟာယများကို ပျိုးထောင်နိုင်ခြင်းတို့ကြောင့် ရွှင်လန်းမှုနှင့် ကျေနပ်အားရမှုကိုခံစားရကြသည်။

ခရစ်ယာန်မေတ္တာနှင့်ပတ်သက်၍ သူတို့၏ အလွန်ကောင်းသောပုံနမူနာကြောင့် အာကုလနှင့်ပြစ်ကိလတို့သည် ပေါလုနှင့် အခြားသူများ၏ တန်ဖိုးထားလေးမြတ်ခြင်းကိုခံခဲ့ကြရသည်။ သို့သော် ထိုထက်အရေးကြီးသည်ကား သူတို့သည် ယေဟောဝါကိုယ်တော်တိုင်ရှေ့တွင် နာမည်ကောင်းရရှိခဲ့ကြခြင်းဖြစ်သည်။ သမ္မာကျမ်းစာက “သင်တို့သည် သန့်ရှင်းသောသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူသည်မဟုတ်” ဟူ၍အာမခံထားသည်။—ဟေဗြဲ ၆:၁၀။

အာကုလနှင့်ပြစ်ကိလတို့ ပြုလုပ်ခဲ့သောနည်းများအတိုင်း မိမိတို့ကိုယ်ကိုအသုံးပြုရန် ကျွန်ုပ်တို့အခွင့်အရေးမရရှိစေကာမူ ကျွန်ုပ်တို့သည် သူတို့၏အလွန်ကောင်းသောပုံသက်သေကို အမှန်ပင် အတုယူနိုင်ကြသည်။ “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည်အားရနှစ်သက်တော်မူ၏” ဟုဆိုထားသည်အတိုင်း ကျွန်ုပ်တို့၏စွမ်းအင်နှင့် အသက်တာကို မြင့်မြတ်သောလုပ်ငန်းတော်၌ မြှုပ်နှံထားခြင်းမှ အလွန်အားရကျေနပ်မှုရရှိကြမည်ဖြစ်သည်။—ဟေဗြဲ ၁၃:၁၅၊ ၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ