ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၄/၁၅ စာ. ၈-၁၂
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထမမြောက်သော လူ့ကြိုးပမ်းမှုများ
  • အကြောင်းရင်းကို သိရှိလာခြင်း
  • ငြိမ်သက်ခြင်းသို့သွားရာလမ်း
  • “ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မြဲမြံသောငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ငြိမ်သက်ခြင်း—ဘယ်လိုရနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၄/၁၅ စာ. ၈-၁၂

စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း

“[ယေဟောဝါသည်] မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၉။

၁။ ဟေရှာယ၏ပရောဖက်ပြုချက်တွင် ငြိမ်သက်ခြင်းနှင့်ပတ်သက်၍ အဘယ်အံ့သြဖွယ် ကတိတော်ကိုတွေ့ရသနည်း။

“ဖြောင့်မတ်ခြင်းတရားသည်လည်း ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား ထာဝရငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။ ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၇၊ ၁၈) အလွန်နှစ်လိုဖွယ်ကောင်းသော ကတိတော်ပါတကား! ယင်းသည် ဘုရားသခင်ဖြစ်စေတော်မူမည့် စစ်မှန်သော ငြိမ်သက်ခြင်းဆိုင်ရာ ကတိတော်ဖြစ်ပေသည်။

၂၊ ၃။ စစ်မှန်သော ငြိမ်သက်ခြင်းအကြောင်းကိုဖော်ပြပါ။

၂ သို့သော် စစ်မှန်သောငြိမ်သက်ခြင်းကား အဘယ်နည်း။ စစ်မရှိရုံလော။ သို့မဟုတ် နောက်ထပ်ဖြစ်မည့် စစ်အတွက် တိုင်းနိုင်ငံများ ပြင်ဆင်နေသည့်ကာလမျှ ဖြစ်သလော။ စစ်မှန်သောငြိမ်သက်ခြင်းသည် အိပ်မက်မျှသာလော။ ၎င်းတို့သည် စိတ်ချရသောအဖြေများ လိုအပ်နေသည့် မေးခွန်းများဖြစ်သည်။ ဦးဆုံး စစ်မှန်သောငြိမ်သက်ခြင်းသည် အိပ်မက်ထက် မကပါ။ ဘုရားသခင်ကတိထားရာ ငြိမ်သက်ခြင်းသည် ဤလောကမျှော်မှန်းသည်ထက် သာလွန်ပေသည်။ (ဟေရှာယ ၆၄:၄) နှစ်အနည်းငယ်၊ ဆယ်စုနှစ်အနည်းငယ်မျှသာကြာသော ငြိမ်သက်ခြင်းမျိုးမဟုတ်ပါ။ ထာဝစဉ်တည်တံ့သော ငြိမ်သက်ခြင်းဖြစ်ပါသည်။ ယင်းငြိမ်သက်ခြင်းသည် အခွင့်ထူးခံ လူနည်းစုအတွက်သာမဟုတ်၊ ကောင်းကင်မြေကြီး၊ ကောင်းကင်တမန်များနှင့် လူသားအားလုံးအတွက်ဖြစ်ပေသည်။ တိုင်းနိုင်ငံများ၊ လူမျိုးစုများ၊ ဘာသာစကားများနှင့် အသားအရောင်အမျိုးမျိုးရှိ လူမျိုးအားလုံး အကျုံးဝင်သည်။ ယင်းအတွက် နယ်နိမိတ်များမရှိ၊ အဟန့်အတားများမရှိ၊ မအောင်မြင်မှုများလည်း မရှိပေ။—ဆာလံ ၇၂:၇၊ ၈; ဟေရှာယ ၄၈:၁၈။

၃ စစ်မှန်သောငြိမ်သက်ခြင်းသည် နေ့စဉ်နေ့တိုင်း ငြိမ်သက်ခြင်းဖြစ်သည်။ နံနက်အိပ်ရာနိုးတိုင်း စစ်ရေးအတွက် ပူပင်စရာမလို၊ သင့်နောင်ရေး၊ သားသမီးများ၏နောင်ရေးမက မြေးမြစ်တို့၏နောင်ရေးအတွက်ပင် စိုးရိမ်စရာမလိုခြင်းကိုဆိုလိုသည်။ အပြည့်အဝစိတ်ငြိမ်သက်ခြင်းကို ဆိုလိုပါသည်။ (ကောလောသဲ ၃:၁၅) ယင်းသည် ရာဇဝတ်မှုမရှိ၊ အကြမ်းဖက်မှုမရှိ၊ အိမ်ထောင်ပြိုကွဲသော မိသားစုများမရှိ၊ အိုးမဲ့အိမ်မဲ့များမရှိ၊ ငတ်ပြတ်သူ၊ အအေးဒဏ်ကြောင့်သေဆုံးသူများ မရှိတော့သည့်အပြင်၊ စိတ်ဓာတ်ကျခြင်းနှင့် မချင့်မရဲဖြစ်ခြင်းတို့လည်း ရှိတော့မည်မဟုတ်ဟုဆိုလို၏။ ထိုထက်ကောင်းသည်ကား ဘုရားသခင့်ငြိမ်သက်ခြင်းသည် ဖျားနာခြင်း၊ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် သေခြင်းကင်းသော ကမ္ဘာကိုဆိုလိုသည်။ (ဗျာဒိတ် ၂၁:၄) စစ်မှန်သောငြိမ်သက်ခြင်း၌ ထာဝစဉ်ပျော်မွေ့ရမည့် ခမ်းနားထည်ဝါလှသော မျှော်လင့်ချက်ပါတကား! ကျွန်ုပ်တို့အားလုံး လိုချင်တမ်းတသော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းမျိုးပင် မဟုတ်ပေလော။ ယင်းသို့သောငြိမ်သက်ခြင်းမျိုး ရရှိဖို့အတွက် ကျွန်ုပ်တို့ဆုတောင်းပြီး ကြိုးစားသင့်သည် မဟုတ်ပေလော။

အထမမြောက်သော လူ့ကြိုးပမ်းမှုများ

၄။ တိုင်းနိုင်ငံများသည် ငြိမ်သက်ခြင်းအတွက် မည်သို့ကြိုးပမ်းခဲ့ကြပြီနည်း။ အဘယ်ရလဒ်များ ဖြစ်ပေါ်သနည်း။

၄ ရာစုနှစ်ပေါင်းများစွာအတွင်း လူများနှင့် တိုင်းနိုင်ငံများသည် ငြိမ်းချမ်းရေးအကြောင်းပြောဆိုဆွေးနွေးခဲ့ကြ၊ ငြိမ်းချမ်းရေးအတွက်နှင့် အငြင်းပွားခဲ့ကြ၊ ငြိမ်းချမ်းရေးစာချုပ် ရာချီပြီး ချုပ်ဆိုခဲ့ကြပြီ။ ရလဒ်ကား အဘယ်နည်း။ လွန်ခဲ့သော နှစ်ပေါင်း ၈၀ အတွင်း နိုင်ငံအချို့ သို့မဟုတ် လူစုအချို့ စစ်မဖြစ်ဘဲနေသည့်ကာလဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် လူသားတို့ထံမှ တိမ်းရှောင်လျက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းကြောင့် မေးစရာမှာ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် လူ့ကြိုးပမ်းမှုမှန်သမျှ အဘယ်ကြောင့် မအောင်မြင်ရသနည်း၊ လူသားသည် တည်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးကို အဘယ်ကြောင့် မဆောင်ကြဉ်းပေးနိုင်သနည်းဟူ၍ဖြစ်သည်။

၅။ ငြိမ်သက်ခြင်းအတွက် လူ့ကြိုးပမ်းမှုများသည် အဘယ်ကြောင့် အစဉ်မအောင်မမြင်ဖြစ်ရသနည်း။

၅ ရိုးရိုးရှင်းရှင်းအဖြေမှာ စစ်မှန်သောငြိမ်သက်ခြင်း၏ဇာစ်မြစ်အစစ်ကို လူသားများ အားမထားခြင်းပင်ဖြစ်သည်။ စာတန်မာရ်နတ်၏ဩဇာအောက်တွင် လူတို့သည် သူတို့၏လောဘရမ္မက်နှင့် ရည်မှန်းချက် . . . အာဏာနှင့် ထင်ပေါ်ကျော်ကြားမှုကိုတပ်မက်ခြင်း တည်းဟူသော သူတို့ကိုယ်တိုင်၏အားနည်းချက်များနှင့် ဒုစရိုက်များ၏သားကောင်ဖြစ်ရရှာသည့် အဖွဲ့အစည်းများကို တည်ထောင်ခဲ့ကြပြီ။

၆၊ ၇။ (က) နိုင်ငံပေါင်းချုပ်အသင်းသည် မိမိအတွက် အဘယ်မှတ်တမ်းတင်ခဲ့သနည်း။ (ခ) ယူအဲန်၏မှတ်တမ်း မည်သို့ရှိသနည်း။

၆ ၁၉၁၉ ခုနှစ်က လူမျိုးအပေါင်းတို့သည် တည်မြဲသောငြိမ်းချမ်းရေးရရှိရန် နိုင်ငံပေါင်းချုပ်အသင်းကို အားကိုးအားထားခဲ့ကြသည်။ ထိုမျှော်လင့်ချက်သည် ၁၉၃၅ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံကို မူဆိုလီနီ ဝင်ရောက်ကျူးကျော်ခြင်း၊ ၁၉၃၆ ခုနှစ်တွင် စပိန်နိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ပွားခြင်းကြောင့် ပျက်ပြားသွားလေသည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်သည့်အခါ နိုင်ငံပေါင်းချုပ်အသင်းလည်း ပျောက်ကွယ်သွားလေသည်။ အမည်ခံငြိမ်းချမ်းရေးသည် အနှစ် ၂၀ ပင်မခံလိုက်ပါ။

၇ ယူအဲန်ကော အသို့နည်း။ ကမ္ဘာတစ်ဝန်း တည်မြဲသောငြိမ်းချမ်းရေး မျှော်လင့်ချက်အစစ်အမှန် ပေးနိုင်ခဲ့ပြီလော။ ဝေးလေစွ။ ယင်းကို တည်ထောင်သည့် ၁၉၄၅ ခုနှစ်မှစ၍ စစ်ပွဲ နှင့် လက်နက်ကိုင်ပဋိပက္ခပေါင်း ၁၅၀ မကဖြစ်ပွားခဲ့ပေပြီ။ စစ်နှင့် စစ်၏ဇာစ်မြစ်များဆိုင်ရာပါရဂူ ကနေဒီယန်နိုင်ငံသား၊ ဂွင်းဒိုင်ယာက ယူအဲန်အဖွဲ့သည် “သူတော်စင်များအဖွဲ့မဟုတ်၊ ဘေးမဲ့တောထိန်းများတစ်ဖြစ်လဲ သားငါးခိုးဖမ်းသူများအဖွဲ့၊” “အာဏာမရှိ အပြောများ၍ အလုပ်မဖြစ်သောအဖွဲ့” မျှသာဖြစ်သည်ဟုဆိုခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။—ယေရမိ ၆:၁၄; ၈:၁၅ နှိုင်းယှဉ်။

၈။ တိုင်းနိုင်ငံများသည် ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြသော်လည်း ဘာလုပ်နေကြသနည်း။ (ဟေရှာယ ၅၉:၈)

၈ လောဘနှင့် အဂတိလိုက်စားမှုတို့သည် လှုံ့ဆော်မှုစွမ်းအားများဖြစ်ပေသည်။ နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေးတွင် လာဘ်ပေးလာဘ်ယူမှုသည် အခရာဖြစ်သည်။ အချို့နိုင်ငံရေးသမားများသည် ဤနည်းဖြင့် သူဌေးသူကြွယ်များ ဖြစ်နေကြပါသည်။

၉၊ ၁၀။ စစ်မှုနှင့် လူ့ကြိုးပမ်းမှုများအကြောင်းနှင့်စပ်လျဉ်း၍ လောကီရေးရာကျွမ်းကျင်သူများက မည်သို့ထုတ်ဖော်ပြောကြားသနည်း။

၉ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပိုလန်နိုင်ငံသား ရူပဗေဒပညာရှင်နှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဂျိုးဇက်ဖ်ရိုးတ်ဘလာ့တ်က လက်နက်ပြိုင်ဆိုင်ခြင်းကို ရပ်တန့်ကြရန် တိုင်းနိုင်ငံများအား မေတ္တာရပ်ခံခဲ့သည်။ သူက “[လက်နက်ပြိုင်ဆိုင်ခြင်းအသစ်တစ်ခု] မပေါ်လာစေရန် တားနိုင်သည့်နည်းတစ်နည်းတည်းမှာ စစ်မှန်သမျှကို ချုပ်ငြိမ်းစေခြင်းပင်ဖြစ်သည်” ဟုဆိုသည်။ ထိုသို့ဖြစ်နိုင်မည် ထင်သလော။ ၁၉၂၈ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၆၂ နိုင်ငံတို့က သဘောကွဲလွဲမှုများကို စစ်ရေးဖြင့်ဖြေရှင်းခြင်းကိုစွန့်လွှတ်ရေးဆိုင်ရာ ကဲလော့ဂ်-ဘရိုင်ယန်စာချုပ်ကို အတည်ပြုခဲ့ကြသည်။ ထိုစာချုပ်သည် အချည်းနှီးသက်သက်သာဖြစ်ကြောင်း ဒုတိယကမ္ဘာစစ်က အထင်အရှားဖော်ပြသွားသည်။

၁၀ စစ်သည် လူ့သမိုင်းခရီးလမ်းတစ်လျှောက်တွင် ခလုတ်တံသင်း အစဉ်ဖြစ်ခဲ့လေပြီ။ ဂွင်းဒိုင်ယာ ရေးသားသည့်အတိုင်းပင် “စစ်သည် လူ့ယဉ်ကျေးမှုတွင် အဓိကမဏ္ဍိုင်ဖြစ်ပြီး လူ့ယဉ်ကျေးမှုနှင့်အမျှ ကြာညောင်းသောသမိုင်းကြောင်းရှိသည်။” မှန်ပါ၏၊ လူ့ယဉ်ကျေးမှုနှင့် အင်ပါယာတိုင်းတွင် ကြည်ညိုလေးစားဖွယ် စစ်သူရဲကောင်းများ၊ အမြဲတမ်းစစ်တပ်များ၊ ကျော်ကြားသောစစ်ပွဲများ၊ အထွတ်အမြတ်ထားသည့် စစ်တက္ကသိုလ်များနှင့် လက်နက်သိုလှောင်ရုံများရှိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ရာစုနှစ်တွင် စစ်အများဆုံးဖြစ်ပွားပြီး ပျက်စီးမှုနှင့် သေကျေမှုဘက်တွင် အဆိုးရွားဆုံးဖြစ်သည်။

၁၁။ ကမ္ဘာ့ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက် ရှာပုံတော်ဖွင့်ရာတွင် အဘယ်အခြေခံကျသောအချက်ကို ဥပေက္ခာပြုခဲ့ပြီနည်း။

၁၁ “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏” ဟူသော ယေရမိ ၁၀:၂၃ ပါ အခြေခံပညာရှိစကားကို ကမ္ဘာ့ခေါင်းဆောင်များ ဥပေက္ခာပြုကြောင်း ထင်ရှားပါသည်။ ဘုရားသခင်မပါလျှင် စစ်မှန်သောငြိမ်းချမ်းရေး မရှိနိုင်ပါ။ သို့ဖြစ်လျှင် စစ်မှုသည် ယဉ်ကျေးသော လူ့ဘောင်တွင် ရှောင်လွှဲ၍မရနိုင်သောအရာဖြစ်သည်ဟု ဆိုလိုနေခြင်းလော။ ငြိမ်းချမ်းရေး—စစ်မှန်သောငြိမ်းချမ်းရေး—သည်အကောင်အထည်မပေါ်နိုင်သော အိပ်မက်ဖြစ်၏ဟုဆိုလိုသလော။

အကြောင်းရင်းကို သိရှိလာခြင်း

၁၂၊ ၁၃။ (က) စစ်ဖြစ်ရခြင်း၏ မမြင်နိုင်သည့်အခြေခံအကြောင်းတရားကား အဘယ်အရာဖြစ်သည်ဟု ကျမ်းစာက ဖော်ပြသနည်း။ (ခ) စာတန်သည် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် အကြောင်းမှန်အပေါ် လူသားအပေါင်း သတိမပြုမိစေရန် မည်သို့ပြုခဲ့ပြီနည်း။

၁၂ ထိုမေးခွန်းများကိုဖြေဆိုနိုင်ရန် စစ်ဖြစ်ရသည့်အကြောင်းတရားများကိုသိနားလည်ဖို့လိုသည်။ ပုန်ကန်သောကောင်းကင်တမန် စာတန်သည် ရှေးဦးစွာမှစ၍ “လူအသက်ကိုသတ်သောသူ” နှင့် ‘မုသားသုံးသူ’ ဖြစ်ကြောင်း၊ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ (ယောဟန် ၈:၄၄; ၁ ယောဟန် ၅:၁၉) သူ၏အကြံအစည်များ အထမြောက်စေရန် သူမည်သို့ပြုခဲ့ပြီနည်း။ ၂ ကောရိန္သု ၄:၃၊ ၄ တွင် ဤသို့ဖတ်ရသည်– “ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင် ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။ ထိုသို့မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကို အစိုးရသောဘုရား [စာတန်] သည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။” စာတန်သည် ကမ္ဘာ့ပြဿနာများကို ဘုရားသခင့်နိုင်ငံတော်သာ ဖြေရှင်းပေးနိုင်ကြောင်း လူသားတို့ သတိမပြုမိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ လူတို့ကို လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးပြဿနာများဖြင့် စိတ်ဝမ်းကွဲစေပြီး ယင်းတို့သည် ဘုရားသခင့်အုပ်ချုပ်ရေးထက် ပိုအရေးကြီးသယောင် အထင်ရှိစေလျက် မျက်စိကွယ်၊ လမ်းလွဲစေသည်။ မကြာမီက ကမ္ဘာအနှံ့အပြားတွင် မျိုးချစ်စိတ်ဓာတ် နိုးကြားထကြွလာခြင်းသည် ထင်ရှားသောသာဓကတစ်ရပ်ဖြစ်သည်။

၁၃ စာတန်မာရ်နတ်သည် လူမျိုးတစ်မျိုး၊ လူမျိုးနွယ်စုတစ်စုက ကျန်အခြားလူမျိုးထက် မြင့်မြတ်သည်ဟူသော ယုံကြည်ချက်ဖြစ်သည့် မျိုးချစ်စိတ်ဓာတ်နှင့် လူမျိုးနွယ်စုချစ်စိတ်ဓာတ်ကို မြေတောင်မြှောက်သည်။ ရာစုနှစ်ပေါင်းများစွာ သိုသိပ်ထားသော အမြစ်စွဲနေသည့်မုန်းတီးမှုများကို ပြန်ဖော်၍ စစ်နှင့် ပဋိပက္ခများ ဖြစ်ပွားအောင်ဆွပေးနေသည့် ယင်းတိမ်းညွတ်မှုအကြောင်း ယူနက်စကိုညွှန်ကြားရေးမှူးချုပ် ဖဲဒရီကို မေးယားက ဤသို့သတိပေးသည်– “သည်းခံခြင်းတရားရှိခဲ့သော နေရာများတွင်ပင် နိုင်ငံခြားသားများကို ကြောက်ရွံ့သည့်စိတ် ပိုမိုထင်ရှားလာပြီး အတိတ်တွင်ကျန်ရစ်ပြီဟုထင်ရသည့် လူမျိုးကြီးဝါဒအကြောင်း၊ သို့မဟုတ် လူမျိုးခွဲခြားခြင်းအကြောင်း ပြောဆိုသံများကို ပိုမိုကြားလာရသည်။” ရလဒ်ကား အဘယ်နည်း။ ကမ္ဘာ့သတင်းဖြစ်လာသည့် ယခင်ယူဂိုစလားဗီးယားနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံမှ လူမျိုးနွယ်စု သွေးချောင်းစီး သတ်ဖြတ်မှုတို့သည် ထိုသို့သောသာဓကနှစ်ခုမျှသာဖြစ်သည်။

၁၄။ ဗျာဒိတ် ၆:၄ ကကျွန်ုပ်တို့ခေတ်၏စစ်မှုနှင့် ၎င်း၏သက်ရောက်မှုကို မည်သို့ဖော်ပြသနည်း။

၁၄ ဤစနစ်၏ ဆုံးခန်းချိန်တွင် စစ်ကိုပုံဆောင်သည့် အနီရောင်မြင်းသည် ကမ္ဘာတစ်ဝန်း ကဆုန်ပေါက်ပြေးလွှားလိမ့်မည်ဟု သမ္မာကျမ်းစာက ကြိုဟောထားသည်။ ဗျာဒိတ် ၆:၄ တွင် ဤသို့ဖတ်ရသည်– “ထိုအခါ မြင်းနီတစ်စီးထွက်၍ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ ဓားကြီးကို ပေးတော်မူ၏။” ၁၉၁၄ ခုနှစ်ကတည်းက ဤပုံဆောင်ရာ မြင်းစီးသူရဲသည် “ငြိမ်သက်ခြင်းကို မြေကြီးမှရုပ်သိမ်း” ခဲ့ပြီး လူမျိုးတို့သည်လည်း မရပ်မနားစစ်ပွဲဆင်နွှဲတိုက်ခိုက် ကြသည်ကိုတွေ့ရသည်။

၁၅၊ ၁၆။ (က) စစ်ပွဲများနှင့် သတ်ဖြတ်မှုများတွင် ဘာသာတရား၏ကဏ္ဍကား အဘယ်နည်း။ (ခ) ယေဟောဝါသည် ဘာသာတရားများ၏လုပ်ဆောင်မှုအပေါ် မည်သို့သဘောထားတော်မူသနည်း။

၁၅ ဤစစ်များနှင့် သတ်ဖြတ်မှုများတွင် ဘာသာတရား၏ကဏ္ဍကို လျစ်လျူရှုထား၍မရပါ။ လူ့သမိုင်း သွေးချောင်းစီးရခြင်း၏ အရင်းခံအကြောင်းမှာ မှောက်မှားသောဘာသာတရား၏ လွဲမှားသောသြဇာကြောင့်ဟု ဆိုနိုင်ပါသည်။ ကက်သလစ်ကျမ်းပညာရှင် ဟန့်စ်ကွန်းက ဤသို့ရေးသားသည်– “[ဘာသာတရားများ] သည် အပြုသဘောမဆောင်၊ အပျက်သဘောဆောင်သည့်သြဇာဖြစ်သည်မှာ ငြင်းခုံစရာအကြောင်းမရှိ။ စင်စစ် ‘ဘာသာရေးစစ်ပွဲများ’ ဖြစ်သည့်များပြားလှသောရုန်းကန်လှုပ်ရှားမှု၊ သွေးချောင်းစီးပဋိပက္ခများအတွက် စာရင်းရှင်းရကြမည်။ . . . ကမ္ဘာစစ်ကြီးနှစ်ခုသည်လည်း ထပ်တူပင်စာရင်းရှင်းရကြမည်။”

၁၆ ယေဟောဝါဘုရားသခင်သည် သတ်ဖြတ်မှုများနှင့် စစ်ပွဲများတွင် ဗာဗုလုန်ဘာသာ ပါဝင်သည့် ကဏ္ဍအပေါ် မည်သို့သဘောထားရှိတော်မူသနည်း။ ဗာဗုလုန်ဘာသာအပေါ် ဘုရားသခင်၏စွဲဆိုချက်ကို ဗျာဒိတ် ၁၈:၅ တွင် ဤသို့မှတ်တမ်းတင်ထားသည်– “သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။” ဗာဗုလုန်ဘာသာနှင့် ကမ္ဘာ့နိုင်ငံရေး အစိုးရမင်းများ၏ ပူးပေါင်းကြံစည်မှုကြောင့် သွေးသွန်းပြစ်များပြားလွန်း၍ အပြစ်များအလွန်စုပုံလာသဖြင့် ၎င်းကိုဘုရားသခင် ဥပေက္ခာမပြုနိုင်တော့ပေ။ ကိုယ်တော်သည် စစ်မှန်သောငြိမ်သက်ခြင်းရရှိရေးအတွက် ဤခလုတ်တံသင်းကို များမကြာမီ လုံးလုံးရှင်းလင်းဖယ်ရှားပစ်တော်မူမည်။—ဗျာဒိတ် ၁၈:၂၁။

ငြိမ်သက်ခြင်းသို့သွားရာလမ်း

၁၇၊ ၁၈။ (က) ထာဝရငြိမ်းချမ်းမည်ဟု ယုံကြည်ခြင်းသည် စိတ်ကူးယဉ်အိပ်မက်မျှသာ အဘယ်ကြောင့်မဟုတ်သနည်း။ (ခ) စစ်မှန်သောငြိမ်သက်ခြင်း ရောက်ရှိရေးအတွက် အဘယ်အမှုကို ယေဟောဝါ လုပ်ဆောင်ထားနှင့်ပြီးတော်မူပြီနည်း။

၁၇ လူသားသည် ယူအဲန်ကဲ့သို့သော အဖွဲ့အစည်းများမှတစ်ဆင့် စစ်မှန်တည်မြဲသောငြိမ်ချမ်းရေးကို မဖန်တီးနိုင်လျှင် စစ်မှန်သောငြိမ်းချမ်းရေးသည် အဘယ်ဇာစ်မြစ်မှ မည်သို့ဖြစ်ပေါ်လာမည်နည်း။ ထာဝရငြိမ်းချမ်းမည်ဟု ယုံကြည်ခြင်းသည် စိတ်ကူးယဉ် အိပ်မက်မျှသာလော။ မဟုတ်ပါ။ ငြိမ်သက်ခြင်း၏ ဇာစ်မြစ်အစစ်အမှန်ထံမျှော်ကိုးလျှင် ဖြစ်နိုင်ပါသည်။ ထိုသူကား မည်သူနည်း။ ဆာလံ ၄၆:၉ က ယေဟောဝါသည် “လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်လျက် ရထားကို မီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ” သည်ဟုဆိုကာ အဖြေပေးပါသည်။ ယေဟောဝါသည် စစ်မှုကိုချုပ်ငြိမ်းစေရေး၊ စစ်မှန်သောငြိမ်သက်ခြင်းထူထောင်ရေးလုပ်ငန်းစဉ်ကို စတင်တော်မူနှင့်ပြီ။ မည်သို့အားဖြင့်နည်း။ ၁၉၁၄ ခုနှစ်တွင်နိုင်ငံတော်ဘုရင် ဖြစ်ထိုက်သူ ခရစ်တော်ယေရှုအား နန်းတင်ပြီး လူ့သမိုင်းတွင် အကြီးမားဆုံးသော ပညာပေးရေးလှုပ်ရှားမှုကို မြှင့်တင်အားပေးခြင်းဖြင့်ဖြစ်သည်။ ဟေရှာယ ၅၄:၁၃ ပါပရောဖက်ပြုစကားက ကျွန်ုပ်တို့ကို ဤသို့အားပေးထားသည်– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။”

၁၈ ဤပရောဖက်ပြုချက်က ကျိုးကြောင်းအခြေခံမူ—ဆိုလိုသည်ကား အကျိုးတရားတိုင်း၌ အကြောင်းတရားရှိသည်—ကိုပုံဖော်ပြသည်။ ဤတွင် ယေဟောဝါ၏သွန်သင်ခြင်း—အကြောင်းတရား—က စစ်ဆင်နွှဲလိုသူများအား ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့သော ငြိမ်သက်ခြင်းမြတ်နိုးသူများအဖြစ်သို့ ပြောင်းလဲစေသည်။ အကျိုးတရားမှာ လူတို့ကိုငြိမ်သက်ခြင်းမြတ်နိုးသူများဖြစ်စေရန် စိတ်နှလုံး ပြောင်းလဲသွားခြင်းဖြစ်သည်။ သန်းပေါင်းများစွာသောသူတို့သည် “ငြိမ်းချမ်းရေးမင်းသား” ယေရှုခရစ်၏ စံနမူနာတော်ကို အတုယူလာကြသောကြောင့် လူ့စိတ်နှလုံး ပြုပြင်ပြောင်းလဲသည့် ဤသွန်သင်ခြင်းသည် ယခုပင် ကမ္ဘာတစ်ဝန်း နှံ့ပြားလျက်နေပြီ။—ဟေရှာယ ၉:၆၊ ကဘ။

၁၉။ စစ်မှန်သောငြိမ်သက်ခြင်းအကြောင်း ယေရှု မည်သို့သွန်သင်တော်မူသနည်း။

၁၉ ယေရှုသည် စစ်မှန်သောငြိမ်သက်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာသွန်သင်ပေးတော်မူသနည်း။ ကိုယ်တော်သည် လူမျိုးအချင်းချင်းစပ်ကြားတည်ရှိသည့် ငြိမ်သက်ခြင်းအကြောင်းကိုသာမက လူလူချင်း ဆက်ဆံရေးတွင်ရှိသည့် ငြိမ်သက်ခြင်းအကြောင်းနှင့် ကောင်းသောသြတ္တပ္ပစိတ်ရှိခြင်းမှ ထွက်ပေါ်လာသော စိတ်၏ငြိမ်သက်ခြင်းအကြောင်းကိုပါ မိန့်မြွက်တော်မူသည်။ ယောဟန် ၁၄:၂၇ တွင်တပည့်တော်များအား ယေရှုမိန့်တော်မူသော ဤစကားများကို ဖတ်ရ၏– “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။” ယေရှု၏ငြိမ်သက်ခြင်းသည် လောကီသားတို့၏ငြိမ်သက်ခြင်းနှင့် မည်သို့ကွာခြားသနည်း။

၂၀။ ယေရှုသည် စစ်မှန်သောငြိမ်သက်ခြင်းကို အဘယ်နည်းဖြင့်ဆောင်ကြဉ်းပေးမည်နည်း။

၂၀ ဦးဆုံး၊ ယေရှု၏ငြိမ်သက်ခြင်းသည် ကိုယ်တော်၏နိုင်ငံတော်သတင်းနှင့် ကျစ်လျစ်စွာဆက်နွှယ်နေသည်။ ယေရှုနှင့် တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ပါဝင်သော ဖြောင့်မတ်သည့် ကောင်းကင်အစိုးရသည် စစ်နှင့် စစ်ကိုလှုံ့ဆော်မီးထိုးသူများကို အဆုံးစီရင်မည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူ၏။ (ဗျာဒိတ် ၁၄:၁၊ ၃) ကိုယ်တော့်အပါးတော်တွင် သေဆုံးခဲ့သောလူဆိုးကို ကိုယ်တော်ကမ်းလှမ်းတော်မူခဲ့သည့် အေးချမ်းငြိမ်သက်သော ပရဒိသုအခြေအနေမျိုးကို နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်အကြောင်း ကိုယ်တော်သိတော်မူသည်။ ယေရှုသည် သူ့အား ကောင်းကင်နိုင်ငံတော်၌ နေရာတစ်နေရာကို ကမ်းလှမ်းခြင်းမရှိဘဲ “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်” ဟူ၍သာမိန့်ကြားတော်မူခဲ့သည်။—လုကာ ၂၃:၄၃၊ ကဘ။

၂၁၊ ၂၂။ (က) စစ်မှန်သောငြိမ်သက်ခြင်းတွင် အဘယ်အံ့ဖွယ်နည်းဖြင့် ခွန်အားရှိစေသော မျှော်လင့်ချက် ပါဝင်သနည်း။ (ခ) ထိုကောင်းချီးကို တွေ့မြင်ရရန် ကျွန်ုပ်တို့မည်သို့ပြုလုပ်ရမည်နည်း။

၂၁ ထို့ပြင် မိမိ၏နိုင်ငံတော်သည် မိမိကိုယုံကြည်သူ၊ ငိုကြွေးမြည်တမ်းသူများအား စိတ်သက်သာမှုပေးမည်အကြောင်းကိုလည်း ယေရှုသိတော်မူသည်။ ကိုယ်တော်၏ငြိမ်သက်ခြင်းတွင် အံ့ဖွယ်နည်းဖြင့် ခွန်အားရှိစေသော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ပါဝင်ပါသည်။ ယောဟန် ၅:၂၈၊ ၂၉ ပါ ကိုယ်တော်၏အားရှိစေသောစကားများကို သတိရပါ– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။”

၂၂ ထိုအချိန်အခါကို သင်စောင့်မျှော်နေပါသလော။ သေခြင်းတရားကြောင့် ချစ်မြတ်နိုးရသူများကို သင်ဆုံးရှုံးဖူးသလော။ သူတို့ကိုပြန်တွေ့ရန် သင်တမ်းတပါသလော။ သို့ဖြစ်လျှင် ယေရှုကမ်းလှမ်းသော ငြိမ်သက်ခြင်းကို လက်ခံပါ။ လာဇရု၏အစ်မ မာသ၏ယုံကြည်ခြင်းမျိုးရှိပါ။ သူမက “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟုယေရှုအားလျှောက်ခဲ့၏။ သို့သော် မာသအား ယေရှုပေးတော်မူခဲ့သော စိတ်လန်းဆန်းဖွယ်အဖြေကို သတိပြုပါ– “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကို ယုံသလော။”—ယောဟန် ၁၁:၂၄-၂၆။

၂၃။ စစ်မှန်သောငြိမ်သက်ခြင်းရရှိရန် ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ တိကျမှန်ကန်သော အသိပညာဆည်းပူးဖို့ အဘယ်ကြောင့်မရှိမဖြစ်လိုအပ်သနည်း။

၂၃ သင်လည်း ထိုကတိတော်ကို ယုံကြည်ပြီး အကျိုးခံစားနိုင်ပါသည်။ မည်သို့နည်း။ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ တိကျမှန်ကန်သော အသိပညာကို ဆည်းပူးခြင်းအားဖြင့်ဖြစ်သည်။ တိကျမှန်ကန်သောအသိပညာ၏ အရေးကြီးမှုကို ပေါလုမည်သို့အလေးအနက်ဖော်ပြသည်ကို သတိပြုပါ– “ငါတို့သည် . . . သင်တို့အဖို့အလို့ငှာ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုလျက်နေကြ၏။ ဆုတောင်းသောအချက်ဟူမူကား သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ် [“ဘုရားသခင်နှင့်စပ်လျဉ်းသည့် တိကျမှန်ကန်သောအသိပညာ၊” ကဘ] တိုးပွားခြင်းရှိသဖြင့် . . . ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှာ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။” (ကောလောသဲ ၁:၉၊ ၁၀) ယေဟောဝါဘုရားသခင်သည် စစ်မှန်သော ငြိမ်သက်ခြင်း၏ဇာစ်မြစ်ဖြစ်တော်မူကြောင်း ဤတိကျမှန်ကန်သော အသိပညာက သင့်အား စိတ်ချယုံကြည်စေပါမည်။ “ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင်ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏” ဟူ၍ဆာလံဆရာနှင့်အတူ ပြောဆိုနိုင်ရန် ယခုပင် သင်မည်သို့ပြုလုပ်ရမည့်အကြောင်းကိုလည်း ဖော်ပြပါလိမ့်မည်။—ဆာလံ ၄:၈။

သင်ရှင်းပြနိုင်သလော

◻ ငြိမ်သက်ခြင်းအတွက် လူ့ကြိုးပမ်းမှုများသည် အဘယ်ကြောင့် အစဉ်မအောင်မမြင်ဖြစ်ရသနည်း။

◻ စစ်ဖြစ်ရသည့် အရင်းခံအကြောင်းတရားကား အဘယ်နည်း။

◻ ထာဝရငြိမ်းချမ်းမှုသည် အဘယ်ကြောင့်စိတ်ကူးယဉ် အိပ်မက်မျှသာမဟုတ်သနည်း။

◻ စစ်မှန်သော ငြိမ်သက်ခြင်း၏ဇာစ်မြစ်ကား အဘယ်နည်း။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

စစ်မှန်သောငြိမ်သက်ခြင်းသည်အိပ်မက်မျှသာမဟုတ်။ဘုရားသခင်၏ကတိတော်ဖြစ်၏

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၉၁၄ ခုနှစ်မှစ၍ ပုံဆောင်ရာ မြင်းနီစီးသူသည် ငြိမ်သက်ခြင်းကို မြေကြီးမှရုပ်သိမ်းခဲ့ပြီ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဘာသာတရားနှင့် ယူအဲန်သည် ငြိမ်သက်ခြင်းကိုပေးနိုင်မည်လော

[Credit Line]

UN photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ